လည်လည် ၂

 လှိုင်းရဲ့ ရိုက်ပုတ်တဲ့ဒဏ် ခံနေရတဲ့ ကျောက်တုံးတွေပါ..။

 ကောင်းကင်ပြာပြာကို ဖျက်ဆီးနေကြတဲ့ တိမ်တွေ..။
(အခုလောလောဆယ်တော့ တိမ်တွေကို ကြည့်မရဖြစ်နေ..)




 ဟိုရိုက်ဒီရိုက် အရေမရ အဖတ်မရတွေ ရိုက်ပြီးတော့..နောက်တနေရာ သွားဖို့
ဆုံးဖြတ်ကြပါတယ်..။

 ဆိပ်ကမ်းရှိတဲ့နေရာလေး..။
ငါးဖမ်းသဘောင်္လေးတွေရှိ..။
ပင်လယ်ထဲအပျော်လိုက်ပို့တဲ့ သင်္ဘောေးတွေလည်းရှိ.။
ဝေလငါးတွေ လိုက်ပြတဲ့ အစီအစဉ်လည်းပါ..။


 သွားလည်ဖို့ရာ ..ကြိတ်ကြိတ်တိုးနေလိုက်ကြတာ.။

 ကိုယ်တို့လား.။ မသွားပါဘူး။
အဖွဲ့ထဲမှာ ၂ဖွဲ့ကွဲနေတာ..။
သွားချင်သူနဲ့ မသွားချင်သူ.။
၂နာရီခွဲကြာမယ် ဆိုတာနဲ့.. မသွားဖြစ်တော့..။
လှိုင်းမူးတတ်တော့.. မစီးဖြစ်တော့.။

 ဆိပ်ကမ်းဘေးမှာ ငါးမျှားနေတဲ့ သားအဖ..။

 လမ်းဘေးက ပန်း။
သစ်ခွ ထင်တယ်..။
မအပြုံးပန်းတို့ကို မေးမှ သိတော့မှာ..။
ပန်းဘုရင်မများ..။

 ဒါက ရေခဲမုန့်ကို မြေပဲယိုကိုခြစ်ပြီး အပြားပေါ်တင်ထားတာနဲ့ စားရတာ..။
လမ်းဘေး အစာတမျိုး..။

 မြေပဲယိုကို ခြစ်နေပုံ.


 ဟီဟိ..။
ဟုတ်ပါတယ်..။
နောက်ဆုံး နံနံပင်ဖြူးပေးပါတယ်..။
စဉ်းစားရခက်သွားသလား.။
တခါတလေ ဒီကလူတွေ  စားတဲ့အစာကို လိုက်မမှီနိုင်ဘူး။
ပြီးတော့ ဒီလို အလိပ်ကလေးတွေ လိပ်ပေးတယ်..။
ဒီညတော့ သည်မျှသာ..။
ဆက်ပါဦးမည်.။
မျှော့..။


မှတ်ချက် ။ ။ ကမ်းစပ်ပုံတွေ..လှိုင်းနဲ့ ကောင်းကင်ပုံတွေ လှတာ၇ှိပါတယ်..။
ဗျူးက ဘယ်လောက်လှလှ .....
မလှတဲ့ လူဝဝကြီးတွေက ကဖျက်ကယက်လုပ်နေတော့ မတင်ပဲ ထားလိုက်ရပါတယ်။

