ဂဏန်း

 တညက ချက်စားဖြစ်တာပါ..။


 အသိတယောက်က ငါးဖမ်းဆိပ်ကမ်းတနေရာသွားလည်ရင်းနဲ့..
ဝယ်လာလက်ဆောင်ပေးတဲ့ ဂဏန်းတွေပါ..။
သူငယ်ချင်းတွေကို အသိပေးဖို့ မေ့သွားတယ်..။
ကိုယ်တယောက်တည်း စားလိုက်ရတယ်..။
ကိုယ်တယောက်တည်း...မစားလိုပါ...မစားလိုပါ....။
ဂဏန်းတွေ မလတ်ဆတ်မှာစိုးလို့သာ
စားလိုက်ရတာပါ..။

 ဂျင်းရယ်..ကြက်သွန်မြိတ်ရယ်..ကြက်သွန်နီရယ်..ငရုတ်သီးရယ်..။
အဆင်ပြေရင် ဂျူးဖူးထည့်ကြော် ပိုကောင်းပါတယ်..။




နောက်ဆုံး.မီးပိတ်ခါးနီး.ကြက်ဥတလုံးလောက်ကို ဖောက် ခလောက်ပြီး ထည့်ကြော်ပါ..။
စားကောင်းပါ လိမ့်မယ်..။
အရသာအနေနဲ့..ကြာညို့အငန် (ပဲငန်ပြာရည်အကြည်)ကို နဲနဲပဲထည့်ပါတယ်.။
ဆန်အရက် (ဟင်းချက်ရင်ထည့်တဲ့အရက်) နဲနဲထည့်ချက်နိုင်ပါတယ်။
(ကျနော်ကတော့ အရက်ထည့်ချက်လေ့ မရှိတာကြောင့် မထည့်ပါ)။

ယနေ့ နားဆင်ဖွယ်ရာ...

ထိုင်နေရင်းး..
ရေဒီယိုနားထောင်နေရင်း...
ဒီနေ့ ထူးဆန်းတယ်..။
ရေဒီယိုက..သီချင်းဟောင်းတွေ ဒလစပ်...(တရစပ်) လွှင့်နေတယ်..။
ပထမဆုံး..  ဒီသီချင်း အချစ်သီချင်းအေးအေး..

I just called to say i hate u


ဆက်တိုက်ဆိုသလို ..

(you're ) so far away ( from me)





You're so far away from me
You're so far I just can't see
You're so far away from me
You're so far away from me, alright...


ဒီသီချင်းကို နားထောင်မိတော့  မြို့မှာ တီးဝိုင်းတခုက ပွဲတိုင်းလိုလို
ဒီသီချင်းဆိုတာ အမှတ်ယမိတယ်.။
နောက်ထပ် တွဲမှတ်မိတာ money for nothing



နောက်တော့ the wall



ဒီသီချင်းကို  မန်းလေးကရှဲလ်တီးဝိုင်း( ဂျေမောင်မောင်တို့တီးဝိုင်း) မြို့ကလွတ်လပ်ရေးကွင်းမှာလာတီးတုန်းက..
မှတ်မှတ်ယယ...။

နောက်တပုဒ်ကတော့ ..

more than words





နောက်တိုးအနေနဲ့...
အခုလောလောဆယ် ထပ်လာနေတဲ့ သီချင်းကတော့..
i b there for u..



ဒါလေးကတော့ ကိုယ့်အသဲစွဲလေး ဖြစ်ခဲ့ဖူးပါတယ်..။
နယူးဂျာစီ အယ်ဘန်က ထင်ပါတယ်..( အမှတ်မမှားဘူးဆိုရင်ပေါ့..)

 


ကော်ဖီ...နဲ့..တောင်..

ဒီနေ့ အပြင်သွားဖြစ်ပါတယ်..။
ကော်ဖီ အအေးဆိုင် တဆိုင်ဆီကိုပေါ့..။
ဒီဆိုင်က ဧည့်များတော့ ကြာသပတေးနေ့ကတည်းကနေရာ ကြိုမှာထားရပါတယ်
သွားတဲ့ လူအရေအတွက်များတော့ ကြပ်ကြပ်သပ်သပ်နဲ့ပဲ ထိုင်လိုက်ရပါတယ်..။
 



