မရှိမဖြစ် အပေါ်ယံ

အပေါ်ယံအကြည့်....
အပေါ်ယံ အပြုံး..
အပေါ်ယံ ဘဝ..
အပေါ်ယံ စကား..
အပေါ်ယံ နုတ်ခွန်းဆက်စကား..
အပေါ်ယံ ချီးကျူးစကား...
အပေါ်ယံ စိတ်ဝင်စား..
အပေါ်ယံ မေးခွန်းများ..
အပေါ်ယံ အဖြေများ..
အပေါ်ယံ ထောက်ခံခြင်း...
အပေါ်ယံ စေတနာတွေ..
အပေါ်ယံ စာနာနားလည်ခြင်းတွေ..
အပေါ်ယံ ဝမ်းနည်းခြင်း..
အပေါ်ယံ စိတ်မကောင်းခြင်း..

...................
..........................

မရှိမဖြစ် အပေါ်ယံ..
လူတောတိုးတဲ့ အပေါ်ယံ...
ပွဲလည်တင့်တဲ့ အပေါ်ယံ...
ပကာသန အပေါ်ယံ..
အဆိပ်ငွေကြေးလို..အပေါ်ယံ..
ချိုမြတဲ့ အပေါ်ယံ..
အဆီတဝင်းဝင်း အပေါ်ယံ..
မာန မရှိတဲ့ အပေါ်ယံ (မာနရှိနေရင် ဘယ်မှာ အပေါ်ယံလုပ်နိုင်တော့မလဲ)

အပေါ်ယံတွေကြားထဲ အပေါ်ယံဆန်ကြည့်နိုင်ဖို့...
ကြိုးစားနေဆဲ....


နောက်ဆက်တွဲ ။။ ။။
စိတ်ထဲရှိတာ ရေးမိတာပါ..။ တခြားရည်ရွယ်ချက်မရှိပါ..။
နေ့စဉ်ကြုံဆုံရတာတွေကို ထိုင်တွေးရင်းပေါ့..။။




မှတ်ချက် ။။ ။။
အပေါ်ယံ အချစ်တွေ..
အပေါ်ယံမေတ္တာတွေ..
အပေါ်ယံ သစ္စာတွေ..
အပေါ်ယံတွေ ...
အပေါ်ယံတွေ..





Dog days are over




MV ဗားရှင်းအသစ်လေး..


အဟောင်းကတော့...ဒီမှာ

ဆိုဖာ


နောက်မှီထိုင်ခုံ .. ဆိုဖာထိုင်ခုံ...တွေကို ဘယ်အချိန်ကတည်းက ကြိုက်နှစ်သက်တယ်ဆိုတာ
မမှတ်မိပါ...။ သေချာတာတစ်ခုက စားသောက်ဆိုင်မှာ နေရာရွေးရင် နောက်မှီပါတဲ့..
ထိုင်ခုံ (သို့) ဆိုဖာ ကိုရွေးမိတာပါပဲ..။။
ကျနော်ဟာ အပြောင်းအလဲတွေကြားထဲမှာ ဆိုဖာတစ်စုံကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်..
နှစ်အတော်ကြာ ကိုယ်ပိုင်ဆိုဖာနဲ့ ကင်းဝေးခဲ့ရတယ်...။။
အခုတော့ ကိုယ်နှစ်သက်နိုင်မယ့် ဆိုဖာပုံစံကို စိတ်ထဲ မြင်ယောင်ကြည့်နေ..
အွန်လိုင်းမှာ လိုက်ရှာကြည့်နေမိတယ်..။။
ဟိတ်ဟန်ထည်ဝါတဲ့ ဆိုဖာကို သဘောမကျပါဘူး..။
သစ်သားနဲ့ပြုလုပ်တဲ့ ဆက်တီတောင် ကနုတ်ပန်းတွေပါရင် မကြိုက်တာပါ။။
(မြန်မာကအိမ်က သစ်သားဆက်တီကတော့ ခပ်ကြဲကြဲ ကနုတ်ပန်းနဲ့..)
သိပ်နုရွသူ မဟုတ်တော့ အဖြူဆန်ဆန် အရောင်နုနုလွင်လွင်တွေကိုလည်း
ကြောက်ပါတယ်...။
သားရေဆိုဖာကျပြန်တော့ နွေပေါက်ရင် ပူပါတယ်...။
ဆိုတော့....