လည်လည်


 အသိတယောက်ကဆန်းဒေးကျရင် အပြင်ထွက်လည်ဖို့
အဖော်လာစပ်ထားတာ ကြာပြီ.။
နောက်အပတ်..နောက်အပတ်နဲ့... နေ့တွေ ရွေးချယ်နေတာ ကြာပြီ.။
ဒီအပတ်လည်း အမှန်က မုန်တိုင်းဝင်မလိုလိုဖြစ်တော့မသွားဖြစ်တော့ဘူးထင်နေတာ..။
မိုးတွေ ရက်ဆက်ရွာတယ်..။
စနေနေ့နေ့လည်မှာ မသွားဖြစ်တဲ့အကြောင်း လာပြောတော့ လက်မခံဘူး။
ဟီးးဟီ..။ ( အပြင်သွားဖို့ သိပ်တက်ကြွနေတဲ့ စိတ်အခံလေးရှိနေတယ်)။
မိုးရွာလည်း သွားလည်မယ်လို့ ပြန်ဖြေတော့..သူတို့တွေ လက်မခံချင်လည်းပဲ လိုက်လျောလိုက်ရတယ်။
ဒီလိုနဲ့ စနေညကျတော့ ပန်းခြံက မိုးမိပြီးပြန်ရောက်တော့..အိမ်တံခါးဖွင့်မရဘူး။
ဘယ်လိုမှ ဖွင့်မရရင်တော့ သူငယ်ချင်းအိမ်လိုက်အိပ်မယ်လို့ ပြောထားလိုက်တယ်..။
တံခါးကိုတော့ မရမကဖွင့်နေဆဲ..............။
ဘေးတံခါးက သော့တံနဲ့ ဖွင့်လို့ ရပေမဲ့ တံခါးက ဆွဲတင်လို့ မရပြန်ဘူး။
ဒီတံခါးက သုံးလေ့မရှိပြန်တော့ အတွင်းကြားမှာ ပစ္စည်းထုတ်တွေ ခခ-စကိတ်ဘုတ်တွေ..
ထီုး၂ချောင်းရယ် ပြည့်နှက်နေ..ထောက်မိနေပြီး တံခါးလုံးဝဆွဲတင်လို့ မရတဲ့အခြေအနေ..။
ကိုယ်ကတော့ ဇွဲမလျှော့ပဲ တံခါးကိုရသလောက်မတဲ့အခါ ပွင့်လာတဲ့ ၅စင်တင်မီတာအဟ
ကလေးကြားကနေ ပစ္စည်းတွေ စမ်းသပ်ကြည့်နေတယ်..။ ဆွဲထုတ်လို့ ရ မရပေါ့..။
ပစ္စည်းထုတ်ကိုလက်နဲ့ ဖောက်တယ်.။ အတွင်းက ပစ္စည်းလေးတွေ တစချင်းဆွဲထုတ်တယ်။
အဟလေးက သေးတော့ ဖြည်းဖြည်းချင်း ဆွဲထုတ်ရတယ်.။ သူငယ်ချင်းက ကူညီတာတောင်
လက်မခံဘူး။ ထုတ်ရတဲ့ ပစ္စည်းရော..သံတံခါးအနားသားရော စုတ်ပြတ်ကုန်မှာ စိုးရိမ်နေတာမို့။
ပစ္စည်းက အရေးမကြီး..တံခါးသာ တစ်ခုတစ်စုံဆို ညလုံးပေါက် မအိပ်ပဲ ထိုင်စောင့်နေရမစိုးလို့။
လမ်းသွားလမ်းလာတွေက သူတို့ဖာသာ ဖြတ်သွား ဖြတ်လာနဲ့ပဲ..။
ကိုယ်ဝမ်းလျားမှောက်ပြီး ပစ္စည်းတွေထုတ်ခဲ့ရတယ်...။
လက်လဲ အညိုအမဲတွေစွဲပြီး နာနေတာ အခုထက်ထိ..။
ဒီလိုနဲ့...........
..............(လူတယောက်လာကူပေးတာ ဆင်ဆာချန်သည်။)
..................................
နောက်ဆုံး တံခါးဖွင့်လို့ ရသွားပါတယ်..။ တံခါးဖွင့်ရလို့ ပျော်လို့မရသေးဘူး။
အတွင်း ဂလန့်တဖက်က ကျိုးသွားတော့ အတွင်းက လက်နဲ့ ပိတ်ရင်သာရတယ်.။
အပြင်ကနေ သော့ခတ်လို့ မရပြန်ဘူး။
သွားပြီ...............
မနက်ဖန် ထွက်လည်လို့ မဖြစ်ပြန်ဘူး..လို့ စိတ်ထဲတွေးပြီးစိုးရိမ်နေမိတယ်..။
ဒါပေမဲ့လည်း အစီအစဉ်ကို ဖုန်းဆက်ဖျက်သိမ်းဖို့ စိတ်မကူးပါဘူး။ဟားဟား
သော့ကိစ္စ မနက်ကျမှ ဆက်စဉ်းစားတော့မယ် ။
မနက်ကျ စောစောထပြီး လမ်းထိပ်က သော့ဆိုင်သွားတော့ မဖွင့်သေး။
ရပ်ကွက်ထဲ ပတ်ရှာရတော့တာပေါ့.။ တွေ့ပါပြီ..တဆိုင်..။
သူက ဓါတ်ခဲအရင်လဲကြည့်ပါတဲ့..။(ဒါကို စီဘောက်က ဘယ်သူလဲလဲမသိ
ဓါတခဲလဲဖို့အကြံပေးတာ ကျေးဇူးတင်ပါတယ်)။ ဒီလိုနဲ့ တံခါးမကြီးလဲ အဆင်ပြေသွားပါပြီ။
အဆင်ပြေတော့ ဘာဆက်ဖြစ်မလဲ...
ပျော်ပျော်ကြီး အပြင်ထွက်လည်ဖို့ ပြင်ရတော့တာပေါ့.။ဟီးးဟီး




