Home
Posts RSS
Comments RSS
Edit
CBox
KKK
Here without you- 3 doors down
Posted by
PAUK
|
11/26/2010
|
Labels:
သီချင်း
|
6 comments
~~~~~I'm here without u baby~~~~~
~~~but u'r still on my lonely mind~~~
~~~~i think about u baby~~
~~~~and i dream about u all the time~~~
~~~~i'm here without u baby~~~~
~~but u 'r still with me in my dream~~
ဘာရယ်မဟုတ်ပါဘူး။
ဒီသီချင်းကို နားထောင်မိတိုင်း လွမ်းသလိုလိုနဲ့..
မျက်ရည်ကျမိတယ်။
ဟားဟား။
ဘလက်ကော်ဖီ
Posted by
PAUK
|
11/24/2010
|
|
3 comments
စိတ်မကြည်မလင်ဖြစ်နေတယ်..။
စိတ်နောက်နေတာတော့ မဟုတ်ပါဘူး..။
စိတ်မကြည်တာပါ..။
ကိုယ့်ကိုဖုံးကွယ်ထားတဲ့အရာတစ်ခု ဒီနေ့မှ လာဖွင့်ပြောတယ်။
အလုပ်လုပ်ရင်း စားပွဲပေါ်က ဘလက်ခ်ကော်ဖီင်္တိုက်မိတယ်.။
ကော်ဖီတွေ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေအပေါ်ဖိတ်ကုန်တယ်..။
ကိုယ့်အလုပ်တွေမပြီးနိုင်ဘူးဆိုမှ ကော်ဖီတွေဖိတ်မိတဲ့ပစ္စည်းတွေကို သန့်ရှင်းအောင်လုပ်ရမယ်.။
ကော်ဖီနံ့တွေစွဲနေမဲ့ ပစ္စည်းတွေကို ဘယ်လို လုပ်ရမလဲ..။
ကော်ဖီအရောင်စွဲသွားတော့မဲ့ ပစ္စည်းတွေကို ဘယ်လိုချွတ်ရမလဲ..။
ကော်ဖီ အတော်ဒုက္ခပေးတဲ့ ကော်ဖီ..။
ကြမ်းပြင်တွေပေါ်စီးကျနေတဲ့ ကော်ဖီတွေ လိုက်သုတ်ရတယ်..။
စိတ်မကြည်ပါဘူးဆို..။
အလုပ်တွေပေါ် အလုပ်ဆင့်နေတယ်...။
အလုပ်ကိစ္စအတွက် ခါတိုင်းလိုအပြင်သွားရတယ်..။
စိတ်မကြည်တော့ ခါတိုင်းလို လေရှည်မနေတော့ဘူး.။
စိတ်မကြည်တော့ ခါတိုင်းလို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အာလူးမဖုတ်တော့ဘူး..။
ကောင်းကျိုးကတော့...
အိမ်စောစောပြန်ရောက်တယ်..။ ဟီးဟီး
မှတ်ချက် ။ ။ ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ကော်ဖီခေါင်းပဲ ပုံချလိုက်တယ်..။
အမဲသားဆီပြန်
Posted by
PAUK
|
|
Labels:
စားစရာများ...
|
8 comments
အမဲသားဆီပြန်လို့ခေါ်ရမယ်ထင်တယ်.။
အမဲသားကို တနင်္ဂနွေကတည်းက ဆား ..ဂျင်းစိမ်း ကြက်သွန်ဖြူထောင်းနဲ့ နယ်ပြီးနှက်ထားတယ်။
တနင်္လာနေ့ချက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့..။
ဒါပေမယ့်..ဒီနေ့ညမှ ချက်ဖြစ်တော့တယ်..။
နှက်ထားတဲ့ အမဲသားကိုအိုးထဲထည့်..။ ဆီလောင်းထည့်..။ ကြက်သွန်နီဥကြီးကြီးတစ်လုံး
ပါးပါးလေးစိတ်ထည့်ပါတယ်..။ နနွင်းနဲ့ ငရုတ်သီးမှုန့်ထည့်ပါတယ်..။
မီးအေးအေးနဲ့ တည်ထားလိုက်ပါတယ်.။ အိုးကပ်မှာစိုးလို့ မကြာခဏမွှေပေးပါတယ်.။
နောက်တော့ မဆလာထည့်ပါတယ်..။ (အမဲသားဆီပြန်ဟင်းချက်ရင် မဆလာထည့်ချက်လေ့မရှိပါဘူး)
မဆလာအနံ့မကြိုက်လို့ပါ..။ ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ ထည့်ဖြစ်ပါတယ်..။
(အမှန်က အိမ်ကပို့ထားတဲ့ဒန်ပေါက်မဆလာထည့်တာပါ..)
