မုန့်ရေပါး










သူငယ်ချင်းအစ်မပို့လိုက်တဲံ့ ဆန်မှုန့်ကို ဆားထည့်ပြီးရေဖျော်ပါတယ်။ အချိုမှုန့်ကြိုက်သူ ထည့်နိုင်ပါတယ်။
ကျနော်ကတော့ သကြားနည်းနည်းထည့်ပါတယ်။
ပဲပြုပ် ။နံနံပင် ။ကြက်ဥ အသင့်ပြင်ထားပါ....။
သူငယ်ချင်းက ငရုတ်သီးစိမ်းထည့်ရတာကြိုက်လို့ သေးသေးစိတ်ထည့်ပါတယ်။
ဆီဝနေတဲံ့ ဒယ်အိုးအပြား(တကယ့်ကိုပြားပြားလေး) ကိုအပူပေးပြီး ဆီနဲနဲထည့်ပါ။
ပြီးတော့ ဖျော်ထားတဲ့ မှုန့်ရေကို သာသာလေးနှံ့အောင် လောင်းထည့်ပါ..
မီးသေးသေးနဲ့ကြော်ပါ ။ပြီးတော့..အသင့်ပြင်ထားတဲ့အဆာတွေ ဖြူးပြီး အိုးဖုံး
အုပ်ထားပေးပါ...။အနားသားလေးတွေ ညိုဝါပြီး ကြွလာရင် ထက်ခြမ်းခေါက်ပြီး
အိုးထဲကနေ ဆယ်ယူပါ..။
ကဲ...
သုံးဆောင်နိုင်ပါပြီ...။
မုန့်ရေပါးနဲ့ မုန့်ပျားသလက် မတူပါဘူး..။
မုန့်ရေပါးက ဒယ်ပြားထဲဆီထည့်ကြော်ရပါတယ်..။
မုန့်ပျားသလက်(မုန့်ပြစ်သလက်)ကတော့ ခွက်နေတဲ့ မြေဒယ်အိုးလေးနဲ့ မီးဖုတ်စားရတာပါ။
သူက ပိုထူပါတယ်..။
မုန့်ရေပါးကို တစ်ချို့က ရေမုန့်လို့လဲခေါ်ကြပါတယ်..။မယ်ဆင်ကပြောတော့ မကွေးဖက်မှာ
မုန့်ရေလို့လည်း ခေါ်ပါသတဲ့ ။
ကျနော်တို့မြို့မှာတော့ မုန့်ရေပါးနဲ့ မုန့်လင်မယားတွဲရောင်းကြပါတယ် ။
(မစူးမေးထားတာ ဒီမှာပဲဖြေလိုက်ပါတယ်။ အဆင်ပြေပါစေ)




သတိ ။ ။ မီးအေးအေးနဲ့ ကြော်ဖို့လိုပါတယ်..။
အလောကြီးပြီး မီးပြင်းရင် တူးပြီး အတွင်းက ပျော့ပြဲနေတတ်ပါတယ်။

သီချင်း




好的時候 你是真的對我非常好

吵的時候 你也真是狠的不得了

愛過的人應該都知道 那是一種什麼味道

能不能愛就好 別吵

你說我太需要浪漫 你很受不了

我說你太拈花惹草 我也快瘋掉

愛過的人應該都知道 (說不出)那是種什麼味道

沒有我的日子

你好不好

我好無聊

星星堆滿天 也不能比月圓

在我心理面 有那麼一點

對愛的固執 和對愛你的堅持

星星堆滿天 我還是最愛月圓

我中你的毒 中你的邪

我無藥可解 我為愛付出一切

我付出一切 我為愛付出一切


နေ့ နဲ့ ည...


ဒါ မနက် မိုးလင်းတိုင်း
တွေ့ရတဲ့ မြင်ကွင်းလေးပေါ့..။


လင်းတဲ့အိမ် လင်း..
မှောင်တဲ့ အိမ် မှောင်နဲ့...

