တောင်ပေါ်မြေက ချယ်ရီ

ပိတ်ရက်တို့ ထုံးစံအတိုင်း အပြင်သွားဖြစ်ပြန်တယ်..။
အမှန်က တခြားသူငယ်ချင်းတွေနဲ့ ချိန်းထားတာက တခြားမြို့ကို မီးရထားနဲ့
သွားလည်ဖို့...။
နောက်သူငယ်ချင်းက တောင်ပေါ်သွားလည်မယ် ပြောလာတော့ တောင်ပေါ်သွားမဲ့
သူငယ်ချင်းနဲ့ လိုက်ဖြစ်သွားတယ်..။
တောင်ပေါ်ရောက်ဖို့ အကွေ့အကောက်တွေ ပတ်ရတော့ ခေါင်းမူးတူးတူးဖြစ်နေတယ်။
မြို့ထဲမှာ ခပ်နွေးနွေးဖြစ်နေတဲ့ ရာသီဥတုက တောင်ပေါ်မှာ လေတဖြူးဖြူးနဲ့ ခပ်အေးအေး
ဖြစ်နေတယ်..။


ဒီိလိုကျပြန်တော့ အေးချမ်းနေတာပဲ..။
မြက်ရိုင်းတွေနဲ့ ...။


တောင်အောက်တနေရာဆင်းလာပြီး ပန်းခြံတခုဆီ...။
ချယ်ရီတွေတောင် ပွင့်ပြီကွယ်..။
တချို့အပင်တွေ ကြွေကုန်ပြီ..။
ဒီက ချယ်ရီက အရောင်ပိုရင့်တယ်..။



ဒီချယ်ရီပင်က ပွင့်ကာစချယ်ရီနဲ့ ချယ်ရီဖူးလေးတွေ..။


ဒီလိုဝေးကနေလှမ်းကြည့်ရင် ကိုယ့်မွေးရပ်မြေလိုလို..။
လွမ်းဆွေးဖွယ်ရာပါပဲ..။

ဒီမြက်ရိုင်းပင်ကလဲ ကိုယ့်ဇာတိမြေကို လွမ်းစေတဲ့အထဲမှာ ပါတယ်..။


ချယ်ရီရယ်..
မြက်ရိုင်းပင်ရယ်...
အောက်က စိုက်ခင်းရယ်...
ပေါင်းစပ်လိုက်တော့...
လွမ်းတယ် မွေးရပ်မြေရယ်..။

4th feb:2011




ပျင်းပျင်းရှိတာနဲ့ ....
သူငယ်ချင်းတစ်ယောက်လာလည်တာကြုံတာနဲ့
....
ညနေ အပြင်ထွက်ဖြစ်ပါတယ်..။
ခခကိုရုပ်ရှင်ပြမယ် ကတိပေးထားတာနဲ့ ရုပ်ရှင်ကြည့်ုဖြစ်တယ်..။
3Dကြည့်တာဆိုတော့ မျက်လုံးညောင်းတယ်..။
တောကမို့ထင်တယ် ခပ်ရိုးရိုးကြည့်ရတာပဲကြိုက်တယ်။
တခါက ရွှန်းမီညွှန်းဖူးတဲ့ ကာတွန်းကား..။
魔髮奇緣(Tangled)ဆိုတဲ့ကား..။ ရယ်ရတယ်။
ကြည့်ပျော်ပါတယ်..။
ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင်
ယုန်နှစ်ဆိုတော့လဲ...။


ကလေးကြိုက်လေးတွေ..။
မဝယ်ဖြစ်ပါဘူး..။
ဗိုက်ဝတာမှ မဟုတ်ပဲ..။

လမ်းဘေးအနုပညာရှင်အဘိုး..။
အဲဒီလမ်းမှာ လမ်းဘေးအနုပညာသည်တွေ အများကြီး..။
ဒီနေ့ မရိုက်ဖြစ်ခဲ့ဘူး..။
covent garden ကို သတိရသွားတယ်..။


ဟိုဖက်အပင်က မီးနီနီ..
ဒီဖက်အပင်က မီးနီနီ...
မင်္ဂလာရှိသော မီးနီနီ..