ရခါနီးမြည်းကြည့်တော့ အချိုပေါ့နေတာနဲ့..အချိုမှုန့်လည်းမသုံးတတ်တာနဲ့ အိမ်မှာရှိတဲ့
ရက်ကြာနေပြီဖြစ်တဲ့ပန်းသီးတစ်လုံး ခွဲစိတ်ထည့်ချက်လိုက်ပါတယ်..။
အိုးချခါနီးတော့ ခွာထားတဲ့ပန်းသီးအခွံတွေထည့်ချက်ကြည့်မယ်ဆိုပြီး ထည့်ချက်မွှေပါတယ်.။
ဒါက ပန်းသီးအခွံပါအောင်ရိုက်ပြထားတာပါ..။
အပေါ်ယံတင်ပေးထားတယ်..။
ခခ ထမင်းဘူးထဲတော့ မထည့်ပေးတော့ပါဘူး။
မြင်ပြီး လန့်နေမှာစိုးပါတယ်။
အသိတစ်ယောက်က အမဲသားဟင်းချက်ရင် ပျဉ်းတော်သိမ်း ဆိုလား..။ စပါးလင်ဆိုလား
ထည့်ချက်ရတယ် ပြောပြသင်ပေးဖူးတယ်..။ အိမ်မှာအသင့်ရှိမနေတော့ သူပြောသလို
မချက်ဖူးသေးဘူး။ တရက်လောက်တော့ စမ်းကြည့်ချင်ပါသေးတယ်..။
မှတ်ချက် ။ ။
မြန်မာဟင်း ကုလားဟင်းချက်တာ ညံ့တယ်..။အို..ဘာဟင်းချက်ချက် ညံ့တာပါပဲလေ..။ဟီးးး
ဟင်းချက်ပြီး တင်ဖို့စိတ်ကူးမရှိပါဘူး..။ သူများတွေနဲ့ အာလူးဖုတ်ရင်း တင်ဖြစ်သွားတာပါ.။
၂၀၁၀.၁၁.၂၀
Posted by
PAUK
|
11/21/2010
|
|
14 comments
သူငယ်ချင်းကို ရှော့ပင်းစင်တာက ဈေးချကြောင်းအသိပေးလိုက်တယ်.။
သူလဲ လိုချင်တယ်ဆိုလို့ အဖော်လိုက်သွားပေးတယ်..။
ကျနော်ဝယ်ဖို့ စိတ်ကူးမရှိပါဘူး..။
ဒါပေမယ့်လဲ...............
..............
...............
တစ်ထပ်ကနေ ၉ထပ်ထိ ပတ်ပြီးသကာလ ခြေညောင်းလွန်းလို့ ကုန်တိုက်ရှေ့က ခုံတန်းလေးမှာ
အနားယူနေတုန်း ခွေးမာမားတစ်ယောက်က ခွေးကလေး၃ကောင်နဲ့ လာအနားယူနေတာတွေ့တယ်..။
ခခက အော်ဟစ်နေတာပဲ..။
ကင်မရာနဲ့ ဓါတ်ပုံလိုက်ရိုက်နေတယ်..။
ဟိုတိုး ဒီခွေ့နဲ့...
အဲ့ခြေထောက်က သူငယ်ချင်းခြေထောက်..ဟားဟ..
သူတို့အိမ်လေးထဲမှာ အတင်းတိုးဝင်နေကြတယ်.။
ထွက်လာတော့ ခခ ထီထိုးလိုက်သေးတယ်..။
မပေါက်ပါဘူး..။
တာ့တာပါ..။
ကုန်တိုက်ကြီး..။
ကုန်လွန်းလို့ တိုက်ပစ်လိုက်ချင်တယ်..ကားနဲ့..။
လယ်ထဲဆင်းရင် စီးစရာဖိနပ်တွေ မရှိဘူး.။
အကုန်လဒမှာ ကျန်ခဲ့တာ..။
ဆိုတော့ ထပ်ဝယ်ရသေးတယ်.။( ၉အနောက်နဲ့စတဲ့ဖိနပ်က ၁၀%ပဲဈေးချတယ်..မုန်းထှာ)
lacosteက ဈေးမတရားချလို့..။ (အားနာတာနဲ့..)