သူငယ်ချင်းမလေးတစ်ယောက် ဇာတိမြို့ကိုသွားလည်ပြီး ရိုက်လာတဲ့ ပုံတွေပါ..။
နေရာတစ်ခုတည်းမှာ နေ့နဲ့ည ခွဲပြီးရိုက်လာတာပါ..။
လွမ်းတတ်သူတွေအတွက် အလွမ်းပြေပေါ့..။




မှတ်ချက် ။။ ။။ ဒဿနဆိုတာ သေသေချာချာကို မသိပါဘူး..။
ရေးတတ်သလိုရေးမိတာကို နားမလည်ဖြစ်နေရင် တောင်းပန်ပါတယ်။

ရေ

ငယ်တုန်းက နေခဲ့တဲ့ရပ်ကွက်ကအိမ်မှာ ကြည်လင်သန့်ရှင်းတဲ့ ရေတွင်းတစ်တွင်း ရှိပါတယ်။
အိမ်ရဲ့ ဘယ်ဖက်ခြမ်းမှာ လေးခန်းတွဲ လား..ငါးခန်းတွဲလား လို့မမှတ်မိတော့တဲ့..တန်းလျားတစ်ခု
ရှိပါတယ်...။အိမ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ကုလားအိမ်တစ်အိမ်ရှိပါတယ်..။သူတို့ခြံဝင်း အကျယ်
ကြီး ပေမယ့်လို့ ရေတွင်း ခပ်သေးသေးတစ်တွင်း ရှိပါတယ်..။ သြော် မေ့လို့ ..စောစောကပြောတဲ့
တန်းလျားမှာလည်း ရေတွင်းတစ်တွင်း ရှိပါတယ် ။ အိမ်နဲ့ မျက်စောင်းထိုးမှာတော့ ၆ခန်းတွဲလောက်
ရှိတဲ့ တန်းလျားတစ်ခု ရှိပါသေးတယ်..။ အဲဒီတန်းလျားမှာလည်း ရေတွင်း တစ်တွင်းရှိပါတယ်..။
ပြောရမယ်ဆို လမ်းထဲက အိမ်တိုင်း တန်းလျားတိုင်းမှာ ရေတွင်းတစ်တွင်းတော့ ပိုင်ဆိုင်ကြပါတယ်..။

ကျနော်တို့ရဲ့ ရေတွင်းက ရေက အေးမြပြီးချိုနေတယ် တဲ့...။ အမေပြောတာပဲ...။အမေက သူရေတွင်းက
ရေ ချိုပြီးအေးမြနေတာကို အမြဲဂုဏ်ယူပြီးပြောလေ့ရှိတယ် ။ နွေဆိုလည်း ရေမခမ်းတတ်ဘူး။
ဆိုတော့ လမ်းထဲက အိမ်နီးနားချင်းတွေကသောက်ရေအတွက် အိမ်မှာ အမြဲလာခပ်ကြပါတယ်..။
သုံးရေအတွက် သူတို့ရေတွင်းက ရေကိုသုံးပေမယ့်သောက်ရေအတွက်တော့ အိမ်မှာပဲ ခပ်ကြတယ် ။
အိမ်က ရေတွင်းမှာ ရေစုပ်စက်တော့ မရှိပေမယ့် စက်သီးနဲ့ ရေဆွဲရတဲ့ ရေတွင်းမျိုး ဖြစ်တာကြောင့်
အလွတ်ကြိုးနဲ့ ရေငင်ရတာလောက်တော့ မပင်ပန်းကြဘူးပေါ့။


ကျနော်တို့ အိမ်ပြောင်းတော့ ပြောင်းတဲ့ အိမ်မှာတော့ ရေတွင်းမရှိပါဘူး။ အစိုးရရေပိုက်ပဲ
သွယ်ထားပါတယ်။ရေပိုက်က ရေအမြဲမလာပါဘူး ။ ခွဲတမ်းနဲ့ လာပါတယ်..။ ၁ ရက်ခြား
တစ်ခါ ဒါမှမဟုတ် ၂ ရက်ခြား တစ်ခါ။တခါတလေ ရက်တော်တော်ကြာ မလာပါဘူး ။ အဲဒီလို ရက်ဆက်မလာတဲ့နေ့တွေမှာ အဖေနဲ့ အကူကောင်လေးက အရှေ့ရပ်ကွက်က လမ်းဘေး
ရေပြွန်တိုင်မှာ တန်းစီရပါတယ် ။ဒါမှမဟုတ် ရေကားတွေ ဝယ်ယူပြီး သုံးရပါတယ်။
ကျနော်တို့လည်း နွေရောက်လို့ ရေရှားပြီဆိုရင် အိမ်နောက်ဖက်က ထောက်ပို့ပန်းခြံမှာ
ရေသွားချိုးကြရပါတယ်။(အမှန်ကတော့ နေ့လည်က သွားလိုက်တာ ညနေမှ အိမ်ပြန်ရောက်တယ်) ။ အိမ်နီးနားချင်းက ကလေးတွေနဲ့။ဒါမှမဟုတ် ရေတွင်းရှိတဲ့ ဆွေမျိုးမိတ်ဆွေတွေအိမ်မှာ ရေချိုးကြရပါတယ် ။ နောက်တော့ အိမ်ရှေ့မှာ ရေတွင်းတစ်တွင်း တူးဖြစ်သွားပါတယ်..။ တူးရတာလည်း အတော်လေး
နက်ပါတယ် ။ အတော် နက်နက် တူးထားရလို့ထင်တယ်ရေခမ်းတယ်ဆိုတာ မရှိသလောက်ပါပဲ ။