သွားရင်း လာရင်း ထီထိုးတော့ သူငယ်ချင်းထီပေါက်တယ်..။
သွားနေကျဟော့ပေါ့ဆိုင် သွားစားလိုက်ကြတာ ကုန်ရော..။


ဒါက သစ်သီးစားပြီးလို့ ကုန်သွားတဲ့ ပန်းကန်ပြားလေး..။

ခခလက်ထဲက ရေခဲမုန့်..။
ချိုရဲနေတာပဲ..
မကြိုက်ဘူး။

အပြန်လမ်းမှာ ကုန်းကြောင်းလျှောက်..
ဖြတ်ကျော်ရတဲ့ တံတားေ့း..။
အိမ်ပြန်ချိန်ရောက်ပြီလေ...။

နှစ်သစ်နေ့ရက်များ..

နှစ်သစ်ရောက်ပြီ..။
နှစ်ဟောင်းရဲ့နောက်ဆုံးနေ့
၃၀ရက်(၂.၂.၂၀၁၁ -ဗုဒ္ဒဟူး)နေ့မှာ ဆွေမျိုးတစ်စု ဝိုင်းဖွဲ့ထမင်းဝိုင်းအပြီး ကိုယ့်အိမ်ပြန်ရောက်တော့
ည၁နာရီရှိပြီထင်တယ်..။
နှစ်ဆန်းတစ်ရက် (၃.၂.၂၀၁၁- ကြာသပတေး)နေ့မှာ နောက်အမျိုးတစ်ယောက်အိမ်မှာ
ထမင်းဝိုင်းဖွဲ့ ကြပြန်ရော...။
အိမ်ကို ည၁၁ကျော်မှ ပြန်ရောက်တယ်။

ဒီနှစ် အမေ့အိမ်မှာ ဟော့ပေါ့နဲ့ ဝိုင်းဖွဲ့ဖြစ်ကြရဲ့လား မသိ။

နေ့လည်စာ စားအပြီး ကာဖီနဲ့ နာနတ်သီးမုန့်နဲ့ ..
လိမ္မော်သီးနဲ့ ဇီးသီးနဲ့..
စွန်ပလွန်သီးခြောက်တောင် ပါလိုက်သေး.။
ချိုချဉ်နဲ့ 開心果(မြန်မာလို မခေါ်တတ်) ....
အားမနာနဲ့နော် ယူစားသွားကြ..။


သက်သက်လွတ်ဆန်ခေါက်ဆွဲ..။
အရှေ့၂ရက် အသားကြီး ငါးကြီး သိပ်အီသွားတယ်.။
ဒီနေ့တော့ သက်သက်လွတ်လိုက်ပါမယ်လေ..။

မျောနေတဲ့ တိမ်. စီးနေတဲ့မြစ်. ရပ်နေတဲ့ငါ

ဒီဇင်ဘာတုန်းက မြို့တစ်မြို့ကို သွားခဲ့တယ်..။
အစကတော့ တစ်ညအိပ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့..။
မြို့ခံအသိကလဲ ဟိုတယ်တောင် ဘွက်ကင်လုပ်ပေးပြီးသား။
တူတူသွားတဲ့ အစ်မက ညအိပ်မသွားလို့ အစီအစဉ်ပျက်သွားပြီး
နေ့ချင်းပြန်ပဲ သွားလိုက်ရတယ်..။
ကျည်ဆံရထားနဲ့ဆိုတော့ အချိန်ကုန်သက်သာသွားတယ်..။
ငွေကုန်တော့ မသက်သာဘူးပေါ့..။ဟီး
အပေါ်ကပုံက အဲ့ဒီမြို့ရဲ့ မြို့လယ်က ချောင်းကြီးပေါ့..။(河)
ပုံမှာတွေ့တဲ့ လှေကို စီးဖြစ်ကြတယ်..။
နေရောင်စွမ်းအားနဲ့ အသုံးပြုတာတဲ့..။


ထုံးစံအတိုင်း တိမ်ပါအောင် ရိုက်ဖြစ်တာများတယ်..။
ရိုက်တာတွေကတော့ ပြောပလောက်အောင်မလှပေမယ့်
အမှတ်တရဖြစ်စေပါတယ်။
သူများဘလော့တွေကြည့်ပြီး အားကျနေတယ်။