လာချပေးတဲ့ ရေခွက်ပါ..။ 
ဘာရယ်မဟုတ်..။
 
menuကိုယ်စီနဲ့ ဘာစားကြမလဲ ရွေးချယ်နေကြတာပါ..။

ဒါက သူငယ်ချင်းမှာတဲ့ သီးစုံwaffle


အမဲသားဆင်းဒဝှစ်ခ်ျ + ပဲနီနွားနို့အိုက်စ်ကရင်မ်
ဒါ ကိုယ့်ရဲ့ ကော်ဖီ..။
 
ကိုယ်မှာတဲ့ စတော်ဘယ်ရီ အရသာ waffle

mrt အဝင်ဝရဲ့ အမိုးကို ဘာရယ်မဟုတ် ရိုက်မိတာ။
စားသောက်ပြီး အိမ်တန်းမပြန်လိုတဲ့ သူငယ်ချင်းက..
အနီးနားကတာင်ပေါ်လည်မလား ဆွယ်တော့..
မငြင်းရက်ပါဘူး.။
အင်းလေ...သွားတာပေါ့လို့ လက်ခံလိုက်တယ်..ဟိ။
ဘတ်စ်ကားမစောင့်ချင်တဲ့ ငပျင်းတွေ taxi ကြပ်ကြပ်သိပ်သိပ်
စီးကြပြန်တယ်..။
တောင်ပေါ်ထိလိုက်မပို့ပဲ အစပ်မှာ ချပေးပါတယ်.။

တောင်တက်ကြလေပြီ..။
သူငယ်ချင်းတယောက်ကတော့ ဒေါက်မြင့်နဲ့ ခြေထောက်အနာခံပြီး 
လိုက်ရှာတယ်..။
ကိုယ်လား..။
ဖိနပ်ညစ်ညစ်စုတ်စုတ် အဖြူရောင်ပြယ်နေတာနဲ့ပေါ့။
 
တောင်အောက် ဆင်းတော့ မှောင်နေပြီ..။

လှိုင်းများ..

 နောက်တနေရာကို ဆက်ပါတယ်..။
ရေကစားလို့ရတဲ့..ကမ်းခြေတစ်ခု..။
လူ သိပ်မများဘူး။
ဘေးနားက တောင်ပေါ်ကနေ လေထီးနဲ့ ခုန်ချတဲ့ ကစားနည်းရှိတယ်.။
ခခ သိပ်ကစားချင်ပေမဲ့..စာရင်းကြိုပေးရတာတဲ့..။
ဆန်းဒေးလိုပိတ်ရက် လူသိပ်များတော့ အကြာကြီးစောင့်ရမယ်..။
ဈေးကလည်း မသေးဘူး။
တခါစီး ၉၀၀ အန်တီ တဲ့.။ဒီနေ့ငွေဈေး ၂၈.၈၉ နဲ့စားကြည့်ပါ.။
နောက်တခါမှ လေထီးခုန်တာကစားပါလို့ ချော့ပြောထားရတယ်.။
(ကိုယ်တော့ ကြောက်တယ်..။အမြင့်ကြောက်ရောဂါရှိတယ်ထင်တယ်)






 လှိုင်းတဖွေးဖွေးနဲ့..။
ကျောပိုးအိတ်ပစ်ချပြီး လှိုင်းလုံးတွေဆီ ပြေးတော့တာပဲ...။


 ရေလှိုင်းလျောစီးသူတွေ..။
စီးချင်တယ်..။ မတတ်ဘူး။ စီးရတဲ့ ဘုတ်လည်းမရှိ..။ ကြောက်လည်းကြောက်။
ခခက ပိုစီးချင်တယ်...။ အဲ့လူတွေနား တဝဲလည်လည်လုပ်နေတယ်.။
ငှားလို့ ရလို ရငြားပေါ့..။

ပြန်တော့မယ်..။
မှာထားတဲ့ကော်ဖီစောင့်ရင်း...ပင်လယ်ကို နုတ်ဆက်နေတာ..။
တကယ်တော့ မပြန်သေးပါဘူး။
နောက်တနေရာ ထပ်သွားလည်ဦးမှာပါ..။

လည်လည် ၂

 လှိုင်းရဲ့ ရိုက်ပုတ်တဲ့ဒဏ် ခံနေရတဲ့ ကျောက်တုံးတွေပါ..။

 ကောင်းကင်ပြာပြာကို ဖျက်ဆီးနေကြတဲ့ တိမ်တွေ..။
(အခုလောလောဆယ်တော့ တိမ်တွေကို ကြည့်မရဖြစ်နေ..)