စပါးခင်းတွေ့ရင် ဘာကြောင့်မှန်း မသိပျော်တယ်.။

ကားလမ်းဘေးတနေရာက  ကြက်သွန်မြိတ်စိုက်ခင်းလေး။
 လမ်းမှာတွေ့တဲ့ အပင်လေး
 အရွက်ခြောက်တွေ အရွက်ကြွေတွေ..အကြွေပန်းတွေ..။
အခုတလော ဒီပန်းပွင့်တဲ့ရာသီထင်တယ်...။
နေရာတကာ..။


 သူကျတော့ မြေခလို့ ကြွေကျရရှာတယ်..။

 သူလေးကတော့ ခပ်မော်မော်ပဲ..
ငွားငွားစွင့်စွင့် အလန်းလေး..။

ဒီနေရာပေါ့..။
လှိုင်းထန်.လေပြင်း...ရေကြီး..။
တော်သေးတယ်..တို့က လှေငယ်လေးမဟုတ်လို့..။
(လှေငယ်လေးသာဆို လွန့်လွန့်လူးနေမှာ မြင်ယောင်သေးတယ်။)


မှတ်ချက် ။ ။ အရေမရ အဖတ်မရတွေပါပဲ.။

၂၂-၀၆-၂၀၁၁

လမ်းမလျှောက်ဖြစ်တာကြာပြီ။
ကြာဆို တပတ်လောက်တော့ ရှိရော့မယ်.။
သူငယ်ချင်းနဲ့ ဖုန်းပြောတာနဲ့..
သူငယ်ချင်းတွေ အိမ်လာလည်တာနဲ့..
...................
..............................
..................................
ဆင်ခြေပေါင်းစုံနဲ့ လမ်းလျှောက်မထွက်ဖြစ်ဖူး။
လူက လေးလံသလိုဖြစ်လာတယ်.။
လမ်းလျှောက်မထွက်ဖြစ်တာထက်ဆိုးတာ ညလယ်စာ ပြန်စားတာပဲ။


ဒီနေ့ လမ်းသွားလျှောက်တယ်..။
ပထမအပတ်မှာပဲ..ခြေထောက်နာတယ်..။
ခြေသလုံးနေရာလောက်က ခြေထောက်အရှေ့ဖက် ကနာတာ..။
ဒုတိယအပတ်ပတ်ချိန်လဲ နာနေဆဲပဲ..။
ကိုယ်လမ်းလျှောက်အရှိန်လျော့သွားတယ် လို့ ခံစားရတယ်။
နှေးသွားတဲ့အထဲ လျှောက်ရတာ ခက်ခဲလိုက်တာ.။
လေးပတ်မြှောက်တော့ အရှိန်အတော်လေးရနေပြီ..။
အရင်ကလောက် မဟုတ်ပေမဲ့ အရှိန်ကလဲ မြန်လာပြီ..။
၁၀ပတ်ပြည့်အောင် မနဲလျှောက်ခဲ့ရတယ်.။
အရေးထဲ တဘက်မပါခဲ့ပြန်ဘူး။

အခုတလော ထမင်းဟင်းမချက်ချင်ဘူး။
ခခကို သူငယ်ချင်းအိမ်က ခေါ်ကျွေးထားတယ်..။
တချို့နေ့တွေမှာပါ.။
ကိုယ်က ငပျင်းဖြစ်နေတယ်..။
တခါတလေ..ဆူရှီဝယ်စားခိုင်းထားတယ်.။

အခုတလော ဘလော့တွေ သိပ်မလည်ဖြစ်ဖူး။
စီမှာတော့ သွားငမ်းနေတတ်တယ်.။
သိပ်တော့ ဝင်မပြောမိပါဘူး။
ကိုယ်မှ သိပ်နားမလည်.။
(ဆရာကြီးတွေပြောနေတာကိုး..)


