အသည်းလေး


ကိုယ့်ကို ခခ ညတိုင်း နုတ်ဆက်နေကျ စကားလေးရှိပါတယ်..။
ကောင်းသောညပါ..စောစောအိပ်ပါ ဆိုပြီး..။
ညစဉ် ညတိုင်း ပါပဲ..။

အရင် ကိုယ့်အလုပ်က သူဌေးမ ဆေးလိပ်သိပ်သောက်ပါတယ်..။
အလုပ်ထဲလည်း မရှောင်သောက်ပါတယ်..။
တခါတော့ အလုပ်မှာ ကိုယ့်သူဌေးမနဲ့ခခ ကြုံမိတော့ ခခကပြောပါတယ်..။
ဆေးလိပ်သောက်ရင် အသည်းကြီးမည်းသွားလိမ့်မယ်..တဲ့..။ အသည်းမည်းမှာမကြောက်ဘူးလားလို့..ထပ်မေးပါတယ်..။
သူဌေးမက တဟားဟားနဲ့ပေါ့..။ချာတိတ်လေးက လာ လာချည်သေးတယ် ဘာညာပေါ့...။
အမှန် ခခက နားလည်လို့တော့ မဟုတ်ဘူး..ကျောင်းက ဆရာမကပညာပေးအနေနဲ့ ပြောပြတာတွေ
မှတ်ထားပြီး လက်တွေ့ အသုံးချနေတာ..။

အခုတလော ခခ ကိုယ့်ကို စောစောအိပ်ခိုင်းရာမှာ
အရင်ကလို ကောင်းသောညပါ..စောစောအိပ်ပါဆိုရုံတင် မကတော့ဘူး။
အနည်းဆုံး ည ၁၁နာရီအိပ်သင့်တယ်လို့ တိုက်တွန်းနေတတ်ပါပြီ..။
ည ၁၁နာရီနဲ့ မနက် ၂နာရီကြားမှာ အသည်းကို အနားပေးပါ တဲ့..။
အသည်းကောင်းမှ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်တွေ မလိုလား အပ်တာတွေကို
အသည်းက ခြေဖျက်ပေးနိုင်စွမ်း ရှိပါမယ်..တဲ့..။
ကိုယ့်မှာ ငိုရခက် ရယ်ရခက်..။
လိုက်နာရခက် မလိုက်နာရခက်နဲ့..။
နောက်ထပ် ဖြည့်စွက်ချက်တွေက ပါလိုက်သေးတယ်..။
အသည်းကောင်းဖို့အတွက်..
အရက်မသောက်ရ
ဆေးလိပ်မသောက်ရ
ညဥ့်မနက်ရ တဲ့..။
ကျနော်က အထွန့်တက်လိုက်တယ်..။ဘီယာက အရက်မဟုတ်ဘူး..။
ဘီယာရော သောက်ခွင့်ရှိလား ဆိုတော့..။
သူက..
တူတူပါပဲတဲ့ ..။ သောက်ခွင့် မရှိပါဘူးတဲ့ ။
ကျနော်ရဲ့ အခုအလုပ်မှာလည်း စားပွဲပေါ်မှာဆေးလိပ်ဘူးချထားပေးပါတယ်။
ခခနဲ့ရင်းနှီးတဲ့ အသိဧည့်သည်ဆေးလိပ်ယူသောက်ရင် ခခက ဆေးလိပ်ဘူးပေါ်ပါတဲ့
ဆေးလိပ်သောက်ခြင်းဆိုးကျိုးတွေကို ဖတ်ရွတ်ပြတတ်ပါတယ်။

အခုတလော ကျနော့်သူငယ်ချင်းတွေ့တိုင်း ဖုန်းဆက်တိုင်း စောစောအိပ်ဖို့
နားချကြပါတယ်..။(နင် ပင်ပန်းရင် စောစောအိပ်လေ...ဘာဘာ ညာညာနဲ့..)
ကျနော်ထင်ပါတယ်..............
အသည်းလေး အတွက်ပဲ ဖြစ်မယ်လို့................။