ကော်ဖီသောက်ဖြစ်တယ်..။
လေတဖြူးဖြူးနဲ့ ကော်ဖီပူပူနဲ့..
လိုက်ဖက်ပါတယ်..။

မိုးမှောင်လာပြီ..။
မီး ဟိုတစ ဒီတစ ထွန်းလင်းလာပြီ..။



အိမ်ပြန်သင့်ပြီလေ..။
အိမ်ပြန်ခဲ့ရပြီ..။

မှတ်ချက် ။ ။ ဒီဇင်ဘာက ခ၇ီးကို အခုမှ တင်ဖြစ်လို့..
ချေးခြောက်ရေနှူးသလို ။
ခေါင်းစဉ်ပြောငိးုက်ပြီနော်..ဟားဟား
မှတ်ချက် ။ ။
ဒန်သော ခေါင်းစဉ်ကို စဉ်းစားပေးသူ မမကို
ကျေးဇူး..။

ကံစမ်းမဲ

ဒီနေ့ မိုးအုံ့တယ်...။
အလုပ်နဲ့ပတ်သက်တဲ့ ညစာစားပွဲ သွားရတယ်..။
ကံစမ်းမဲပါတယ်..။
ပထမဆုက အိုင်ပက်တဲ့..။
ပေါက်ရင် ခခကိုပေးသုံးမယ် ကတိပေးထားတယ်..။
(တော်သေးတယ် မပေါက်လို့....။)

ဒုတိယဆုက ၃၂လက်မတီဗွီ ။
အိမ်မှာ တီဗွီမရှိတာနဲ့ ပေါက်ရင်အတော်ပဲလို့ တွေးမိတယ်..။
(အခန်းကသေးတော့ ၃၂လက်မကို ကြီးလွန်းတယ်လို့ အတွေးထဲ ဂျီးများနေမိပြန်ရော..ဟိ)
မပေါက်တာပဲ ကောင်းပါတယ်လေ..။

တတိယဆုကတော့ Xbox ပါ။
မပေါက်ချင်ဆုံးဆုထဲမှာပါတယ်..။
ဂိမ်းမကြိုက်ဘူး..။
(ခခကတော့ ကြိတ်ကြံချင် ကြံနေမှာ..)

စတုတ္ထဆုက ၂၂လက်မတီဗွီပဲ...။
လိုချင်တယ်..။
ကံမပါဘူးလို့ပဲ ဆိုရမယ်..။

ပဉ္စမဆုက ဆိုနီ ကက်ဆက်ထင်တယ်..။
လိုအပ်တယ်..။
လွှဲပြန်တယ်..။

နောက်ဆုငယ်လေးတွေက
အမ်ပီဖိုးပါတယ် ထင်တယ်..။
ဘာလုပ်ရမှာလဲ..ကိုယ်ဆီရှိနေပြီပဲ..။
ဟားဟား..။

နောက်ဆုံးဆုက ပေါင်ချိန်စက်...။
မပေါက်တာပဲကောင်းတယ်..။
ရှိနေရင် အားတိုင်းချိန်ကြည့်ပြီး စိတ်ဓါတ်ကျနေအုန်းမယ်..။


အိုနောက်ဆုံးတော့...
နှစ်သိမ့်ဆု ချော့ကလက်ဘူးတွေနဲ့ပဲ စိတ်ဖြေလိုက်ရပါတယ်.။
ဟီးးဟီးး...။
ကမ်းပေ့လိုက်ရတာအမော...။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ပြီးဆုံးသွားပါတယ်။


နောက်ဆက်တွဲကတော့..၉နာရီမှာပြီးတယ်ဆိုပေမယ့် နောက်တစ်ပွဲထပ်နွှဲချင်သေးတော့
KTVကို ဆက်လက်ချီတက်ကြပါတယ်..။ မှန်းထားတာက ၂နာရီလောက်ပဲ ဆိုမှာပါ..။
ထင်တာထက်ပိုပြီး သောင်းကျန်းကြပါတယ်..။ အဖွဲ့ထဲမှာ ငယ်ငယ်က သောင်းကျန်းဖက်ငယ်သူငယ်ချင်း
ပါတော့ ပိုဆိုးပါတယ်..။ငယ်တုန်းကတော့ ကန်တော်လေးထောင့်က ယိုးဒယားဆိုတဲ့ ကာရာအိုကေဆိုင်မှာ
သီချင်းတွေတူတူဆိုကြ ပျော်ကြ ငိုရနဲ့..။ အခု အဲဒီနေရာက စည်ဘီယာရောငိးတဲ့ အကင်ဆိုင်
ဖြစ်နေပြီ..။မဆိုတာကြာပြီဖြစ်တဲ့ အရင်တုန်းကဆိုခဲ့တဲ့သီချင်းတွေ ပြိုင်တူအော်ဆိုကြ မြူးကြနဲ့ လောကကြီးကို
ခနမေ့သွားပါတယ်..။