အီးနဲ့စတဲ့ အရည်ကလဲ..ဒီနေ့အထူးဈေးချတယ်ဆိုပဲ..။(သူတို့ပဲပြောတာပဲလေ..)
တစ်ပုလင်းဝယ်ရင် မျက်နှာသစ်ဆပ်ပြာ လက်ဆောင်ပေးတယ်ဆိုလို့ပါ.။
(
ဒီနှစ်အတွက် ဒါနောက်ဆုံးပဲ..လုံးဝမသွားတော့ဘူး)
ကံ
Posted by
PAUK
|
11/17/2010
|
Labels:
အဖြစ်အပျက်
|
11 comments
မိတ်ဆွေတွေ ပေးတဲ့ ကံကောင်းစေ..
လာဘ်ကောင်းတဲ့ အပင်လေးတွေ..
ဒီအိမ်ပြောင်းလာကတည်းက အိမ်ဆေးသုတ်မယ်..ကြမ်းခင်းကို ကိုယ်တိုင်
ကပ်မယ် ဆိုပြီး ဒေါင်းတိ မောင်းတိ လုပ်ချပြီးမှ ဘာမှ အဆင်မပြေတော့
ဆရာတွေငှားရပါလေရော့..။
မိအေးနှစ်ခါကုန်ပေါ့.။
ကိုယ်ဖာသာကိုယ်ဆေးသုတ်မယ် ရည်ရွယ်ပြီး ( တကယ်လည်းသုတ်ပါတယ် မီးဖိုခန်းနဲ့
အိမ်သာကိုပေါ့) ဆေးသုတ်တံဝယ်ရ ..။ ဆေးသုတ်တံအရှည်တပ် ဝယ်ရ..။ ဆေးဝယ်ရ..။
အချိန်ကုန်ခံ သွားရွေးရ .။ ကြမ်းခင်းအတွက် ကိုယ်ဖာကိုယ်အလေးခံ သယ်ရနဲ့...အတော်
အလုပ်ရှုပ်သွားပါတယ်..။ တကယ်သုတ်ရတော့ သုတ်လိုက်တဲ့ဆေးပြင်တွေ မညီညာဘူး။
ဘယ်လိုမှ ကြည့်မကောင်းတာနဲ့ ဆရာထပ်ငှားရပါလေရော...။
ဆိုတော့ နှစ်ခါကုန်တာပေါ့..။
B&Qမှာဆေးရှာရ စုတ်တံ ရှာရ..ရေရောတဲ့ အချိုးအဆ စတဲ့သင်ခန်းစာရသွားပါတယ် ..လို့
မထင်ပါနဲ့လေ..။
နောက်တခါ ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မလုပ်တော့ဘူးဆိုတဲ့ သင်ခန်းစာပါ..။
နောက်တစ်ခုက ရေစုတ်မော်တာပျက်တာနဲ့ ကြုံတယ်.။ မော်တာပျက်နေတာ ကိုယ်က
မသိဘူး ။ ရေမလာတော့ ရေရုံးကို ဖုန်းဆက်မေးရတယ်.။ ရေဖိုးပေးဖို့ ပျက်ကွက်နေသလားဆိုပြီး။
ရေဖိုးလဲ အကြွေးမရှိပါဘူးတဲ့..။ ဆိုတော့ ရေမီးတွေပြင်တဲ့ဆိုင် အိမ်နောက်ဖက်က လမ်းထဲမှာ ရှိတာ
သတိရပြီး ရေသမားကိုသွားခေါ်ပါတယ်..။ သူက လာကြည့်ပြီး မော်တာပျက်နေလို့လား မသိဘူး
ဆိုပြီး မှတ်ချက်ချပါတယ်.။ ပျက်နေရင် ပြင်ပေးလေ..ဒါမှ မဟုတ် အသစ်လဲပေး ဆိုတော့..သူ ဝလို့
ကုန်းကုန်း ကွကွ မလုပ်နိုင်ပါဘူးတဲ့.။ တခြားဆိုင်က ဆရာ သွားခေါ်ပြီးပြင်ခိုင်းပါတယ်..။ဟိ
(ရေမော်တာက နေရာသေးသေးလေးမှာ ကြပ်ကြပ်သပ်သပ်ထားထားလို့ပါ..)