SHIN ခေါက်ဆွဲပြုပ်

အသင့်စား ခေါက်ဆွဲခြောက်ထုတ်တွေ စားခဲပါတယ်..။
လွန်ခဲ့တဲ့ ၃..၄ နှစ်လောက်ကဆို တစ်နှစ်နေလို့ တစ်ထုတ် နှစ်ထုတ်လောက်ပဲ စားဖြစ်ပါတယ်..။
အိမ်မှာ shinတံဆိပ် ကိုရီးယားခေါက်ဆွဲခြောက်ထုတ်ရှိနေတာနဲ့ ချက်စားဖြစ်ပါတယ်..။
ကိုရီးယားခေါက်ဆွဲခြောက်ထုတ်ကို ချိစ်နဲ့ တွဲစား တော်တော် လိုက်ဖက်ပါတယ်.။
ဟင်းရွက်မရှိလို့ ရှိတဲ့ ရုံးပတီသီး၃ချောင်းထည့်ချက်ထားတယ်..။
ခေါက်ဆွဲကျက်လို့ ပန်းကန်ထဲထည့်ပြီးချိန်မှာ ချိစ်ပြားလေး တင်လိုက်ပါတယ်..။
ကြက်သွန်မြိတ်ရှိနေတာနဲ့ ပါးပါးလှီးဖြူး..။
(ကြက်ဥကွဲသွားတယ်...)
မုန်ညှင်းဖြူကင်မ်ချီး မရှိလို့ ရှိတဲ့ မုန်လာဥဖြူကင်မ်ချီးနဲ့ တွဲစားလိုက်ပါတယ်..။


ကျေးဇူးတင်ပါသည်..။

မုန့်ဟင်းခါးကျွေးလို့ စားရပေအုန်းမယ်..။
စာလေးတစောင်တောင် မသထာဘူး..။



အရှေ့ဆုံးက ၆ကွင်းပါ လက်စွပ်ကွင်းလေးတွေလဲပါတဲ့ အစုံကို အကြိုက်ဆုံးပါပဲ..။
ကျန်တာတွေလဲ လှပါတယ်..။
ဝတ်စုံလေးပဲ..။
(မယ်ဆင့်ကိုမျှော်နေတယ်..)

ညစာ ဆန်ခေါက်ဆွဲဘာဘာ ညာညာ...။
အရေးထဲ မုန်ညှင်းချဉ် ကုန်နေတယ်..။
ဟားဟား..။

လက်ခံပေးပါ...

လက်ခံပေးပါ..(မျိုးကြီး)

(မှတ်ချက် ။ ။ စီဘောက်စ်က မြိုးကြီး မဟုတ်ပါ)

ငါ့ရဲ့စိတ်နဲ့ ခန္ဒာ
မင်းရဲ့ ရှေ့မှောက် ခစား
( လက်ခံပေးပါ..)

ဒီမှာ ငါ ကျရှုံး ပြီ ...
မင်းခြေအစုံမှာ လက်နက်ချ
အရှုံး ငါ ပေးရင်း
ဘဝတစ်ခုလုံး
နင် သိမ်းကာ ယူလိုက်ပါ..
ငါ့ရဲ့ ဘဝဟာ
နင့်ရဲ့ အလိုတော် အတိုင်း...

ငါ့ ရဲ့ ချစ်ခြင်းတွေ ပြိုလဲ
အရှုံး ငါ ပေးနေပြီပဲ..
ကျေနပ်လို့ သိမ်းပိုက်ပါ..
ငါ့ အတွက် ဆက်ပြီး အနိုင်ယူလဲ..
ငါ့လက်မှာ ချစ်ခြင်းများ...
(နင် သိမ်းပိုက်လို့ ယူပါ..)

မြင်နိုင်နေပြီပဲ
ဒီဘဝကို မင်းယူလိုက်
ငါ ရှုံး တယ်..
ငါ ရှေ့ဆက် အသက်ရှင်ချိန်များ
ငါကြည်ဖြူတယ် ယူပါ မငြင်းပါဘူး..
( ယူလိုက်...)
ဘဝတစ်ခုလုံး နင် သိမ်းကာယူလိုက်ပါ..
ငါ့ရဲ့ဘဝဟာ နင့်ရဲ့ အလိုတော်အတိုင်း..

ငါ့ ရဲ့ ချစ်ခြင်းတွေ ပြိုလဲ
(အရှုံး ) ငါ ပေးနေပြီပဲ..
ကျေနပ်လို့ သိမ်းပိုက်ပါ..
ငါ့ အတွက် ဆက်ပြီး အနိုင်ယူလဲ
ငါ့ရင်ထဲ ချစ်ခြင်းများ...
နင် သိမ်းပိုက်လို့
( ယူပါ........)

