ချောင်းဆိုး..ရင်ကြပ်


ဆောင်းရောက်ရင် ကျနော် ချောင်းဆိုးတတ်ပါတယ်။။
တခါတရံလည်း ရင်ကြပ်လိုက်ပါသေးတယ်။။ စကားပြောနေရင်း
ချောင်း ခဏ ခဏ ဟန့်နေရတာ စိတ်တိုပါတယ်။။ ကိုယ်လုပ်တဲ့အလုပ်ကလည်း
အစဉ်မပြတ်စကားပြောနေရတဲ့ အလုပ်ဆိုတော့ .........။။

သူဌေးမက ဆေးလိပ်သောက်ပါတယ်။ လာနေကျ ကက်စတန်မာတချို့လည်း
ဆေးလိပ်ချိုး ။ သူများဆိုင်တွေ ကက်စတန်မာကို ဆိုင်ထဲမှာ ဆေးလိပ်သောက်ခွင့်မပြုပါဘူး။။
ကျွန်တော့် သူဌေးမ ကလွှဲလို့ပေါ့။။
ပေါင်းနေကြ သူငယ်ချင်းတချို့လည်း ဆေးလိပ်မပါ မပြီးတဲ့သူတွေ။။
စားသောက်ဆိုင်ဆို ဆေးလိပ်ခန်းပါတဲ့ စားသောက်ဆိုင်မှ ။အလွန်ဆုံး ကော်ဖီ
ဆိုင်တောင် ဆေးလိပ်မီးမွှန်နေတဲ့ ဆိုင်မျိုးပဲရွေးချယ်ကြပ်ါတယ် ။


တစ်ရက်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ညီမလေးထက်နဲ့ တွေ့ပြီး အာလူးများကြ
ပါတယ်။။ စကားပြောနေရင်း ချောင်း ခဏ ခဏ ဟန့်နေရပါတယ် ။ဆိုတော့..
ထက်က “ ပေါက်.. honey ရှိလား” လို့ မေးလာပါတယ်။။
ကျွန်တော်က “ ရှိပါတယ်..” လို့ပြန်ဖြေပါတယ် ။
ထက် က“ သံပုရာသီးရော ရှိလား ” တဲ့
ကျွန်တော်က “ ရှိပါတယ်...ဘာဖြစ်လို့လဲ“ လို့ပြန်မေးပါတယ်။
သူက ““honeyကို teaspoon တစ်ဇွန်း နဲ့သံပုရာသီးတစ်ခြမ်းနဲ့
ရေနွေးနဲ့ မတ်ခွက်ထဲဖျော်ပြီး သောက်ကြည့်ပါ““ ဆိုပြီးပြောလာပါတယ်။
ကိုယ်ကလည်း“ အင်းးးး....“ ဆိုပြီး အင်းလိုက်လိုက်ပါတယ်။

ချောင်းက ဆက်တိုက်ဆိုသလို ဆိုးလာပါတယ်။ ကိုယ်က “ထက်ရေ..
ခဏ ချောင်းဆိုးပျောက်ဆေး သောက်လိုက်ပါဦးမယ်“ လို့ပြောလိုက်တယ်။
သူက““ ဟင်...ခုန သမီးပြောတဲ့ အတိုင်းတော့ မသောက်ဖူးလား“တဲ့
ကိုယ်က“ သောက်မယ်လေ..နောက်ရက်မှ“
သူက“ အခုသောက်ပါ..ပေါက်..“
ကျွန်တော်က “အခုမှ သံပုရာသီးတို့ honey တို့မှ မရှိတာ“
သူက “ စောတုန်းကပြောတော့ရှိတယ်ဆို..“တဲ့
ကျွန်တော်က “ထက်ကလဲ...ဒီမြို့မှာရှိတယ်ပြောတာပါ....အိမ်မှာမရှိဘူး..““
ဆိုတော့..နှစ်ယောက်သား ၀ါးလုံးကွဲအောင် ရယ်ကြပါလေရော..။။