အရောင်ခပ်မှိုင်းမှိုင်းနဲ့..
ဟိတ်ဟန်မကြီးတဲ့...
အနားကွတ်တွေ မသားနားတဲ့..
တန်ဖိုးမကြီးတဲ့...
ထိုင်ခုံခြေတွေ မြဲမြံတဲ့...

ဆိုဖာ ရေ......


ငါ့ကို...စောင့်နေပါ...။

အေးဆေးတဲ့ ဆိုဖာ



ပုံတွေကို ဒီက http://www.flickr.com/photos/25352601@N06/2387942408/ ယူပါတယ်

အပေးအယူ

မြန်မာစာ = ၉၀ နှင့်အထက်= (၉၇မှတ် ဇွန်၂၄)
အင်္ဂလိပ်စာ =၉၀ နှင့်အထက် = (၉၁မှတ် ဇွန် ၂၂)
လူမှုရေး =၉၀ နှင့်အထက် = ( ၉၆မှတ် ဇွန် ၂၅ )
သိပ္ပံ =၉၀ နှင့်အထက် = ( ၈၅မှတ် ဇွန်၂၈.)
သင်္ချာ =၉၀ နှင့်အထက်= (၈၃မှတ် ဇွန်၂၅)



အောင်မှတ် = ၆၀


ခ ခ ဘာသာစုံ ၉၀နှင့်အထက်ရရှိခဲ့ရင်

၁။ spaghetti (ပင်လယ်စာ ဖြင့်)

၂ ။ ကြက်ကြော်

၃။ ရေခဲမှုန့် (ချော့ကလက်အရသာ)

၎။ ဒူးရင်းသီး

၅။ coke ( အုပ်ထိန်းသူ သိပ်ဆိုးမှန်းသိသာစေတဲ့ တောင်းဆိုမှု)


လာပါစေ..
ဒီ စနေ...
တွေ့ကြသေးတာပေါ့..
ဒီအစာတွေပဲ ကျွေးရမလား..
ကြိမ်စာပဲပေးရမှာလားး
ဟဲဟဲ...


ပုံ...
အုပ်ထိန်းသူ
မေတ္တာရှင်လေး....

ခဏတာ

ခဏတာ





ခဏတာ

(ဂျီလတ်)


ဘဝဟာ ခဏပါ ငါသိတယ် အချစ်ရယ်..
မင်းအတွက် ပေးမယ်..ဒါ....မိုင်ကုန်ပဲ..
ဒါကို မင်း နားမလည်...

ဂုဏ်သိက္ခာ နတ္တိစည်းစိမ်မဲ့တယ်..
ပေးနိုင်သမျှ ဒါကို နင် မရောင့်ရဲ..
မင်း မှားတယ်..

နင်ဥာဏ်ကောင်းလွန်းခဲ့တယ်..
ငါ ဥာဏ်နည်း သွားသလားကွယ်..
လက်ခုပ်သံကျယ်ကာမှ..
ငါ့ရဲ့ အပြစ်လားကွယ်..


နှစ်ယောက်စလုံးမှားခဲ့တယ်..
အချိန်လွန်မှ ပြန်လှည့်ဖို့ခက်..
နင့်ဘဝကိုတည်ဆောက်ပြီး
ငါ့ဘဝ ပျက်ရတယ်..
နင်..
ဥာဏ်ကောင်းလွန်းခဲ့တယ်..



သံယောဇဉ်တစ်ခုကို ခဏတာ ဆေးခြယ်..
ဘေးဖယ်ထားပါ ငါဆိုတာ အရံပဲ..
ဒါကိုမင်းနားလည်..
ဂုဏ်သိက္ခာ နတ္တိစည်းစိမ်မဲ့တယ်..
ချစ်တာတစ်ခုပါ ဒါကိုနင်မရောင့်ရဲ..
မိန်းကလေး မင်းမှားတယ်..


နောက်ဆုံး လမ်းခွဲပဲ..
နင် ထားခဲ့ရတယ်..
ကတိတစ်ခုကို နယ်ကျွံမှ..
စွပ်စွဲချက် ပြင်းလှတယ်..