 ဟိုရိုက်ဒီရိုက် အရေမရ အဖတ်မရတွေ ရိုက်ပြီးတော့..နောက်တနေရာ သွားဖို့
ဆုံးဖြတ်ကြပါတယ်..။

 ဆိပ်ကမ်းရှိတဲ့နေရာလေး..။
ငါးဖမ်းသဘောင်္လေးတွေရှိ..။
ပင်လယ်ထဲအပျော်လိုက်ပို့တဲ့ သင်္ဘောေးတွေလည်းရှိ.။
ဝေလငါးတွေ လိုက်ပြတဲ့ အစီအစဉ်လည်းပါ..။


 သွားလည်ဖို့ရာ ..ကြိတ်ကြိတ်တိုးနေလိုက်ကြတာ.။

 ကိုယ်တို့လား.။ မသွားပါဘူး။
အဖွဲ့ထဲမှာ ၂ဖွဲ့ကွဲနေတာ..။
သွားချင်သူနဲ့ မသွားချင်သူ.။
၂နာရီခွဲကြာမယ် ဆိုတာနဲ့.. မသွားဖြစ်တော့..။
လှိုင်းမူးတတ်တော့.. မစီးဖြစ်တော့.။

 ဆိပ်ကမ်းဘေးမှာ ငါးမျှားနေတဲ့ သားအဖ..။

 လမ်းဘေးက ပန်း။
သစ်ခွ ထင်တယ်..။
မအပြုံးပန်းတို့ကို မေးမှ သိတော့မှာ..။
ပန်းဘုရင်မများ..။

 ဒါက ရေခဲမုန့်ကို မြေပဲယိုကိုခြစ်ပြီး အပြားပေါ်တင်ထားတာနဲ့ စားရတာ..။
လမ်းဘေး အစာတမျိုး..။

 မြေပဲယိုကို ခြစ်နေပုံ.


 ဟီဟိ..။
ဟုတ်ပါတယ်..။
နောက်ဆုံး နံနံပင်ဖြူးပေးပါတယ်..။
စဉ်းစားရခက်သွားသလား.။
တခါတလေ ဒီကလူတွေ  စားတဲ့အစာကို လိုက်မမှီနိုင်ဘူး။
ပြီးတော့ ဒီလို အလိပ်ကလေးတွေ လိပ်ပေးတယ်..။
ဒီညတော့ သည်မျှသာ..။
ဆက်ပါဦးမည်.။
မျှော့..။


မှတ်ချက် ။ ။ ကမ်းစပ်ပုံတွေ..လှိုင်းနဲ့ ကောင်းကင်ပုံတွေ လှတာ၇ှိပါတယ်..။
ဗျူးက ဘယ်လောက်လှလှ .....
မလှတဲ့ လူဝဝကြီးတွေက ကဖျက်ကယက်လုပ်နေတော့ မတင်ပဲ ထားလိုက်ရပါတယ်။

