စတော်ဘယ်ရီ


စတော်ဘယ်ရီပင် (တိုး အတွက် မေတ္တာ လက်ဆောင်)


စတော် ဘယ်ရီခင်းး (မယ်ဆင်အတွက်..မေတ္တာလက်ဆောင်)




မပြောမဆိုပဲ စတော်ဘယ်ရီခင်းကို တင်ရခြင်းအကြောင်းကတော့...
ကျွန်တော်..ကောက်လှိုင်းဝါ၀ါတွေ မမြင်ဖူးလို့...
နွားလှည်း မစီးဖူးလို့ အဟားခံရတာကို မခံနိုင်လို့ပါ။။
န.တ.လ သူတို့...
လ.ပ.တ သူတို့ စတော်ဘယ်ရီပင်ကမျက်ဝါးထင်ထငိုမမြင်ဖူးတာကို သနားပြီးး
တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်..။။(ငှင်း ငှင်းး)
အခုတလော ပို့စ်တင်ဖို့ သိပ်စိတ်ပါလှတာ မဟုတ်ပါ..။။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်..။။
(အထူး..အထူးသဖြင့်ကတော့ န.တ.လ သူကိုပါ....ဟဲ)

လှတစ်မျက်နှာ






ယဉ်တကိုယ် လှတစ်မျက်နှာတဲ့...။။
ဒီကတော့ ယဉ်လည်းမယဉ်...မျက်နှာကတော့ ပြောမနေပါနဲ့တော့..။။
ဒီနေ့ ဒှီတစ်မျက်နှာစူပုပ်ပုပ်အတွက် မိုးထဲ လေထဲ ဘာမှ မှုပဲ shopping centerကို ချီတက်ရပါတယ်။။
သုံးနေတဲ့ ပစ္စည်းတစ်မျိုး ဒစ်စကောင့် ချနေတယ် ကြားလို့ပါ..။။
အရေးထဲ လမ်းမှားနေပါသေးတယ်..။။ တစ်ကွေ့ တစ်ပတ်ကြီးပတ်ပြီး ကောင်တာရှေ့ ရောက်ခါမှ
ကောင်တာက အမျိုးသား(ဟုတ်..အမျိုးသားပါ..)က လုံးဝ မချပါဘူးတဲ့။။
ဒီတော့ ခပ်တည်တည်နဲ့ သုံးနေတာ ရှိနေသေးပါတယ် ..ဈေးချတယ်ကြားလို့ အပြေးအလွှားလာဝယ်တာပါ
လို့ ပြောပြီး လှည့်ထွက်ခဲ့ပါတယ်..။

အပြန်လမ်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားနေမိပါတယ်..။။ဒီဈေးလျှော့တာလေးနဲ့ပဲ..
မိုးထဲ လေထဲ ဇွဲမလျှော့ပဲ လာဖို့ လိုအပ်ပါသလား ဆိုတာ..။။

(လှတစ်မျက်နှာဆိုလို့ အထင်မကြီးလိုက်ကြပါနဲ့..
စိတ်ထဲရှိတာ ဖြစ်ပျက်ခဲ့တာကို ရေးချင်လို့ပါ..။။)

လပွဲတော်...









ဒီနေ့ လပွဲတော်နေ့...
ပျော်ရွှင်ကြပါစေ...
အကင်တွေဟာ..ပတ်ဝန်းကျင်ကို လေထုညစ်ညမ်းစေပေမယ့်...
လပွဲတော်ရောက်ရင် အကင်လုပ်စားဖြစ်တာ ဓလေ့တစ်ခုလိုဖြစ်နေပါပြီ..
အမှန်က လမုန့်လေး မြုံလိုက်..အခါးရည်လေးသောက်လောက်..
လမင်းကြီးကို ရှုစားလိုက်နဲ့...ညရဲ့ အလှကို ဖြတ်ကျော်သင့်ပေမယ့်...
ခေတ်တွေပြောင်းလာတော့....မူတွေလဲ ပြောင်းလာတယ်လေ..။။
နာနတ်သီးမုန့်ကို လမုန့်ထက် ပိုကြိုက်ပါတယ်..။။
အားမနာကြပါနဲ့ အေးဆေး သုံးဆောင်ကြပါနော်..။။

ယောင်ချာချာနေ့...


ဒီနေ့ သူငယ်ချင်း ခေါ်လည်လို့ အပြင်သွားဖြစ်ပါတယ်..။။




လမ်းမှာ..ဆောင်းခိုဖို့ ပူနွေးတဲ့ နေရာကိုပြောင်းနေတဲ့ ငှက်အုပ်နဲ့ ကြုံလိုက်ပါသေးတယ်..။။
အပင်အနောက်က အဖြူရောင်အစက်လေးတွေက ငှက်အုပ်လေးတွေပါ..။။












နေရောင်ကတိုးထွက်ချင်နေပေမယ့်လည်း...
မိုးကောင်းကင်ကြီးက ပြိုမလိုလိုနဲ့ ညိုပြီး အတင်းတွန်းထုတ်နေတယ်..။။





လေတိုက်လွန်းတော့ စွန်(လေတံခွန်) လွှတ်တဲ့သူလဲ မရှားဘူး။။







သွား..လာ..လည်ပတ်နေပေမယ့်...လူက ဘာဖြစ်နေမှန်းမသိဘူး..။။
မပျော်ဘူးဆိုတာ သေချာတယ်...။။
ယောင်ချာချာ ဖြစ်နေတယ်..။။

အလွမ်းစာ..