နှစ်ယောက်စလုံးမှားခဲ့တယ်..
အချိန်လွန်မှ ပြောင်းလဲ ဖို့ခက်..
မင်းဘဝကိုတည်ဆောက်ပြီး..
ငါ့ဘဝ ပျက်ရတယ်..
နင် ဥာဏ်ကောင်းလွန်းခဲ့တယ်..




ဘဝတစ်ခုကိုတည်ဆောက်ရင်းး..
ငါ့ဘဝ ပျက်ရတယ်...


မှတ်ချက် ။။ ။။
စီဘောက်မှာ ပြောဆိုနေရင်း သီချင်းစာသားလိုက်ရေးမယ်ဆိုပြီး..
တင်ဖြစ်သွားပါတယ်..။


ဈေးသည်

အလုပ်မရှိတဲ့အခါ ...ဦးနှောက်အားအားယားယားဖြစ်နေတဲ့အခါ...
တိုက်ခိုက်မှုတွေမရှိတဲ့အခါ...တုန့်ပြန်မှုတွေမလိုအပ်တဲ့အခါ..စိုးရိမ်ပူပန်စရာတွေ
နည်းပါးတဲ့အခါ (အလုပ်အတွက်)...ကိုယ့်အကြောင်းကို ကိုယ်ပြန်စဉ်းစား
တွေးတောနေတတ်ပါတယ်..။။ သူငယ်ချင်းနဲ့လည်း စားမြုံ့ပြန်ဖြစ်ပါတယ်။။
ပြောပြောပြီး ရယ် ...ပြောပြောပြီး လွမ်း......ပြောပြောပြီး တမ်းတပေါ့...။။
(တမ်းတတတ်သည် ဆိုတဲ့ ဝတ္ထုနာမည်တောင် ခေါင်းထဲရောက်လာသေး)

အမေတို့က ဈေးကြီးထဲမှာ ဆိုင်ထွက်ပါတယ် ။။အိမ်မှာတိုဟူးကြော်လည်း
ကြော်ပြီး ဖောက်သည်ပေးပါတယ်...။(အခုတော့ အဲဒီလုပ်ငန်း မလုပ်တော့ပါ)
ငယ်ငယ်က ဈေးပိတ်ရက်ဆို (လပြည့် လကွယ် ဥပုသ်ရက်) အကြော်မကုန်သေးရင်
အဖွားတို့ အမေတို့က ကျနော်ကို စပါတယ်..။။လမ်းထိပ်မှာ ထွက်ရောင်းရဲလားဆိုပြီး။။
ကျနော့်အဖိုးရက်တဲ့ ဘဲဥပုံဝါးခြင်းလေးထဲ တိုဟူးကြော်တွေထည့်ပြီး
လမ်းထိပ်ထွက်ရောင်းခဲ့ပါတယ်။။ အမေတို့ကတော့ တပြုံးပြုံးနဲ့ ။ရောင်းရတာ
မရောင်းရတာ အပထား ။ကျနော်လုပ်ခွင့်ရတဲ့အတွက် ပျော်ပါတယ်..။
အဲဒီတုန်းက ၆နှစ် ရနှစ်သားလောက်ရှိမှာပေါ့...။။