အိမ်ပြန်ချိန်မှာ မိုးတွေရွာနေပြီ..။
အိမ်ရောက်တော့ ၁နာရီရှိနေပြီ..။
မနက်ဖန် အလုပ်တက်ရဦးမယ်..။
မနက်ဖန်ပေါ့....
မနက်ဖန်...။

စဉ်းစားကာ နေရဦးမယ်..

ဒီနေ့ အခြေအနေမကောင်းဘူး.။
ဒါပေမယ့်လဲ အားမနေဘူး..။
ရှုပ်သလားဆိုတော့လဲ မရှုပ်ဘူး..။
အမေ့ဆီဖုန်းဆက်တော့ ဆက်မရဘူး..။
ရပြန်တော့လည်း..
""ဟယ်လို...ဟယ်လို...
မား လား..မားလား..
ကြားလား..မား...
ကြားရလား..မား....
ကြားရလား ဆို....""

ကနေ မတက်ဘူး..။ပြီးတော့ ပြတ်ကျသွားတယ်..။
နောက် သူငယ်ချင်းတစ်ယောက်ဆီဆက်တော့ ရန်ကုန်ရောက်နေတယ်တဲ့..။
သူက နှစ်ကူးပြန်လာဖြစ်သလားမေးတယ်..။
ကိုယ်က မလာတော့ဘူး..အလုပ်တက်မယ်..ပိုက်ဆံမရှိဘူးလို့ ပြန်ဖြေတယ်။
နောက်တော့ သူက...
၁ရက်နေ့ မလေးသွားမယ်...၆ရက်နေ့ပြန်လာမယ် ဆိုပဲ..။
ကိုယ့်လေသံပြောင်းသွားတယ်...
""မ(XX)...ကျနော်လေယာဉ်လက်မှတ်စုံစမ်းကြည့်မယ်လေ..
ရရင်လာခဲ့မယ်...တူတူလည်ရတာပေါ့...ဘယ်ဟိုတယ်လဲ..
သြော်...Lanka...ဘာ...
မဟုတ်ဘူးလား..ဘာနဲ့စတာလဲ..Aနဲ့စတာ ဟုတ်လား...
အင်း...ကွန်ပြူတာဖွင့်လိုက်အုန်းမယ်...ကျနော်ရှာကြည့်ကြည့်မယ်..""
ဆိုပြီး ရှာကြည့်တယ်...။ သူငယ်ချင်းက သူ့အမျိုးသားအလုပ်ကိစ္စနဲ့ မလေးကို လိုက်တာပါ။
ဆိုတော့ အပြင်လည်ဖို့ဆို သူ့အမျိုးသားက လိုက်ချင်ပုံမရပါဘူး..။(ဟားဟား ဖွမိပြီ)
တခြားအသိတွေပါပေမယ့်လဲ typeချင်းတူမှ အပြင်ထွက်လည်ဖို့ကောင်းတာမဟုတ်ပါလား.။
ကျနော်က သွားမယ်ဆိုတော့ သူဝမ်းသာသွားတယ်...။ သူကခခနဲ့လဲတွေ့ချင်နေတယ်..။
ပြဿနာက...............
ဟိုတယ်ခ ဈေးသက်သာတယ်..။ လေယာဉ်ခဈေးကြီးနေတယ်..။
နောက်ပြီး..ကိုယ့်အလုပ်တက်မယ်ကြွေးကြော်ထားပြီးမှ သွားလည်နေတုန်း အလုပ်နဲ့ပတ်သက်သူတွေ
ကိုယ့်ကို ရှာရင်.....
ကိုယ်အလုပ်မတက်တဲ့အချိန်မှ ဧည့်သည်တွေများနေရင်..........
.............နေရင်...
.........နေရင်..