နောက်တော့ အသစ်လဲလို့ အဆင်ပြေသွားပြန်တယ်..။
ပြဿနာတစ်ခု တိုးလာပြန်ပါပြီ..။ အိမ်က မိုးစိမ့်ဝင်နေတယ်..။ ဒီမှာနေလာတာ အတော်ကြာပြီ
ဒီလို မိုးရေစိမ့်တဲ့အိမ် ဒီတခါပဲ ကြုံဖူးသေးတယ်.။ အိမ်ရှင်ကို ဖုန်းဆက်ပြောရတယ်..။ အိမ်ရှင်က
နောက်ဆုံးပြင်ပေးသွားတဲ့ လက်သမားဆရာကို ပြန်ခေါ်ပြင်မယ်တဲ့။ ဒီလိုနဲ့ ..........၂လလောက်ရှိနေပြီ။
ခုထိ လာမပြင်ပေးသေးဘူး။ အိမ်ရှင်လဲ မျက်နှာပူလို့ အိမ်လခတောင် လာမယူရဲဘူး ။နောက်ဆုံး
ကိုယ်ကပဲ အထပ်ထပ်ဖုန်းဆက်လာယူခိုင်းတော့မှ အားနာနာနဲ့ လာယူတယ်။
နောက်သတင်းကောင်းတစ်ခုက ရေပူပေးစက်ပျက်သွားတယ်..။ ရေပူ လာလိုက် မလာလိုက်နဲ့။
ညည ရေချိုးရင် ရေနွေးအိုးတည်ပြီးချိုးရတယ်..။ ဒီအတွက်တော့ အိမ်ရှင်ကို ထပ်မပြောချင်တော့ဘူး။
ကိုယ်လဲ မျက်နှာပူတယ်..။
ဒီည လောလောလတ်လတ်အဖြစ်အပျက်ကလေးကတော့ တံခါးပျက်သွားပါတယ်။
အိမ်နီးချင်း အစ်ကိုကြီးတစ်ယောက်ကို အကူအညီတောင်းတော့ သူလဲ မပြင်နိုင်ပါ။
တံခါးပြင်တဲ့ ဆရာတစ်ယောက်ကို မနက်လာဖို့ ဖုန်းဆက်ထားရတယ်။
ဒီအတွက် အိမ်နီးချင်းအစ်ကိုကြီးက အကြံဥာဏ်ပေးတယ်..။ အိမ်ရှင်ကိုပြောပြပြီး
ပြင်ခိုင်းပါ တဲ့..။ ကျနော်က ရယ်ကျဲကျဲနဲ့ မပြောချင်တော့ဘူး.။ မျက်နှာပူတယ်လို့.။
ကဲ........
ဘယ်သူ့အပြစ်လဲ..။
အိမ် .......လား.။
ပြောင်းလာနေတဲ့ ကျနော်လား..။
GO.........................血拚
Posted by
PAUK
|
11/14/2010
|
Labels:
ရှော့ပင်း
|
8 comments
ဒီနေ့ ထုံးစံအတိုင်း ခခဘောလုံးပွဲ သွားအားပေးရပါတယ်။
ပွဲမစခင် မြက်ခင်းပြင်ပေါ်မှာ သူနဲ့ ဘောလုံးကစားလေ့ကျင့်ကြပါတယ်..။
ပထမပိုင်းမှာ သူက ဂိုးတိုင်စောင့်ရတော့ ပျင်းစရာကြီးဖြစ်နေတယ်.။
ပထမပိုင်းပြီးလို့ အားလပ်ချိန်မှာ ဂိုးတိုင်စောင့်ကို လူလဲဖို့ သွားပြောပေးပါတယ်။
ဒန်တန့်တန့်..။
ဒီနေ့ပွဲမှာလဲ ၀း ၀ ပါပဲ..။
တဖက်အသင်းကလည်း မခေပါဘူး..။
နောက်တပတ် ဆန်းဒေးကိုစောင့်ကြည့်ရတော့မှာပေါ့..။
ပြီးတော့ အိမ်ပြန် ရေချိုး ...ညစာကို အပြင်မှာ သွားစားစရာလို့ပါ။
( ညစာ ချက်ပျင်းနေတယ်..)