ကျနော်အားကျပြီး လုပ်ချင်တာ တစ်ခုရှိပါသေးတယ်..။။
နွေပေါက်ရင် ဈေးထဲက သစ်သီးဆိုင်တွေမှာ ဖရဲသီးစိတ် ယူရောင်းတဲ့ အလုပ်ပေါ့..။
ကြွေရည်သုတ်ဗန်းလေးထဲမှာ ဖရဲသီးစိတ်တွေ ညီညီညာလေး စီပြီး တမြို့လုံးလှည့်လည်ရောင်း
တဲ့ ဈေးသည်လေးတွေကို မြင်ရင် ကိုယ်ပါ ရောင်းချင်စိတ်ပေါက်လာပါတယ်..။။
ဖောက်သည်ပေးတဲ့ဆိုင်ကလဲ အမေနဲ့ ရင်းနှီးနေတဲ့ သစ်သီးဆိုင်တွေ..။။
ဈေးကြီးအဟောင်းရဲ့ စားသောက်တန်းနဲ့ နောက်ကျောချင်းကပ်လျက်က သစ်သီးဆိုင်တွေပေါ့..။။
သူတို့က နှစ်ဆိုင်ရှိပါတယ်..။တစ်ဆိုင်က ဒေါ်ကြင်ဥ ရဲ့ဆိုင်ပါ..။။(အမေ့အခေါ်ကတော့ မကြင်ဥတဲ့)
သူ့ဆိုင်ရဲ့ မျက်နှာချင်းဆိုင် ဆိုင်ကတော့ အဒေါ်ကြီးဆိုင် (ခ.ဒ.ပ.ခ တို့အမေဆိုင်ပေါ့) ။။
အမေက ကျနော့်ကိုတကယ်ရောင်းချင်ရင် မကြင်ဥတို့ ဒေါ်ကြီးတို့ကိုပြောပေးမယ်ဆိုပြီး
ရယ်ကျဲကျဲ စနေကြပါ ။။ ဒါမယ့် မရောင်းဖြစ်ပါဘူး...။ဘာဖြစ်လို့လဲ ဆိုတော့ ဖရဲသီးစိတ်သည်
ကောင်မလေးတွေရဲ့ ဖရဲသီးစိတ် ဆိုတဲ့ အသံနောက်မှာ ဘယ်....ဦးး...ပြုပ် (ဘဲဥပြုပ်)
ဆိုပြီး ဝိုင်းစတာ မခံနိုင်ပါဘူး..။။


နောက်ပိုင်း ၇တန်း ၈တန်းလောက်မှာ ဆိုင်ကိုဝိုင်းကူလုပ်နေရပြီဆိုတော့ ဆိုင်သိမ်းပြီးမှ
လာစားနေကျ ရပ်ဝေးက ဧည့်သည်ကားတွေ ဆိုက်လာရင် ဈေးမရောင်းလိုက်ရတာတွေ
သိပ်နှမျောပါတယ်..။။ (ဈေးသည် ပီသလာတဲ့သဘောပေါ့နော်..ဟီးဟီ)
တနှစ်မှာ ကျောင်းတက်ဖို့ရာစောင့်နေတုန်း ပိတ်ထားတာ ၁၀နှစ်လောက်ကြာပြီဖြစ်တဲ့
ဈေးကဆိုင်မှာ ဈေးရောင်းဖို့ရာ အကြောင်းဖန်လာပါတယ်...။။အမေအိမ်စောင့်စရာ
အကြောင်းကလဲရှိနေတော့...ကျနော် ဈေးသည်ပီပီသသဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့။။
၁နှစ်ပါပဲ .....ပြီးတော့လည်း အိမ်ဆောက်ပြီးတော့ အိမ်ဆိုင်မှာပဲ ဆက်လက်ဆိုင်ဖွင့်ဖြစ်ပါတယ်..။။




အမေ့လက်သုံးစကားတစ်ခု ရှိပါတယ်..။။ "ဈေးရောင်းတာ ရှက်စရာ မဟုတ်ဘူး ...
သမ္မာအာဇီဝနဲ့ လုပ်စားတတ်ဖို့ပဲလိုတယ်" ဆိုတဲ့ စကားလေး..။။
ဈေးထဲမှာ ရောင်းသူ ဝယ်သူတိုက်ရိုက်ထိတွေ့တာ အရောင်းအဝယ် ဈေးသည်ပေါ့..။။
အရောင်းစာရေးတွေ ခန့်ပြီး ဆူပါမားကပ်ကြီး ဖွင့်စားတာလဲ...အဆင့်မြင့်ဈေးသည်။
မှန်ပြူတင်းတွေထဲ လှလှပပချိတ်ဆ
ွဲပြီး ရောင်းတာကလဲ အဆင့်အတန်းရှိဈေးသည်..။။
ရုံးခန်းထဲကနေ ဖုန်းတစ်လုံးနဲ့ ကိုယ့် ကုန်ပစ္စည်းကိုရောင်းနေတာလည်း လေအေးစက်တပ်ဈေးသည်။
ebay ..amazon..မှာရောင်းရင်လည်း အွန်လိုင်းဈေးသည် ။


ကျနော်ဟာ.....
အခု၁၀စုနှစ်မှာလည်း ဈေးသည်နဲ့ ပတ်သက်တဲ့ အရောင်းနဲ့ပဲ ဖြတ်သန်းနေရဆဲ...။။
ထပ်ပြီးရွေးချယ်ခွင့်ရှိခဲ့ရင်လည်း ဈေးသည်ဘဝပဲဖြစ်မယ်ထင်ပါရဲ့...။။
သြော်......
ကျနော် ဈေးသည်..။။