အခုတလော အလုပ်က အူကြောင်ကြောင်ဖြစ်နေတယ်.။
အရှုံးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ သိနေတယ်..။
ကိုယ် ခံနိုင်ရည်ရှိပါတယ်..။
မနိုင်ရင် ရှုံးမှာပဲလေ..။
ဒါမှ မဟုတ် သရေဖြစ်မှာပဲ..။
ဒီလို ကစားနည်းတွေကြိုက်လို့ပဲ ရွေးချယ်ခဲ့တာ..။

မှတ်ချက် ။ ။ အရေမရ အဖတ်မရတွေ ရေးရတာ စိတ်ပေါ့လို့..ရေးလိုက်မိတယ်.။
တကယ်ပါ..
တကယ် အရေမရ အဖတ်မရတွေပါ..။ 

Like a.......

 Like A G6


~~~~~Now I’m feelin so fly like a G6~~~~~~~~~~~
~~~~~~~Like a G6, Like a G6~~~~~~
~~~~~~~Now I’m feelin so fly like a G6~~~~~~~~

စနေညတော့ မရောက်သေးဘူး။
ကြိုပျော်ပြနေတာ..။
(ကိုယ့်ကို မပျော်ရွှင်ဘူး ထင်နေကြတယ်..ထင်တယ်..
ဟင်းးး..ပျော်ပါတယ်..ပျော်ပါတယ်..။)

18 jun: 2011

တခါတလေကျတော့ ခက်သား..။
.
.
.
.
.
.
.
.
.




ငါဟာ လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး.။
လူဆိုးလားး..။
ဒါတော့ နင်..ငါ့အပေါ်မြင်တဲ့အမြင်မှာ မူတည်ပါတယ်လေ..။


ပုံ/
ဂေါက်ကြောင်
မှတ်ချက် ။ ။ ညက ဒီလို တင်ထားတာ..
နောက်တော့ စိတ်ရှုပ်လာတာနဲ့..
ပြန်ဖြုတ်လိုက်မိတယ်..။
ဟော..
အခု...စိတ်ကြည်သလိုလိုနဲ့..ပြန်တင်လိုက်တယ်..။
ဒါက သူငယ်ချင်တယောက်ဆီ အူကြောင်ကြောင်ရေးပို့လိုက်တဲ့မေးလ်တစောင်ပါ။
သူငယ်ချင်းဆီက ပြန်စာလာတယ်..။
သူရေးထားတာကတော့...
hey yesterday u didnt go to doctor or u didnt take ur medicine for today.coz something is wrong?hahaha 



都什麼時候了




張惠妹 都什麼時候了
 Ah- Mei အခွေသစ်ထဲက ဒီတစ်ပုဒ်ကို ကြိုက်ပါတယ်..။
သူငယ်ချင်းကတော့ နောက်တစ်ပုဒ်ကို ပိုကြိုက်ပါသတဲ့..။ 
အင်းးး...လူကြိုက်များစေမဲ့ သံစဉ်နဲ့ စာသားလေးပေါ့..။

မှတ်ချက် ။ ။ စာသားတင်ပြီး ဘာသာပြန်နေတုန်း စိတ်တိုင်းမကျတာနဲ့ ပြန်ဖြုတ်လိုက်ပါတယ်။
 

every teardrop is a waterfall

Coldplay - Every Teardrop Is A Waterfall





I turn the music up,
I got my records on
I shut the world outside
until the lights come on
Maybe the streets alight,
maybe the trees are gone
I feel my heart start beating.........
 to my favorite song.........

.....................
.....................
Maybe I'm in the black,
maybe I'm on my knees
Maybe I'm in the gap...




မှတ်ချက် ။ ။
အခုရက်တွေမှာ လမ်းပျောက်နေတယ်..။
အလင်းရောင်ကို တွေ့သလိုလို....
မတွေ့သလိုလိုနဲ့...
ဖျတ်ကနဲ့ လင်းလိုက်သလိုပါပဲ..။
(ထင်တာပါ..တကယ်ဟုတ်ချင်မှလဲ ဟုတ်မယ်..မဟုတ်ချင်လဲ မဟုတ်ဘူး)
အကြောင်းအရာတခုကြောင့် ဘာမှ စားလိုစိတ်မ၇ှိဘူး။
(အလုပ်ကတော့ လုပ်ရမှာပေါ့..)
ငါဟာ ပျော့ညံ့သူမဟုတ်ဘူး။
ဒါပေမယ့် ငါဟာပျော့ညံ့သူတစ်ယောက်ပါ..။




coldplay- single  ထွက်တယ်..။
ကြိုက်ကြရဲ့လားမသိ..။
အရှေ့အယ်ဘန်နဲ့ ဆင်သလိုလို...(ထင်တာပြောတာပါ..)