ဂျုံမှုန့်








 ဒီနေ့ ဝတ်ပြုကျောင်းသွားဖြစ်တယ်.။
မုန့်တမျိုးလုပ်တာနဲ့ကြုံလို့ ဝင်ကူလုပ်ပေးဖြစ်တယ်..။
အပြန်..
ဂျုံမှုန့်ဝယ်လာတယ်...။
ဟွားကြောင်းရှိတယ်...။
ကြက်သွန်မြိတ်နဲ့ထောပတ်အသင့်ပဲ...။
ကဲ...........
ဘာလိုသေးလဲ...။

မတ်ခ်ျလ နေ့တစ်နေ့

ဒီိလိုနဲ့ ဆံပင်ညှပ်သင့်အချိန်ရောက်လာပြန်တယ်..။
ထုံးစံအတိုင်း ဘွတ်ကင်လုပ်ထားတဲ့အချိန်ထက် နာရီဝက်နောက်ကျပြီးမှ
အိမ်က ထွက်ဖြစ်တယ်..။
ထုံးစံအတိုင်း taxiစီးဖြစ်တယ်..။
ကားထဲကနေ ဆံပင်ညှပ်ဆိုင်ဆီ နောက်ကျကြောင်းဖုန်းဆက်အသိပေးတော့
ကားသမားကြားသွားပြီး ကားအမြန်မောင်းပေးပါတယ်။
အမြန်ကားပေါ် မစီးရဲပါဘူး.။
ကားသမားကို အမြန်မမောင်းဖို့ တောင်းပန်ရသေးတယ်..။
(သများက အသည်းငယ်တယ်..အမြန်ကြီးမောင်းတဲ့ကားကို မစီးရဲဘူး)
ဆံပင်အရှည်ထားချင်ကြောင်း ပြောပေမဲ့ ညှပ်ပေးလိုက်တာ
တဖက်က မတရားတိုနေတယ်..။
ဆိုင်က ပြန်ထွက်လာတော့ ၁၁ရှိနေပြီ..။
 အသွားကတည်းက ဝင်ကြည့်ချင်တဲ့ သားရေလက်ပတ်ဆိုင်ကို
ဝင်ဖြစ်တယ်..။
သိပ်တိတ်ဆိတ်တဲ့ ကိုယ့်ရဲ့ အထိမ်းအမှတ်နေ့အတွက် လက်ပတ်၂စုံ
ဝယ်ဖြစ်တယ်..။
(ကိုယ့်နဲ့သိပ်မရင်းနှီးတဲ့
သူငယ်ချင်းတယောက်ကတော့ ပန်းစည်းနဲ့ ကဒ်လာပေးတယ်)
ကိုယ့်အမျိုးသာ ကြားရင်တော့ ဘာပြောမလဲ မသိ။
ပြီးခဲ့တဲ့လကမှ သူတို့ဆီက Aldo လက်ပတ်၂စုံဝယ်ခဲ့တယ်.။

ခခကတော့ surprise ဆိုပြီး  ရယ်စရာကောင်းတဲ့ဟန်းဖုန်းချိတ်သေးသေးလေး
 ၂စုံ နဲ့ ကဒ်ကို ည၉နာရီကျော်တော့ လာပေးတယ်..။

အမှန်က ဒီလိုပို့စ်တွေ မရေးချင်ဘူး။
ကွန်ပြူတာနဲ့ စကားပြောချင်တော့ ဒီလိုနည်းနဲ့ပဲ ပြောလို့အဆင်ပြေလို့သာ။
အခုတလော စိတ်အခြေအနေ သိပ်မကောင်းချင်။
အလကားနေရင်း ဝမ်းနည်းနေတတ်တဲ့ရောဂါ ရနေတယ်..။

၂၁.၃.၂၀၁၂



မနေ့ညက စောအိပ်ဖြစ်တယ်..။
ဒီနေ့ ဦးနှောက်ကြည်လင်တယ်..။
မနက်ဖန်မှာ ဝမ်းနည်းခြင်းတွေပြည့်နှက်နေလိမ့်မယ်..။

အမှတ်တရအကြိုနေ့အဖြစ် ရရှိတဲ့ လက်ဆောင်က သိပ်ကြီးမားလွန်းတယ်။
ကိုယ့်စိတ်တွေ ချုံးချုံးကျအောင် လုပ်ဆောင်နိုင်တဲ့ စကားလုံးတွေ..။
စကားလုံးလက်ဆောင်တွေ...။
စကားလုံးကျည်ဆန်တွေ...။
စကားလုံးရေပူဖေါင်းတွေ..။
စကားလုံး သံချွန်တွေ...။
စကားလုံး မာယာတွေ...။

၉နှစ်ဆိုတာ သိပ်မကြာတဲ့ အချိန်ကာလတစ်ခုပေါ့..။
ဒီလိုပဲ ၉နှစ်ဆိုတာ သိပ်ကြာညောင်းတဲ့ အချိန်ကာလတစ်ခု..။
၉နှစ်ပဲဖြစ်ဖြစ်....
၉ရက်ပဲဖြစ်ဖြစ်....
ကိုယ်မလိုလားတဲ့ လက်ဆောင်တွေ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခြင်း
ခံရတဲ့အခါ .........
....................
.................
............
....................
............။

လမ်း

ဆက် 

လျှောက်


မယ်..။



ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ကူးယူပါသည်။

စွေစောင်းများ...

 ဘူတာမှာပဲရှိသေးတယ်..။
 အပြင်ဖက် တိုက်တန်းများ.....။

 ခပ်စောင်းစောင်း...။
 နေပူနေတာ သတိထားကြည့်ပါလေ....။
 ဟော...သူ လာတော့မယ်...။
 နှစ်ရောင်စပ် မိုးသား..။
(နေရောင်ပျောက်ပေါ့)။
ဒီနေရာလေးမှာ ကားထပ်စီးရအုန်းမယ်လေ....။
ဆက်ရန်....
မျှော့.....
..............
.....
..

I'm a mess

 I don't know who I am
Am I even human?
Every night I sell my soul

I forgot your birthday
And I'm dressed in rags
I shouldn't drink, I'll lose control
And I know...

I'm a mess
But at least I know how
I can make you laugh like no one else
Such a mess




The Rasmusရဲ့ သီချင်းအသစ်ပါ..။
I'm a mess



မှတ်ချက် ။ ။ ........