

ဒီနေ့ ကြာဇံသုတ်လုပ်စားဖြစ်ပါတယ်..
ကျွန်တော်တို့ ရွာကကြာဇံသုတ်ပေါ့။။
ကြာဇံရေစိမ်ပြီး ပြုပ်ပြီးရေစစ်ထား။။ ကြက်သားခရမ်းချဉ်ကော်ရည်။နှမ်းထောင်းဆီချက်
ငြုပ်သီးဆီချက်။ ခါကျက်ဥအမျှင်ခြစ်ထား။ကြာညို့အငန်။ရှာလကာရည်+သံပုရာသီး
သကြားအနည်းငယ်။မြေပဲမညက်တညက်ထောင်း။နံနံပင်..စတဲ့အစာတွေနဲ့သုတ်ပါတယ်။။
ကျွန်တော်တို့အမျိုးတွေ ထမင်းစားဖိတ်ရင် အသုတ်အနေနဲ့ လုပ်တတ်တဲ့ ဟင်းတစ်မျိုးပေါ့။။
ကြက်သားခရမ်းချဉ်ကော်ရည်နေရာမှာ အမဲသားသုံးတာပိုများပါတယ်။။
အော်စွန်းရှိရင် စိတ်ပြီးရေစိမ်ထဲ့သုတ်စားလည်းကောင်းတာပဲ။။
သုံးဆောင်ကြပါနော်..အားမနာပါနဲ့...။။
ရိုက်ထားတာ ပုံနှစ်ပုံက အရောင်မတူလို့ နှစ်ပုံလုံးတင်လိုက်ပါတယ်။။