ဟင်းး....
ဝေခွဲရခက်နေတယ်..။
လေတက်နေတယ်..။

ရောက်တတ်ရာရာ


魔術方塊


ဒီနေ့ ဆံပင်ထပ်ညှပ်ဖြစ်တယ်..။
ဆံပင်ညှပ်ဆိုင်မသွားခင် ကတည်းက ဖုန်းနဲ့ကြိုမေးပြီး ချိန်းပြီးသားပါ..။
ဧည့်သည်များနေရင် မသွားတော့ဘူးဆိုတဲ့ အကြောင်း ။
အလကားနေရင်း ထိုင်ပြီး ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတဲ့အဖြစ်ကို
မလိုချင်လို့ပါ..။ ကိုယ်သွားတော့ သူ့မှာ ညှပ်လက်စ တစ်ယောက်ရှိတယ်..။
ကောက်ပြီး ပေါင်းတင်မဲ့သူတစ်ယောက်စောင့်နေသေးတယ်..။ ကျနော်က နောက်ဆုံးပေါ့။
မစောင့်ချင်လဲ စောင့်နေရတော့တယ်..။ ကိုယ့်အလှည့်ရောက်တော့ ပွစိပွစိနဲ့ ဘာညာ
ကွိကွ လိုက်တယ်..။

ပြီးခဲ့တဲ့ စနေနေ့က စာရေးကိရိယာဆိုင်ဝင်မွှေရင်း စတုဂံအကွက်လေးတွေကို အရောင်တူအောင်လှည့်
ကစားရတဲ့ ကစားစရာ(魔術方塊)ဝယ်တယ်..။ ငယ်တုန်းက တရုတ်ကျောင်းမှာ 書法ရေးခဲ့ရတာကို
သတိရပြီး စုတ်တံနဲ့ စာအုပ်ဝယ်ခဲ့တယ် ။ အဲ့တာရေးရင် စိတ်ငြိမ်တယ်ဆိုလို့...ဟင်းး။
(ဘာသာပြန်ကြည့်တော့ Calligraphy တဲ့ ..။အရင်က ကြားတောင်မကြားဖူးတဲ့ စာလုံး)

နောက်ပြီး ဖဲတစ်ဘူး ဝယ်ခဲ့တယ်..။ ဖဲကို ဒီနိုင်ငံရောက်မှ သေချာကိုင်ဖူးတယ်..။
အုပ်ထိန်းသူရှိတုန်းက ကလေးကလားကစားတာ သင်ပေးဖူးတယ်..။ ဖဲဗေဒင်တွက်တာ
သင်ပေးဖူးတယ်...။ နောက်တော့ ဆွေမျိုးတွေတွေ့ဆုံပွဲနေ့တွေမှာ ကလေးတွေနဲ့ ရှုံးသူ
နဖူးပေါ်လက်တောက်ကြေးတမ်း ကစားကြတယ်..။
အိမ်ကအမေကတော့ ဖဲဆို အသံတောင်မကြားလိုသူ..။ အဖေကတော့လား........ဟိဟိ။
အဖေကဖဲကစားတတ်ပုံမပေါ်ဘူး..။ မာကျောက်ပဲ အသည်းစွဲ ။ အိမ်မှာ အဖေ့ခြေရာနင်းတာ
အမေ့သားတစ်ယောက်ပဲ ရှိတယ် ။
ိုလိုရင်းကိုပြောရရင် နှစ်ကူးပိတ်ရက်တွေမှာ အပြင်မထွက်ဖြစ်ရင် အပျင်းပြေကစားရအောင်
ဝယ်လာခဲ့ပါတယ်..။ စကားမစပ် ဒီက ကျူရှင်တွေမှာ(တချို့သောကျူရှင်)ကလေးတွေ
အပျင်းပြေကစားခွင့် ပေးထားပါတယ်..။ ဒီလိုပေးကစားခြင်းအားဖြင့် ဦးနှောက်အသုံးပြုရာမှာ
အထောက်အကူဖြစ်စေတယ် တဲ့..။(သူတို့ပြောတာပဲလေ...)

အချုပ်ဆိုရရင်တော့ စိတ်ရှုပ်ရင် ဆံပင်ညှပ်ဆိုင်သွားတတ်တယ်..။
စုတ်တံနဲ့ စာအုပ် ဝယ်ခဲ့တယ်..။
စတုဂံကစားစရာဘေးမှာ ထားထားမယ်..။
လိုအပ်ရင် ဖဲဗေဒင်မေးအုန်းမယ်...။
ကဲ....
ဘာလိုသေးလဲ..။


မှတ်ချက် ။ ။ ပုံကို အင်တာနက်မှ ယူပါသည်။