အုန်းထမင်း

မတီတီဆွိအုန်းထမင်းချက်တာဖတ်ပြီး လက်တည့်စမ်းချင်တယ်..။
အုန်းထမင်း စားလေ့မရှိဘူး..။
အိမ်မှာ အမေနဲ့ ညီမလေးကလွှဲလို့ ဘယ်သူ့မှ သိပ်မကြိုက်ကြဘူး..(ထင်တာပဲ..)
၂၀၀၉ပြန်တုန်းက အိမ်နောက်ဖက်က သူငယ်ချင်းအိမ်က ချက်ကျွေးတာပဲ မှတ်မှတ်ယယ။


ကြက်သွန်နီအသေးလေးတွေကို ဝါနေအောင်ကြော်ပြီးဆယ်ထားလိုက်တယ်..။
နောက်တော့ ဥကြီးကို မထူမပါးစိပ်ပြီး ကြော်ပြီးအုန်းနို့ထည့်ချက်ထားတယ်..။
ပြီးတော့ ဆန်ဆေးင်္ပြီးသားပေါ်မှာ ထည့်လိုက်တယ်..။ဆား သကြားအနည်းငယ်စီထည့်ပါတယ်။
ပြီး ခလုပ်နှိပ်ချက်ပါတယ်..။



ကြက်သားဆီပြန် နဲ့...။



အချဉ်အတွက် ကြက်သွန်နီပါးပါးလှီးရေဆေး..တူနာငါးသေတ္တာထည့်..သံပုရာသီးရွှဲ၇ွှဲညှစ်..
ငန်ပြာရည်နဲ့ ငရုတ်သီးစိမ်းထည့် ..။ နံနံပင်မပါမဖြစ်..။ နံနံပင်မပါရင် အားကြီးစိတ်ဆိုးတယ်။



အသီးစားပါ..။
ဟင်းရည်မချက်ပါ.။ ပျင်းလို့..။

မတီတီဆွိ ကျေးဇူးပါ..။

P.S ..
ထမင်းချက်နေရင်း..ခခနဲ့ ပညာစမ်းကြသေးတယ်..။
ဟီးးဟီး..။

ထင်သလို.....................(ငါ)


(ကျနော်ဟာ ငယ်ငယ်တုန်းက အဖြူရောင်အင်္ကျီလေးကို ..
တကယ် စိတ်စွဲနှစ်သက်စွာ အမြဲတမ်းဝတ်ဆင်ခဲ့.....)
ကိုယ့်အကြောင်းကို ကိုယ်ပြန်စဉ်းစားရင် ဒီသီချင်းလေးပဲ နားထဲ တဝဲလည်လည်။
သိပ်လိမ္မာတဲ့ သားသမီးမျိုးမဟုတ်ခဲ့ပေမယ့် မိဘစကားကို ဂျစ်ကန်ကန်နဲ့ နားထောင်ခဲ့သူပါ။
ငယ်ကတည်းက မိခင်က ဒါဝတ်ဆို ဒါပဲဝတ်ခဲ့သူ..။
ဒီနား မသွားနဲ့ဆို မသွားရဲသူ..။(ပါးစပ်ကတော့ ပွစိ ပွစိနဲ့..)
ရေမကူးရဆိုရင်...ရေကူးကန်လိုက်သွားပြီး ကန်ဘောင်မှာပဲ သူငယ်ချင်းတွေကူးတာ
ထိုင်ကြည့်နေတတ်သူ..။ (ရေမကူးနဲ့လို့ပဲမှာထားတာ ။ရေကူးကန်မသွားရလို့ ပြောတာမှ မဟုတ်တာ)။
ပြောမဆုံးပေါင် တောသုံးတောင် လိုပါပဲ..။ ပြောရရင် အရှည်ကြီး..။

ကိုယ်ထင်သလို လုပ်ခွင့်..ကိုင်ခွင့်..ဘယ်တော့မှ အကောင်အထည် မဖေါ်ဖူးသလို..။
ဲပြောခွင့် ဆိုခွင့်ကတော့ ခွင့်မရှိလဲ ပြောတတ်လွန်းလို့ မိဘက သတိပေးတတ်ပါတယ်။
ဒီ ပါးစပ်နဲ့ပဲ လူမုန်းများမယ်တဲ့..။( အမေ မှန်ပါတယ်..ဟီးး)

အုပ်ထိန်းသူရှိစဉ်ကာလများမှာတော့ သွားစရာ လာစရာ လည်စရာ ပတ်စရာတွေကို
သတင်းပို့ရုံတင်..။ မျက်ကွယ်မှာ စိတ်ပူစရာ ဘာမှ မလုပ်ခဲ့သူ..။
ဆေးလိပ်တဖွာတောင် မသောက်ဖူးခဲ့သူ..။ ယမကာတငုံတောင် မသောက်ဖူးခဲ့သူ..။