တစ်နေ့က ကျနော့ရဲ့ မတော်လိုက်ရတဲ့ အမျိုးမလေးတစ်ယောက်က ရေသုံးစရာရှိလား လို့ မေးလာပါတယ်။
အမှန်က ဟိုးတလောကတည်းက ကျနော့်ခပ်တိမ်တိမ်ရေတွင်းလေး ရေခမ်းခြောက်မှာ စိုးပြီး
ရေသုံးစရာ ရှိမရှိ သူက မေးမေးနေပါတယ် ။ အဲဒီအတွက် ကြည်နှူးရပါတယ် ။ ကျေးဇူးလည်းတင်ပါတယ်။
ကျနော်လည်း နောက်ရေတွင်းတစ်တွင်းတူးဖို့ ဟန်ပြင်နေတာ ကြာပါပြီ ။ အကယ်လို့ တူးဖြစ်ခဲ့ရင်တောင်
အခုရေတူးတွင်း အခု ရေကြည်သောက်ချင်လို့ ဘယ်ဖြစ်ပါ့မလဲ ...နော့..။



အမျိုးမလေး=အိတ်စ်ယောင်းစ်

တစ်စုံ သုံး....လေး..ရာ..

မနေ့ညကတည်းက နှာစေးနေတယ်..။လည်ချောင်းလည်း နာနေတယ်..။
မနေ့ညက အိပ်ယာ စောစောဝင်ဖြစ်တယ်..။ အိပ်ယာပေါ်မှာ နားကြပ်လေးနဲ့
သီချင်းနားထောင်ရင်း အတွေးတွေထဲ လွှင့်မျောနေမိတယ်..။
သီချင်းတစ်ပုဒ် နားထောင်တော့ ...
တစ်စုံ တစ်ရာ ကိုသတိရသွားတယ်..။
အဲဒီတုန်းကတော့ တစ်စုံ တစ်ရာပေါ့...။
အခု တစ်ရာနဲ့ မရတော့ဘူး....
တစ်စုံ သုံး...လေး....ရာလောက်ဖြစ်သွားပြီ...။
...................................
ဈေးဆစ်ဖို့လား..........?

စိတ်မကူးပါနဲ့......။

ကြာလေ တန်ဖိုးမြင့်လေ.....။

ကဲ...
သီချင်းလေး နားထောင်ဖြစ်အောင် နားထောင်သွားပါဦး။
(အထူးသဖြင့်..နာမည်သုံးလုံးနဲ့ ဘလော့ဂ်ဂါကြီး..)

You Give me something..!!!





ဒီသီချင်းက ၂၀၀၆လောက်က ထွက်တာထင်တယ်..။
ကျနော်လည်း ၂၀၀၆မှာပဲ....
.....................
...............................
.......
.............
............................
.................




၂၀၁၀ - ကျနော့် သစ်ပင်ကို အမှောင်ခန်းထဲ ချထားလိုက်တယ်။


။။ ။။ လိုက်မမှီဘူးဆိုလို့ ထပ်မံဖြည့်စွက်လိုက်ပါတယ်။။ ။။

ညည်းတွားခြင်း...

အခုတလော...အစားအသောက်တွေ ခါတိုင်းထက် ပိုစားကောင်းနေတယ်..။
အိပ်ကောင်းတယ်နေတယ် ။ စိတ်တော့ ကောင်းမနေတာအမှန်ပဲ ။
ဘယ်သူပြောလဲ စိတ်နေမကောင်းရင် စားမဝင် ။ အိပ်မပျော်ဘူး..လို့ ။
ထမင်းစားရင် ပန်းကန်လုံး ၂လုံးလောက် အသာလေးပဲ...။ ဘာဟင်းလေးဖြစ်ဖြစ်
စားလို့ ကောင်းနေတော့တာ အမှန်ပဲ..။ အရင်က သိပ်မစားတဲ့ ပန်းသီးတောင်
အခု စားရင် အလုံးကြီး တစ်လုံး အသာလေး ။ဆန်ခေါက်ဆွဲ ဆိုလည်း ၁ပွဲနဲ့ မဝ ။
၂ပွဲနဲ့ မတင်းတိမ် ။ ဟော...ဒီနေ့ မြီးရှည်လုပ်စားပြန်တော့.. ၃ပွဲနီးနီးစားဖြစ်တယ်..။
(အရင်က ဆို မြီးရှည် မစားသလောက်ပဲ..သူတပါးအတွက်တော့ ကိုယ်မစားချင်လည်း
ချက်ကျွေးတတ်ပါတယ်..)
အရင်က မနက်စာကို မစားဖြစ်တဲ့သူက အခုဆို..မစားမဖြစ် စားနေရမှ..။
ထမင်းစားရင် မဝလို့ ထပ်ထည့်ရင် ဘေးလူကိုလည်း အားနာတယ်..။ ဟင်းစားလည်း
များလာတယ်..။
ဆိုတော့..
ကိုယ့်ကိုယ.်ကို ပြန်ဆန်းစစ်နေတယ်....။
ဘယ်နေရာ မှားနေလဲဆိုတာ...
သူငယ်ချင်းအိမ်မှာ ကပ်နေရပြီး...သူများဟာ..စားတော့..တစ်နင့် တစ်ပိုးဆိုတဲ့စကား
အခုတော့ မှန်နေပြီ..။