ဒီမုန့်လေးက 油香 (ယို ရှမ်း) လို့ခေါ်ပါတယ်..
ကိုယ်တို့ဘာသာရေး ပွဲတော်တွေမှာ လုပ်တတ်တဲ့ မုန့်လေးပေါ့...
ငယ်ငယ်တုန်းက (အဖွားရှိစဉ်..) လုပ်တဲ့မုန့်က ဒီပုံစံတော့မဟုတ်ဘူး။။
ဆနွင်းမကင်းပုံစံလေးတွေ အပေါ်ကနေ တူလေးနဲ့ လိုက်ဖိရတယ် ။
ပြီးရင် နှမ်းစေ့လေးနဲ့ စမုန်စပါးစေ့လေးတွေ ကျဲထားလိုက်ရသေးတယ်။။
အခု ဒီမုန့်လေးက ယက်တောင်လေးလို လုပ်ယူရတယ်..(အဖေတို့နယ်ဖက်က လုပ်နေကျ ပုံစံလေးပေါ့)
တစ်သက်နဲ့ တစ်ကိုယ် ဒီမုန့်ကို ဒါပထမဆုံး ဂျုံမှုန့်ဝယ်ပြီး ကိုယ်တိုင် စမ်းကြည့်တာပဲ။။
中筋麵粉( Plain flour) သုံးရတယ်ဆိုတာလဲ အခုမှ သိတယ်..။။
သကြားရည် အေးမှ ထည့်ရတယ်ဆိုတာလဲ အခုမှသိတယ် ...ပြီးတော့ ထောပတ်ထည့်နယ်ရပါတယ်။။
ဆော်ဒါမုန့်အနည်းငယ်နဲ့ပေါ့ ။။မုန့်နယ်ရတာလဲ အသက်ထွက်မတတ်ပဲ..ချွေးတဒီးဒီးကျနေအောင်
နယ်ရတယ် ။။ ကျနော်လုပ်တာ မုန့်သားနဲနဲမာသွားတော့ တော်ရုံဒလိမ့်တုံးနဲ့ လှိမ့်မရဘူး။။
တအား အားစိုက်ရတယ် ။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ခေါ်ပြီး မုန့်သားလှိမ့်ခိုင်းရတယ်..
သူကတော့ ဒီမုန့်လုပ်တဲ့နေရာမှာ ဆရာမကြီးပဲ။။အဲဒီလိုနဲ့ မုန့်လေး ကြော်ဖြစ်သွားပါတယ်။။


နောက်၂ရက်လောက်နေတော့ ပွဲတော်အတွက် မုန့်များများ လုပ်လိုတာကြောင့် ညီအစ်မများတဲ့
သူငယ်ချင်းအိမ်ပြေးပြီး မုန့်ကူလုပ်ခိုင်းရပါတယ် ။။တစ်ယောက်တည်း မုန့်နယ်အုန်း..လှိမ့်အုန်း..
မုန့်သားကိုဓါးလေးနဲ့လှီးပြီး ပန်းဖေါ်အုန်းနဲ့ ပြီးရင် မီးအေးအေးနဲ့ ကြော်ရတော့...
မနိုင်လို့..။။(အဟီး ပိုင်တယ်နော်..)








ဒါကတော့ တခြားလူမျိုးများရဲ့ ပွဲတော်စာ ဆမိုင် ပါ..။။
အားမနာကြပါနဲ့..ဖြည်းဖြည်း သုံးဆောင်ပါ ။။

၉.၂၀.၀၉
















ပျော်စရာနေ့လေး..
မနက်ကတည်းက အမျိုးတွေအိမ်..အသိမိတ်ဆွေတွေအိမ်လည်ပတ်ဖြစ်ပါတယ်..။။
အိမ်တိုင်းစေ့ကျွေးတဲ့မုန့်တွေ မရိုက်လာနိုင်ပါဘူး.။။
လူလစ်တဲ့အိမ်တွေလောက်ပဲ ရိုက်လာဖြစ်ပါတယ်..။။
အိမ်တိုင်းက တစ်ခါသုံးပန်းရောင်ပန်းကန်လေးတွေနဲ့ပဲ ဧည့်ခံကြတာမို့..
ပုံစံတူလေးတွေချည်းဖြစ်နေတယ်..
ဆန်ချိုကျွေးတဲ့အိမ်ကကျွေး..
နွားနို့သာကူရည် တိုက်တဲံသူကတိုက်..
ပြောင်းဖူးမုန့်လုပ်တဲံသူက လုပ်..(အဖြူရောင်အုန်းသီးမှုန့်ဖြူး..)
အုန်းနို့ကျောက်ကျော..
တိုဟူးသုတ်..
ကြက်ဆီထမင်း..
အုန်းနို့ခေါက်ဆွဲ..
ဒိန်ချဉ်တို့ ရွှေရင်အေးတို့လဲပါသေးတယ်..(ပုံမရိုက်လာဖြစ်ဘူး)
သြော်..
တစ်နှစ်ကုန်ဆုံးပြန်ပြီ ။။

ငြိမ်းချမ်းတဲ့ကမ္ဘာမြေ...

鐵竹堂 - 和平世界




၂၀၀၃က သီချင်းဟောင်းလေးပါ..
ဒီအဖွဲ့ကို ကြိုက်လွန်းလို့..
နာမည်ကြီးး J - C ထက်ကို ကြိုက်ပါတယ်...။