မုန်တိုင်း

မုန်တိုင်း ကြောင့် ဖြစ်ပေါ်လာတဲ့ မိုးရေချိန် တော်တော်မြင့်ပါတယ်..။။
အရှေ့ပိုင်းဒေသမှာ နှစ် ၅၀အတွင်း မိုးရေချိန်အများဆုံးနဲ့ အဆိုးဝါးဆုံးလို့ ဆိုပါတယ်။။
တောင်ပိုင်းဒေသမှာလဲ ရေလွှမ်းမိုးမှုတွေ နေရာနဲ့ အနှံပါဘဲ ။။ တချို့ ကျေးရွာတွေမှာ
အစာရေစာ ပြတ်လပ်ပြီး ကယ်ဆယ်ရေးဝန်ထမ်းနဲ့ စစ်သားတွေရဲ့ ကယ်ဆယ်မှုကို စောင့်စား
နေကြဆဲပါ ။။ အေ၇ှ့ပိုင်းဒေသ(台東 ) မှာရှိတဲ့ ၆ထပ်ရှိအပန်းဖြေ ဟိုတယ်တစ်လုံး ချောင်းရေ
တိုက်စားမှုကြောင့် ပြိုလဲ ခဲ့ရပါတယ်။။ အနီးအနားမှာရှိတဲ့ ဆိုင်ခန်း တွေလဲ ချောင်းရေတိုက်စားခြင်း
ခံရပါတယ်။။

အလယ်ပိုင်းမှာနေတဲ့ ဟင်းရွက်ရောင်းတဲ့ သားအဖနှစ်ယောက်ကတော့ ကားရော လူပါ ချောင်းရေထဲ
မျှောပါသွားပါတယ်။။ အခု ရေးနေတဲ့ အချိန်ထိတော့ အခြေအနေကို မသိရသေးပါဘူး။။



18 comments:

သတင်းကြားရတာစိတ်မကောင်းဘူး....

ဒါနဲ့များ ပေါက်က ချက်ချင်းအိမ်မပြန်ပဲ သူငယ်ချင်းဆိုင် ၀င်လည်နေသေးတယ်နော်..
တို့ဆို ချက်ချင်းအိမ်ပြန်ပြေးမှာ
အဲဒီမှာ မုန်တိုင်းက ခဏခဏ၀င်တယ်နော်

ဟုတ်တယ်..မရို့စ်..
နာဂစ်ကိုသတိရမိတယ်..
မစူးရေ..
ကျနော်နေတာ တိုင်ပေဖက်မှာ
မိုးပဲရွာတာ..လေတောင် သိပ်မပြင်းဘူး
အခုချိန်ထိတော့..
ရ ရက်နေ့က မုန်တိုင်းဝင်တာလေ..
အခုဟာက မုန်တိုင်းနောက်က မိုးတွေကြောင့်..
တခြားနေရာမှ ဖြစ်တာပါ..
ကျေးဇူး

ဟိုတယ်တလုံး ကိုဝင်ကြည့်တာ တရုတ်စာမဖတ်တတ်လို့ ။ အင်တာနက်တွေတော့ ကောင်းနေသေးတယ်နော်။ အပြင်သိပ်မထွက်နဲ့ ပေါက်ရေ။ ဘလော့ရွာပဲထွက်လည်နော်။

တို့များကတော့ နာဂစ်နဲ့တင် အမှတ်တရဖြစ်သွားတယ်။ ဒါတောင် ရန်ကုန်မြို့ပေါ်မှာပဲ ရှိသေးတယ်။ အဝေးကနေ ဂျက်လေယာဉ်လို အော်ပြီး တဖြည်းဖြည်းနီးလာတယ်။ တအိမ်လုံးကို သိမ့်သိမ့်တုန်သွားတာပဲ။ နောက် (၂)မိနစ်လောက်ကြာတော့ အဲဒီအတိုင်းပဲ ထပ်လာတယ်။ ည (၁၂)နာရီကနေ မနက် (၁၀)နာရီအထိ ဆက်တိုက်ပဲ။ စဉ်းစားသာ ကြည့်ပေတော့။

ပေါက်တို့နဲ့နီးလား..
တိုင်ကြီးကြီးတစ်လုံးကို ရှာဖက်ထားနော်။
mm

စိတ်မကောင်းပါဘူး..
သတိနဲ့ပြင်ဆင်နေပါနော်..
အဆင်ပြေပါစေ

ကံကောင်းမှာပါ။

မပေါက်တို့က တိုင်ဖွန်း မုန်တိုင်း လောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ ဟုတ်တယ် မဟုတ်လား။ :P

သနားပါတယ် လူတွေ
;(

ပေါက်ရေ.. သတင်းထဲမှာ ကြည့်ရတယ်.. ဒီမှာလည်း မိုးဆက်နေတယ်.. ၂ ရက်ရှိပြီ.. သတိတော့ ထားပေါက်ရေ.. အတင့်မရဲနဲ့..

အစစအရာရာ ဂရုစိုက်ပါလို့ပဲ ပြောချင်ပါတယ်ဗျာ။

yu ya

ပေါက်ရေ...အပြင်သိပ်မထွက်ဘဲ အမြဲသတိလေးနဲ့ နေပါနော်...
ဒီမနက် ရန်ကုန်သတင်းကြားပြီတော့လဲ စိတ်ပူနေရပြန်ပြီ...

အေးချမ်းကြပါစေလို့ဘဲ ဆုတောင်းနေမိတော့တယ်...

LYSS:

မုန်တိုင်းသတင်းကြားလိုက်တုန်းက ပေါက်ကိုတောင် လှမ်းသတိရမိလိုက်သေးတယ်။

ပေါက်.. ပေါက်.. သတိနဲ့နေပါ။ အဟမ်း

ထိုင်ပေမှာတော့အေးဆေး
(သတင်းတွေထိုင်ကြည့်ပြီး စိတ်မကောင်းဖြစ်နေရတာ)

ပေါက်ရေ… ချန်းပြန်ရောက်ပြီလား…အားလုံးအိုကေတယ်မိုလား…စိတ်ပူနေတာ…

ပေါက် စီဘောက်ဘယ်ရောက်သွားပြီလဲဟေ..
ဘာတွေဖြစ်လို့လဲ.. အိပ်သွားပြီလား
လာခဲ့ပါဦး..