မှတ်ချက် ။။ ။။
ဘာရယ်မဟုတ်...ခေါင်းစဉ်ပြောင်းလိုက်မိပါတယ်။



အသွင်တူ၏ မတူ၏

အသွင်တူ၏ ။ မတူ၏ ကို ရေးဖို့ဟန်ပြင်နေတာ အခေါက်ပေါင်း
မရေနိုင်ဘူး။
ခခနဲ့ပတ်သက်လို့ သူငယ်ချင်းတွေ အမျိုးတွေက တူတာ။မတူတာတွေ
အမြဲယှဉ်ပြောလေ့ ရှိကြပေမယ့် အခုလိုရေးချပြရမယ်ဆိုတော့ ..
ဘယ်က စလို့ စရမှန်း မသိဖြစ်နေပါတယ်။
အခုခေတ်စားနေတဲ့ ဘောလုံးကနေ စပြောမှပဲ ....။
သူက ဘောလုံးမြင်ရင် ကန်လိုက် ပုတ်လိုက် ကစားလိုက်ရမှ ..။
ဘောလုံးဆို အသေးရရ အကြီးရရ..။ ဘတ်စ်ကက်ဘော။ တင်းနစ်ဘောလုံး။
ကန်တဲ့ဘောလုံး ။
ကျနော်က ဘောလုံးဆို ကမ္ဘာ့ဖလားပွဲကြည့်တာကလွှဲလို့ စိတ်မဝင်စား။

သူက ရေချိုးရင် နာရီဝက် ၄၅မိနစ်လောက်ကြာတတ်ပေမယ့်..ကျနော်က ၁၀မိနစ်
၁၅မိနစ်ဆိုပြီးတတ်နေတယ်။

သူက စာကလွှဲရင် အကုန်စိတ်ဝင်စားပေမယ့်..ကျနော်က သူ့ကို စာပဲလုပ်စေချင်နေတယ်။

သူက တီဗွီကြိုက်ပြီး ..ကျနော်က ရေဒီယို နားထောင်ရတာပဲသဘောကျပါတယ်။

သူက ဂိမ်းကို အသားကုန်ကစားပေမယ့်..ကျနော်က ဂိမ်းဆိုရင် ကလေးကစားတဲ့
အသေးစားဂိမ်းတောင် နားမလည်ပါဘူး။

သူက ကိုလာ(မသောက်ရပေမယ့်လည်း)ကြိုက်ပြီး ကျနော်က ကော်ဖီကြိုက်ပါတယ်။

သူက ဆံရှည်ကြိုက်ပေမယ့် ကျနော်က အတိုပဲကြိုက်ပါတယ်။

သူက သူစိမ်းတွေနဲ့ ရင်းနှီးလွယ်သလောက် ကျနော်က အစ ပထမမှာ စိမ်းနေတတ်ပါတယ်။

သူက လိုချင်တာ..သိချင်တာကို ဖွင့်ပြောမေးသလောက်..
ကျနော်က မေးရ ပြောရမှာ အားနာနေတတ်ပါတယ်။



တူတာတွေကတော့..
သီချင်း
စာအုပ်ဖတ်



မှတ်ချက်။။ ။။ စဉ်းစားလို့ရရင် ထပ်လာဖြည့်ပါ့မယ်..
အခုတော့ ဒီလောက်ပါပဲ..။အမှန်က ဒိထက်မက ..။။



ဆက်လက် တက်ဂ်လိုသူကတော့
မလုလု ဖြစ်ပါတယ်..။
ရေးပေးပါ..။