လည်လည်


 အသိတယောက်ကဆန်းဒေးကျရင် အပြင်ထွက်လည်ဖို့
အဖော်လာစပ်ထားတာ ကြာပြီ.။
နောက်အပတ်..နောက်အပတ်နဲ့... နေ့တွေ ရွေးချယ်နေတာ ကြာပြီ.။
ဒီအပတ်လည်း အမှန်က မုန်တိုင်းဝင်မလိုလိုဖြစ်တော့မသွားဖြစ်တော့ဘူးထင်နေတာ..။
မိုးတွေ ရက်ဆက်ရွာတယ်..။
စနေနေ့နေ့လည်မှာ မသွားဖြစ်တဲ့အကြောင်း လာပြောတော့ လက်မခံဘူး။
ဟီးးဟီ..။ ( အပြင်သွားဖို့ သိပ်တက်ကြွနေတဲ့ စိတ်အခံလေးရှိနေတယ်)။
မိုးရွာလည်း သွားလည်မယ်လို့ ပြန်ဖြေတော့..သူတို့တွေ လက်မခံချင်လည်းပဲ လိုက်လျောလိုက်ရတယ်။
ဒီလိုနဲ့ စနေညကျတော့ ပန်းခြံက မိုးမိပြီးပြန်ရောက်တော့..အိမ်တံခါးဖွင့်မရဘူး။
ဘယ်လိုမှ ဖွင့်မရရင်တော့ သူငယ်ချင်းအိမ်လိုက်အိပ်မယ်လို့ ပြောထားလိုက်တယ်..။
တံခါးကိုတော့ မရမကဖွင့်နေဆဲ..............။
ဘေးတံခါးက သော့တံနဲ့ ဖွင့်လို့ ရပေမဲ့ တံခါးက ဆွဲတင်လို့ မရပြန်ဘူး။
ဒီတံခါးက သုံးလေ့မရှိပြန်တော့ အတွင်းကြားမှာ ပစ္စည်းထုတ်တွေ ခခ-စကိတ်ဘုတ်တွေ..
ထီုး၂ချောင်းရယ် ပြည့်နှက်နေ..ထောက်မိနေပြီး တံခါးလုံးဝဆွဲတင်လို့ မရတဲ့အခြေအနေ..။
ကိုယ်ကတော့ ဇွဲမလျှော့ပဲ တံခါးကိုရသလောက်မတဲ့အခါ ပွင့်လာတဲ့ ၅စင်တင်မီတာအဟ
ကလေးကြားကနေ ပစ္စည်းတွေ စမ်းသပ်ကြည့်နေတယ်..။ ဆွဲထုတ်လို့ ရ မရပေါ့..။
ပစ္စည်းထုတ်ကိုလက်နဲ့ ဖောက်တယ်.။ အတွင်းက ပစ္စည်းလေးတွေ တစချင်းဆွဲထုတ်တယ်။
အဟလေးက သေးတော့ ဖြည်းဖြည်းချင်း ဆွဲထုတ်ရတယ်.။ သူငယ်ချင်းက ကူညီတာတောင်
လက်မခံဘူး။ ထုတ်ရတဲ့ ပစ္စည်းရော..သံတံခါးအနားသားရော စုတ်ပြတ်ကုန်မှာ စိုးရိမ်နေတာမို့။
ပစ္စည်းက အရေးမကြီး..တံခါးသာ တစ်ခုတစ်စုံဆို ညလုံးပေါက် မအိပ်ပဲ ထိုင်စောင့်နေရမစိုးလို့။
လမ်းသွားလမ်းလာတွေက သူတို့ဖာသာ ဖြတ်သွား ဖြတ်လာနဲ့ပဲ..။
ကိုယ်ဝမ်းလျားမှောက်ပြီး ပစ္စည်းတွေထုတ်ခဲ့ရတယ်...။
လက်လဲ အညိုအမဲတွေစွဲပြီး နာနေတာ အခုထက်ထိ..။
ဒီလိုနဲ့...........
..............(လူတယောက်လာကူပေးတာ ဆင်ဆာချန်သည်။)
..................................
နောက်ဆုံး တံခါးဖွင့်လို့ ရသွားပါတယ်..။ တံခါးဖွင့်ရလို့ ပျော်လို့မရသေးဘူး။
အတွင်း ဂလန့်တဖက်က ကျိုးသွားတော့ အတွင်းက လက်နဲ့ ပိတ်ရင်သာရတယ်.။
အပြင်ကနေ သော့ခတ်လို့ မရပြန်ဘူး။
သွားပြီ...............
မနက်ဖန် ထွက်လည်လို့ မဖြစ်ပြန်ဘူး..လို့ စိတ်ထဲတွေးပြီးစိုးရိမ်နေမိတယ်..။
ဒါပေမဲ့လည်း အစီအစဉ်ကို ဖုန်းဆက်ဖျက်သိမ်းဖို့ စိတ်မကူးပါဘူး။ဟားဟား
သော့ကိစ္စ မနက်ကျမှ ဆက်စဉ်းစားတော့မယ် ။
မနက်ကျ စောစောထပြီး လမ်းထိပ်က သော့ဆိုင်သွားတော့ မဖွင့်သေး။
ရပ်ကွက်ထဲ ပတ်ရှာရတော့တာပေါ့.။ တွေ့ပါပြီ..တဆိုင်..။
သူက ဓါတ်ခဲအရင်လဲကြည့်ပါတဲ့..။(ဒါကို စီဘောက်က ဘယ်သူလဲလဲမသိ
ဓါတခဲလဲဖို့အကြံပေးတာ ကျေးဇူးတင်ပါတယ်)။ ဒီလိုနဲ့ တံခါးမကြီးလဲ အဆင်ပြေသွားပါပြီ။
အဆင်ပြေတော့ ဘာဆက်ဖြစ်မလဲ...
ပျော်ပျော်ကြီး အပြင်ထွက်လည်ဖို့ ပြင်ရတော့တာပေါ့.။ဟီးးဟီး




စပါးခင်းတွေ့ရင် ဘာကြောင့်မှန်း မသိပျော်တယ်.။

ကားလမ်းဘေးတနေရာက  ကြက်သွန်မြိတ်စိုက်ခင်းလေး။
 လမ်းမှာတွေ့တဲ့ အပင်လေး
 အရွက်ခြောက်တွေ အရွက်ကြွေတွေ..အကြွေပန်းတွေ..။
အခုတလော ဒီပန်းပွင့်တဲ့ရာသီထင်တယ်...။
နေရာတကာ..။


 သူကျတော့ မြေခလို့ ကြွေကျရရှာတယ်..။

 သူလေးကတော့ ခပ်မော်မော်ပဲ..
ငွားငွားစွင့်စွင့် အလန်းလေး..။

ဒီနေရာပေါ့..။
လှိုင်းထန်.လေပြင်း...ရေကြီး..။
တော်သေးတယ်..တို့က လှေငယ်လေးမဟုတ်လို့..။
(လှေငယ်လေးသာဆို လွန့်လွန့်လူးနေမှာ မြင်ယောင်သေးတယ်။)


မှတ်ချက် ။ ။ အရေမရ အဖတ်မရတွေပါပဲ.။