ငါ....သတိရပါတယ်..


စာမျက်နှာတစ်ဆယ့်ငါး........(ဆို - လေးဖြူ )

အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက
အကောင်းအတိုင်း ရှိနေဆဲပါဘဲ...
ဟိုတကွက် ဒီတကွက် ပိတ်သားထက်..
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်...


အဓိပ္ပါယ်မရှိတာ သိပေမယ့်
တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်....
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့..
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်...
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်...
နှစ်တွေ လတွေက အတော်ကြာပြီပဲ....



ဘယ်ဆီကို မင်းရောက်နေမလဲ.....
ဘာတွေကို မင်း လုပ်နေမလဲ...
ဘယ်သူနဲ့ မင်း ရှိနေမယ်...
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့....
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်..

ဘယ်ဆီကို မင်းရောက်နေမလဲ....
ဘာတွေကို မင်း လုပ်နေမလဲ....
ဘယ်သူနဲ့ မင်း ရှိနေမယ်...
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့...
ပြန်စဉ်းစားရင်းနဲ့ တခါတလေ ငါ သတိရပါတယ်...





နေ့တိုင်း...အချိန်ရတိုင်း..ဘင်္ဂလားပင်လယ်အော်ထဲမှာပဲ
မျှောနေမိတယ်....






3 comments:

ဟိ.. မကြီးပေါက်စ် အဲ့ဒါဘယ်နေရာလေးလဲ.. မှုန်တိမှုန်မွှားနဲ့ လွမ်းစရာလေး။

သီချင်းခံစားဖတ်သွားသည်။

ပေါက်ပေါက်အ်းဘလော့လေးမှာ သီချင်းစာသားလေးတွေလာခံစားတဲ့ မောင်နှများအတွက်.. သီချင်းလေးပါ နားထောင်ပြီးခံစားလို့ရအောင်...

ကိုလေး - စာမျက်နှာ (၁၅)

Enjoy

~~~ ဘယ်ဆီကို မင်းရောက်နေမလဲ.....
ဘာတွေကို မင်း လုပ်နေမလဲ...
ဘယ်သူနဲ့ မင်း ရှိနေမယ်...
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့....
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်..~~~