မှတ်ချက်။။ ။။ ဘိုလိုညှပ်ပြောချင်တာမဟုတ်ရပါဘူး။။
ထက် ပြောတဲ့အတိုင်း မှတ်မိသလောက် ပြန်ရေးချနေတာပါ။။
အမှန်တကယ် ဆိုလိုချင်တာကတော့.....
honey နဲ့ သံပုရာနဲ့ ရေနွေးနဲ့ သောက်ရင်..ချောင်းဆိုးပျောက်တယ်လို့
ပြောချင်တာပါ...ဟီးဟီ








15 comments:

kom: ပေါက်ပေါက်အ်း..“ဆိုတာ e ကဘာတုံး။

ရေနွေးသောက်ပါ။ ရေအေးမသောက်နဲ့။

ကျနော်ငယ်ငယ် က ၀မ်းခွဲညီမလေးတယောက် ချောင်း
ဆိုးပါတော့တယ်။ သူ့ အမေ ကျနော့် အန်တီက အပြာဝတ် နပ်စ် ကြီးပါ .. အင်္ဂလိပ်နည်းမြန်မာနည်း ဆေးနည်းပေါင်းများစွာ နဲ့ ကုပါသော်လဲ ဘယ်လိုမှ ကု မရပါ ချောင်း က အလွန့် အလွန်မှ ဆိုးလာပါတော့ သည်။ ဒါကြောင့်မို့ လူကြီးတွေစိတ်ပူလာပါတော့တယ်..
ဒီချိန်မှာပဲ အန်တီဟာ နင်လား ဟဲ့ချောင်းဆိုပြီး.. ငှက်ပျောသီးပေါင်း ဇီးထုပ် ဒူးရင်းသီး ရေခဲချောင်းစတဲ့ ချောင်းဆိုးစာများကို တညနေလုံးကျွေးလိုက်ပြီး သကာလထိုချောင်းသည် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပါလေတော့သည်။ ပေါက်ကြီး နည်းကောင်းလေးနော်မှတ်ထား..

ကိုမပေါက်...အဲ..
မပေါက်..
ချောင်းဆိုးနေတယ်ဆို...
ကျနော်သိတဲ့နည်းလေးပြောပြမယ်..
ရဲယိုရွက် ရနိုင်ရင်တော့ ကောင်းတာပေါ့..
ရှာရခက်ရင်တော့ ကျနော်လဲ မသိတော့ဘူး...
ဒီလိုဗျ....ကျနော်သိတဲ့ မိတ်ဆွေရဲ့ အဖေက အမြဲ
ချောင်းဆိုးတယ်..နောက်သွေးပါ...ပါလာတာ
အဲဒါ ရဲယိုရွက်ကို ထောင်း အရည်ကို လ္ဘက်ရည်အကြမ်းသောက် ပုဂံလေးတစ်လုံးစာရရင်
ဆားအနည်းငယ်ခတ်ပြီး တနေ့ ကို ၂ကြိမ်...သို့ မဟုတ် ၃ကြိမ်သောက်ခိုင်းလိုက်တာ လုံးဝပျောက်သွားတယ်..
ရဲယိုပင်နဲ့ ရဲယိုရွက် ရပါစေဘဲ ဆုတောင်းပေးပါတယ်..။
အသံဝင်ရင်တော့ အမဲခြောက်ဖုတ်ကို ထောင်းထုပြီး ပျားရည်နဲ့ စားရတယ်ဗျ...။

တို့ကတော့ ကလေးတွေ ချောင်းဆိုးရင် ပရုပ်ဆီလေး လူးပေးပြီး ရေနွေးကြမ်းတိုက်ပါတယ်။ တခါတလေလည်း လျှက်ဆားနဲ့ သံပရာရည် ညှစ်ပြီးတိုက်.။ သားကြီးက ရင်ကြပ်တတ်တော့ ရေနွေးကြမ်းက တကယ်ကောင်းတာ..။