အခုနောက်ပိုင်း ထင်သလို နေချင်စိတ်..ထင်သလို လုပ်ချင်စိတ်..ထင်သလိုတွေးချင်စိတ်တွေ
များလာပါတယ်..။

လွန်ခဲ့သော နှစ်အနည်းငယ်က ထင်သလို....................
.....................။

နောက်တော့ ထင်သလို အလုပ်ထွက်လိုက်ပါတယ်..။

အခုလည်း ထင်သလို အလုပ်လုပ်နေပါတယ်...
နေရာသစ်မှာပေါ့...။


အခုလောလောဆယ် ထင်သလို သွားချင်စိတ် ရှိနေပေမယ့် အလုပ်က ချည်နှောင်ထားလို့..
မသွားနိုင်သေး...။




ပုံကို ဒီက ယူပါတယ် ။

လမုန့်ပွဲတော်


ဒီနေ့ လပွဲတော်နေ့ဖြစ်တယ်..။
ခါတိုင်း အကင်လုပ်စားနေကျ သူငယ်ချင်း မလုပ်ဖြစ်လို့ မကင်တော့ဘူး။
ဆိုတော့ အပြင်မှာ သွားစားဖြစ်တယ်..။
သူငယ်ချင်းတွေနဲ့...။
၁၀၁ အဆောက်အအုံနားက ဆိုင်မှာ ဘူဖေးစားဖြစ်ပါတယ်။
အအေးစာတွေ စားပြီးမှ ဓါတ်ပုံရိုက်ဖို့ သတိရတယ်..။


ပုဇွန်ကြော်ကို စားရင်း တန်းလန်း သတိရမိပါတယ်..။
(ဓါတ်ပုံရိုက်ဖို့ပါ..ဟီးး)
မုန်လာဥဖြူထောင်းနဲ့ကြာညိုရည်တို့စားပါ။



ဒါကရောက်တိုင်း မစားမဖြစ်ပါ..။
ခါတိုင်း ၄..၅ခုလောက်ကုန်တယ်..။ဒီနေ့၂ခုပဲ စားဖြစ်ပါတယ်။


ဒါက ရာဇဝင်နဲ့ ကော့တေးလ်ပါ..။
တခါက သောက်ကောင်းကောင်းနဲ့သောက်လိုက်တာ..
ခြေယိုင်သွားပြီး အိမ်မပြန်နိုင် ဖြစ်ရပါတယ်။ဒိနေ့တော့ ၄ခွက်လောက်ပါပဲ..။

ဆာရှိမိ
ခဏ ခဏ ယူစားမိပါတယ်။
ဘေးစွန်း လှမ်းမြင်နေရတာက အမဲသား။




အကင်...စားချင်လို့မဟုတ်ဘူး။
ပွဲတော်မို့..။


ပန်းသီင်္းဆိုင် ဝင်လည်မိသေး။


ဒီတံဆိပ် ကြိုက်ပါတယ်။
ဘယ်တော့မှ မဝယ်နိုင်ပါ.။
အလွန်ဆုံး စာရွက်ဖြူပေါ်မှာ သူ့တံဆိပ်လေး ခဏ ခဏ ရေးမိရုံတင်။


လမ်းဘေး အနုပညာသည်လေး..။
ကလေးတွေ သူ့ကို ချစ်ကြတယ်။


သနားစရာ အဆိုတော်..။
ဘယ်သူမှ သူ့ကို အားမပေးကြဘူး။






အိမ်ပြန်ချိန်ရောက်ပြီလေ..။
ဒီနေ့ဇာတ်လိုက်ကြီးကို မော့ကြည့်မိတယ်..။
သူကတော့ ပျော်ပျော်ကြီး သာနေတယ်။



မှတ်ချက် ။ ။ လမုန့်တွေ ရှောက်ပန်းသီးတွေ မရိုက်ချင်တော့ဘူး။
ပျင်းသွားပြီ။ မနှစ်ကပို့စ်မှာ ရှုစားနိုင်ပါတယ်။

covent garden မှာလဲ လမ်းဘေးအနုပညာသည်တွေအများကြီးကို
ရိုက်ခဲ့သေးတယ်..။ ဟိုမှာ ကျန်ခဲ့ပြီ.။ ပုံ၁၀၀၀ကျော်။