ခခက Chung Hsiao East Road, Section
(忠孝東路四段)
ဖက်မှာ သွားစားချင်နေပါတယ်။
အမှန်အတိုင်းပြောရရင် ကျနော် အဲ့ဒီဖက်မှာ သိပ်သွားစားလေ့မရှိပါဘူး။
သွားနေကျ အမဲသားခေါက်ဆွဲဆိုင်တစ်ဆိုင်ပဲရှိပါတယ်..။
(အမှန်က lotion တွေ.. creamတွေလည်း ပြတ်နေလို့ပါ..)
ဆိုင်ကယ်ရပ်စရာနေရာ ရှားပါးတဲ့နေရာမို့ တွေ့တာနဲ့ ကမန်းကတန်းဝင်ရပ်လိုက်ရပါတယ်။
အဲဒီလမ်းက နာမည်ကြီးSogoဆီဦးတည်လို့ပေါ့..။
(Sogoအများကြီးထဲက ဒီလမ်းက ပိုစည်ပါတယ်..။)
လမ်းက အကြာကြီးလျှောက်နေရပါတယ်..။
ဗိုက်က တဂွီဂွီမြည်နေပါပြီ..။
ဘာစားရမှန်းမသိ...။ ဆိုင်တွေက တပုံတပင်..။
နောက်ဆုံးတော့ SoGoဘေးက
Fridays
မှာပဲ ဝင်စားလိုက်တော့တယ်..။
စားပြီး ဆိုဂိုဖက် သွားတော့ နဲတဲ့လူအုပ်ကြီးမဟုတ်ဖူး.။
ဘာများဖြစ်လို့လဲ ဝင်သွားကြည့်တော့ discountချလို့ကိုး..။
စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဆိုတာမျိုးလို...
(ဟမ်..ကိုယ့်အသပြာကုန်မဲ့ကိစ္စကိုနော်.....ဟင်းးးးးးးးးးး)
ကိုယ်လိုချင်တဲ့ Eနဲ့စတဲ့ ကောင်တာဆီသွားပြီး ဝန်ထမ်းအမျိုးသမီးကို
လိုချင်တာ ပြောပြပါတယ်....။ သူက ဘယ်လို ဟာမျိုးလဲ သေသေချာချာမေးပါတယ်။
"အဆင်ပြေမဲ့ဟာသာပေးပါ...သိပ်မသိပါဘူး..လိမ်းစရာမရှိတော့လို့ မျက်နှာတင်းနေလို့
လာဝယ်တာပါ" လို့ ပြန်ပြောတော့ ရယ်နေတယ်..။"ဒါဆို အရင်က သူတို့ဘရန်ထဲက
ဘယ်အမျိုးအစားတွေ သုံးသလဲ"လို့ မေးတော့" ကြုံရာပ"ဲလို့ ပြန်ပြောလိုက်ပါတယ်..။ဟီးးဟီ
အမှန်ဝယ်ဖို့သွားတာက lotion နဲ့ cream ...မိတ်ဆက်ပြီးရောင်းပေးလိုက်တာက နောက်၁မျိုး
လောက်ပိုသွားတယ်..။
ဈေးချတာကလည်း ၁၀%ပါပဲ..။ သိပ်တော့ မထူးပါဘူး..။
၇၀၀၀ကို ၁၀%ဈေးချတော့ ၆၃၀၀ပေါ့..။
နောက် Mနဲ့စတဲ့ ကောင်တာဆီ ရောက်သွားပြန်တယ်..။
ကိုယ်ဝယ်မှာ ၁မျိုးတည်း..။ ပါလာတာက ၄မျိုးလောက်..။
သူကလည်း ဈေးချနေလို့ တန်လို့ ဝယ်သွားပါတိုက်တွန်းနေလို့..။
သုံးဖြစ် မသုံးဖြစ်ဆိုတာက နောက်ထား..။၃၀၀၀ကျော် လျှောသွားပြန်တယ်..။
ဖိနပ်တွေဖက်ရောက်သေးတယ်...။ လူတွေကြပ်တစ်နေတာနဲ့ ခေါင်းမူးလာတာနဲ့
(ကော့တေးလ်ကြောင့် ဟုတ်ဟန်မတူ..)
အိမ်အမြန်ပြန်လစ်လာရတယ်..။
မှတ်ချက် ။ ။ အမှန်ပြင်ဆင်ပြီးပါပြီ.။
အမှားလာထောက်ပြတဲ့အတွက် ကျေးဇူးပါ..။
တရုတ်လိုက ၁၀% ဒစ်စကောင့်ဆိုရင် 打
九折
လို့ ပြောကျင့်ရှိနေလို့ပါ။
You could be happy......