သူများတွေ ပေးတဲ့ ဆေးနည်းတွေပါ ဖတ်မှတ်သွားပါတယ်.. ပေါက်..မြန်မြန် ချောင်းဆိုးပျောက်ပါစေ..။

ပေါက်ရေ ခုရော သက်သာလား။ အအေးမိတာများလား။ နိနိတော့ အေးလို့ခေါင်းကိုက်နေတာ ခံရခက်လိုက်တာ။ အအေးမမိစေနဲ့နော်။ ဆေးလိပ်နံ့တွေကလည်း ဆိုးတယ်။

မမရေ..
ဒီနေ့ ရေနွေးချည်းဖိသောက်တာ..
သက်တော့သက်သာတယ်...
ကဖြိုး..ငါတို့မြို့ကလူတွေကတော့..
မလိုင်မုန့် အ၀စားပလိုက်ကြတယ်..
ပျောက်တယ်လို့တော့ ပြောကြတာပဲ..
ငါတော့..မစမ်းရဲပါဘူး
ကိုသစ်နက်ဆူး..ရဲယိုရွက်ကို မြန်မာမှာတောင်
ကျနော် မမြင်ဖူးဘူး..ကြားဖူးပါတယ်
နောက်ကြုံမှ မြန်မာတန်းဖက်မှာ သွားမေးကြည့်ရမယ်..
ကျေးဇူးပါနော့..
အမဲခြောက်တော့ရှိတယ်..မဖုတ်တတ်လို့..
မသိဂီ င်္ လျက်ဆားနဲ့ သံပုရာသီးတော့ကြားဖူးတယ်..
လျက်ဆား သူငယ်ချင်းဆီက သွားတောင်းလာမယ်..
နိနိရေ...ရာသီပြောင်းတော့ အအေးမိတာဖြစ်မယ်
နိနိလည်းသတိထားနော်..
အားလုံးကျေးဇူးပါနော်..
ကျနော်ကတော့ ဆောင်းရဲ့ချောင်းကို..
ကျွမ်းဝင်နေပါပြီ..ဆိုးရင်တော့ ခံရခက်တယ်..

နေမြန်မြန်ကောင်းပါစေ...

ပျားရည်နဲ့ သံပုရာက ချောင်းဆိုးပြီး လည်ချောင်းကွဲ အသံဝင်တာအတွက် တကယ် ကောင်းပါတယ်။ သီချင်းလေး ဘာလေး ဆိုရတာပေါ့း) ချောင်းခြောက်ဆိုရင်တော့ Covonia ဆိုတဲ့ ချောင်းဆိုးပျောက်ဆေး ရှိရင် သောက်ကြည့်ပါ။ Glycerol အဓိက ပါတာပဲ။ သလိပ်ထွက်တဲ့ချောင်းဆိုရင်တော့ ဆရာဝန် ပြရင် ကောင်းမယ် ထင်ပါတယ်။ မြန်မြန် နေကောင်းပါစေ။

ပေါက်ရေ.. အဟွတ်.. အဟွတ်.. သက်သာသွားပြီလား.. အခုရော ဘယ်လိုနေသေးလဲ.. ချောင်းဆိုးရင် လူလည်းပင်ပန်းတယ် ဗိုက်ကျောတွေလည်း နာပြီး အောင့်တယ်.. မကောင်းဘူး.. ချောင်းဆိုတာ ဂရုစိုက်နော်.. :) အပေါ်က ဆေးနည်းလေးတွေလည်း မှတ်သွားတယ်..

ပေါက်ပေါက်အးးးလေး...