နောက်ဆက်တွဲ...
ဈေးသည်တွေအကြောင်း ထပ်ရေးချင်ပါသေးတယ်..
စိတ်ပါခဲ့ရင်ပေါ့..။။

The End ( song)








Pearl Jam
The End

What were all those dreams we shared
Those many years ago?
What were all those plans we made now
Left beside the road?
Behind us in the road

More than friends, I always pledged
Cause friends they come and go
People change, as does everything
I wanted to grow old
I just want to grow old

Slide up next to me
I'm just a human being
I will take the blame
But just the same
This is not me

You see?
Believe...

I'm better than this
Don't leave me so cold
I'm buried beneath the stones
I just want to hold on
I know I'm worth your love

Enough...
I don't think
There's such a thing

It's my fault now
Having caught a sickness in my bones
How it pains to leave you here
With the kids on your own
Just don't let me go

Help me see myself
Cause I can no longer tell
Looking out from the inside
Of the bottom of a well

It's hell...
I yell...

But no one hears before I disappear
Whisper in my ear
Give me something to echo
In my unknown future's ear

My dear...
The end
Comes near...
I'm here...
But not much longer.

ရက်စက်လိုက်တာ







ရက်စက်လိုက်တာ
ထူးအိမ်သင်



(ရယ်နေလား)
စွဲလမ်းတမ်းတတဲ့စိတ်နဲ့
မင်းကိုအိမ်မက်မက်ခဲ့တယ် အချစ်ကလေးရယ်..
(ရယ်နေလား)
နှလုံးသားထဲက သိပ်ချစ်မိတာ
ကိုယ်ပဲအမှား..
အိပ်မရတဲ့ အတွေးနဲ့
နိုးတစ်ဝက်အိပ်မက်လေးတွေ..
မင်းအရှေ့ရောက်ရင်
ရယ်စရာ ဖြစ်ဖြစ်သွားတော့..
ကိုယ်လေဝမ်းနည်းခဲ့ ဘယ်လိုသဘောမျိုးနဲ့..
နင်လေ ရက်စက်လိုက်တာ
ကိုယ်နားမလည်


(ပျော်နေလား)
အသည်းခွဲကစားတတ်တဲ့ မင်းအတွက်
အပျင်းပြေရင် ပြီးရောပေါ့နော်
အချစ်ကလေးရယ်..
(ပျော်နေလား)
မင်းရဲ့ အနားက သစ်ရွက်ကလေးလို
လေလွှင့်သွား..

အေးစက်တဲ့ အကြည့်နဲ့
အပြုံးတစ်ဝက် လှောင်ရယ်တတ်တဲ့
မင်းနှလုံးသားတွေ
အကြင်နာ ခေါင်းပါးလွန်းလို့..
ကိုယ်အံ့သြမိခဲ့..
ဘယ်လိုသဘောမျိုးနဲ့..
နင်လေ ရက်စက်လိုက်တာ
တို့တော့ နားမလည်...

ရက်ရက်စက်စက် လုပ်ရက်နိုင်တယ်..
ရက်ရက်စက်စက် ပြုံးနိုင်သူရယ်..
ရက်ရက်စက်စက် လုပ်ရက်နိုင်လွန်းတယ်..

(ရယ်နေလား)
အားး...ရက်စက်လိုက်တာ..


ထူးအိမ်သင်ရဲ့ ဒုတိယအခွေ မှော်ဆရာအိပ်မက်အခွေရဲ့ သီချင်းတွေ
ယူကျုမှာ တင်သူမရှိပါဘူး( အချစ်ဆုံးလို့ ကလွှဲလို့)
အခုလို တင်ပေးသူရှိတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်..
နောက်ထပ်..

သင်းကွဲငှက်
ပျော်မယ်ဆို



ပြောဖို့ကျန်ခဲ့တာက..ထူးအိမ်သင်က နာမည်အကြီးဆုံး အမေ့အိမ်သီချင်းက
ဒီအခွေ(မှော်ဆရာ အိပ်မက်) က ပါ..။။