Posted by
PAUK
|
|
Labels:
သီချင်း
|
1 comments
Snow Patrol
ရဲ့ သီချင်းပါ..။
တလောက စီဘောက်မှာ သူငယ်ချင်းတစ်ယောက်ကို မိတ်ဆက်ပေးမိပါသေးတယ်.။
ပွင့်က
Run
ကို လင့်လာချပေးသွားလို့ စိတ်ကူးရသွားပါတယ်.။
ကျနော်ကိုင်တိုင်ကတော့
you could be happy
သီချင်းလေးကို ပိုသဘောကျပါတယ်။
ရိုးစင်းပါတယ်..။
အမြဲနားထောင်ဖြစ်တဲ့ သီချင်းလေးပါ..။(လိုအပ်ချက်အရ...)
"You could be happy "
You could be happy,
I hope you are ............
You made me happier than I'd been by far ...........
Newer Posts
Older Posts
Home
View mobile version
Subscribe to:
Posts (Atom)
The Rip
And as I take on myself.... And the bitterness I felt...
Blog Archive
▼
2024
(1)
▼
July
(1)
အလှ
►
2020
(2)
►
May
(2)
►
2015
(6)
►
August
(3)
►
July
(3)
►
2013
(10)
►
December
(1)
►
October
(2)
►
September
(1)
►
March
(2)
►
February
(4)
►
2012
(26)
►
April
(2)
►
March
(11)
►
February
(9)
►
January
(4)
►
2011
(118)
►
December
(8)
►
November
(5)
►
October
(7)
►
September
(8)
►
August
(8)
►
July
(11)
►
June
(15)
►
May
(16)
►
April
(9)
►
March
(10)
►
February
(12)
►
January
(9)
►
2010
(92)
►
December
(9)
►
November
(11)
►
October
(10)
►
September
(14)
►
August
(10)
►
July
(10)
►
June
(8)
►
May
(4)
►
April
(5)
►
March
(5)
►
February
(3)
►
January
(3)
►
2009
(87)
►
December
(7)
►
November
(3)
►
October
(3)
►
September
(4)
►
August
(8)
►
July
(7)
►
June
(6)
►
May
(10)
►
April
(6)
►
March
(10)
►
February
(15)
►
January
(8)
►
2008
(70)
►
December
(15)
►
November
(20)
►
October
(22)
►
September
(12)
►
August
(1)
https://ah-pauk.blogspot.com/2013/03/15-3-2013.html
သက်ဝေ
Look back to memory lane
2 months ago
A SMILING FLOWER
Soon to be moving new home
5 years ago
ကိုဧရာနဲ့အစ်မသီတာ
The Life of the Buddha – According to the Pali Canon
6 years ago
ပန်ဒိုရာ
စိတ်ရှုပ်တဲ့အခါ
6 years ago
လေနုအေး
ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်... ဘွဲ့ ရရင် ဘာလုပ်ကြမယ်
7 years ago
မမ
khin
7 years ago
Shinlay
လူသစ်
8 years ago
မယ်ဆင်
Family Day out
8 years ago
K
Havana Blues
9 years ago
ဖူးနုသစ်
အခြားတစ်ဘက်က ဘဝ
9 years ago
KKK
ငိုညည်းတဲ့ အသည်းများ....
10 years ago
N/A
တနေ့တာ အတွေး ( ၁၈၊၈၊ ၂၀၁၄ )
11 years ago
Pae
အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၈
11 years ago
စာစီနဖုံ ကြွက်စ်
Teachers
11 years ago
မမီယာ
စိတ်
13 years ago
လရောင်လမ်း
My World
Show 5
Show All
Followers
Welcome
free statistics
About Me
PAUK
View my complete profile
Labels
I
tag post
ကာရီးယိုး-စားစရာများ...
ခခ
ခံစားချက်
ခရီး
စားစရာ
စားစရာများ...
စိတ်ခံစားချက်.....
ညီမလေး မွေးနေ့
ကြည်အေး
ရုပ်ရှင်
လည်လည်
သီချင်း
သူငယ်ချင်းများနဲ့
အဖြစ်အပျက်
္တ
မေမြို့
မွေးနေ့
ခြေရှည်သမျှ
ရှော့ပင်း