ဘာတွေ ဘာတွေရေးတွားတာလဲဟင်... :-P ;-)
ပုံလေးမြင်တော့ ပေါက်ပေါက်အ်းဘာရေးနေတယ်ဆိုတာ တိတော့တိတလိုပဲ :D... ဒါမဲ့ ရေးထားတာဖတ်ပြီး ရယ်လိုက်ရတာ... ;))
အပေါ်က နိဒါန်းကလည်း အိုကေတယ်တိရားး... အလယ်က ထက်နဲ့ပြောတာလည်းဆိုးပါဝူးးး ချက်လော့ခ်ကို မြန်မာ-မြန်မာတိုက်ရိုက်ပြန်ထားတဲ့အတိုင်းပဲ :-P.
ဟီးးး မှတ်ချက်ကလည်း ပါတေးတယ်.. ဒါမဲ့.... ဒါမဲ့ပေါ့လေ... ခွိခွိ... တစ်ခုခုကျန်နေသလိုပဲနော်... :-D

ပေါက်ပေါက်လေးပြောချင်တာလေးက... အဲ့ သံပုရာသီးတစ်ခြမ်း + ပျားရည်လ္ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရေနွေးလေးကို မဂ်ခွက်ထဲထည့်သောက်ရင်... ချောင်းဆိုးပျောက်သက်သာတယ်လို့ ပြောချင်တာလားးးး ဟင်... :-P :-*


Serene

ပေါက်ပေါက်အ်းးလေး မြန်မြန်သက်သာပါစေ...
ဂါဂယ်လ်လေးလည်း ပုံမှန်လုပ်ပေးနော်... ပျားရည် နဲ့ သံပုရာသီးလေးလည်းသောက်နော်...
ညအိပ်ခါနီး Vicksပုရုပ်ဆီလေးလည်း ရင်ပါတ်လေးမှာလိမ်းအိပ်နော်... နော်... နော်...

wish u feel better soon :*. <3 u.

Serene

ပို့စ်ရေးတာတော့ ဟုတ်ပါပြီ။ အဲဒီလိုရော ကိုယ်တိုင် လုပ်သောက်ပြီးပလား။
မမနုသွဲ့တို့ ပြောသလိုရော ဆေးသောက်ပြီးပလား။
နွေးနွေးထွေးထွေးရော နေရဲ့လား။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ပေါက်ရေ..အဟွတ်၊ အဟွတ်..။ :)

စန်ဒါလင်းရေ..ကောင်းပြီ..
မနုသွဲ့..ကျေးဇူး..
အခုကောင်းသွားလို့..လေးဖြူသီချင်း
ဟစ်နေတယ်နော်..
နုရေ...အဟွတ်..အဟွတ်ကောင်းသွားပြီအေ..
ကျေးဇူး
ထက်လေးရေ...ဟီးဟီ..
ဒီနေ့ ဂါဂယ်လ်လုပ်ဖြစ်တယ်..သိလား
အခြေအနေကောင်းလာတယ်...
(ပျားရည်နဲ့ သံပုရာ နည်းလည်းဒီထက်လေး
ပဲပြောပြတာပါ..)
မချိုသင်းရေ...
တစ်နေ့ ၂ခွက် ၃ခွက်လောက်လုပ်သောက်ဖြစ်ပါတယ်...
ကျေးဇူးပါ..

မားပေါက် ပျောက်တွားပြီလား ချောင်းဆိုး
ထွက်လာပြီလား အသံ :D
ဘားမှမဟုတ်ဘူး ပုတ်စိတ်လုပ်ပြီးမပျောက်သေးရင် အပြေးအလွှား ခေါ်ပြီးချောင်းဆိုးသံလေး နားထောင်မရို့ :D
ဥုံဖွ ပျောက်စေ

အကိုတို့ အမတို့ ညီမချောဂ်းဆိုးနေတာ၂လကျော်ကြာသွားပီဆရာဝန်ပေးတဲ့ဆေးနဲ့ သောက်လို့ လုံးဝကိုမပျောက်ဘူးဘယ်လိုလုပ်ရမလဲစိတ်ညစ်နေတာ