အရင်က ပေါက်

နိုင်ငံခြားထွက်လာခါစက...
ထမင်းလည်းမချက်ဘူး...
ဟင်းလည်းမချက်တတ်ဘူး...
ဈေးတော့နည်းနည်းပါးပါးဝယ်ဖူးပါတယ်...
(အိမ်က သတ်မှတ်ပေးတဲ့ဆိုင်တွေဆီကပဲပေါ့..တခြားဆိုင်ဆိုမ၀ယ်တတ်တော့ဘူး)
မှတ်မိသေးတယ်...
ဒီကိုထွက်လာခါစက...အမျိုးတစ်ယောက်အိမ်မှာနေ့တိုင်းထမင်းစားတယ်..
တစ်နေ့တော့....ကိုယ့်ကိုတာဝန်ပေးလာပါတယ်...
သူအပြင်သွားစရာရှိလို့တဲ့ သူ့အိမ်သားတွေကို ပန်းမုံလာကြော်ကျွေးလိုက်ပါတဲ့
ပန်းမုံလာကိုလည်းသူကလှီးချွတ်ပြီးသားအသင့်လုပ်ပေးထားတယ်..
ကြော်ရုံပါပဲ..
ပြဿနာလာပါပြီ...
ပန်းမုံလာကိုဒယ်အိုးထဲထဲံ့ပြီး..
အိုးဖုံး..ဖုံးရမလား..မဖုံးရဘူးလားဆိုတာ..မသိပါဘူး...
အို........အစိမ်းကြော်ကြော်တာပဲ ဖုံးစရာလိုမယ်မထင်ပါဘူးလေ..ဆိုပြီး
မဖုံးပဲထားလိုက်တယ်..
အိမ်သားတွေထမင်းစားကြတဲ့အခါ ပန်းမုံလာကြော်က အစိမ်းကြီးတွေရှိသေးတယ်..
ဦးလေးကြီးက ဒီဟင်းမကျက်သေးဘူးဆိုပြီးထပ်ကြော်ပါတယ်...
အဟီးဟိ...
မှတ်မိပါသေးတယ်..
အိမ်မှာနေတုန်းက...တရက်...ငါးဟင်းဆီပြန်ချက်တတ်ချင်တယ်ဆိုပြီး..
ချက်ကြည့်ပါတယ်...
ငါးကအတွင်းသားမကျက်ပါ...ဆားအလွန်ပေါ့ပါတယ်....
(ကျွန်တော် အငန်မကြိုက်ပါ..အချိုမှုန့်မကြိုက်ပါ)
မောင်လေးတွေနဲ့ညီမလေးကကွယ်ရာမှာ နှာခေါင်းရှုံ့ပါတယ်..
နောက်တခါ ပေါက် ကို ပေးမချက်ပါနဲ့..လို့ အမေ့ကိုပြောပါတယ်...
သြော်................
တခါက...
တခါက............




ပုဇွန်ပင်စိမ်းကြော် နဲ့ ဖီတန်(ဆေးဘဲဥ)သုတ်



ဟီးဟိ...
မနေ့ကညီမလေးကလာကြည့်ပြီး..
ပေါက် ဘလော့က ဟင်းတွေအကြောင်းချည်းပဲတဲ့..
ဒီနေ့လည်းဟင်းအကြောင်းပါပြောပါရစေ..
၁)ပုဇွန်ကိုကျောခွဲရေဆေးထားပြီး.၁၅မိနစ်လောက်
.ကြက်သွန်ဖြူ ..ကြာညို့အငန်..နဲ့နှက်ထားပေးပါ
၂) ကြက်သွန်နီ၁၊၄ စိပ်ထား..ငြုပ်သီးခြောက်အသင့်ပြင်ထား
ခရမ်းချဉ်၁လုံး၈စိပ်စိပ်ထားပါ...
၃) ပင်စိမ်းအနည်းငယ်ရေစင်အောင်ဆေးထားပါ...
ဒယ်အိုးထဲမှာ ဆီသင့်သလိုထဲ့ပြီးဆီကျက်လျှင်
နှက်ထားတဲ့ပုဇွန်ကို ရှဲကနဲမြည်အောင်ကြော်ပါ...၁မိနစ်လောက်..
ချက်ချင်းပန်းကန်တလုံးထဲမှာဆယ်ထားပါ..
ဆီနဲနဲထပ်ထဲ့ပြီးငြုပ်သီးခြောက်ကိုအရင်ကြော်ပါ..
ပြီးရင်..ကြက်သွန်နီစိပ်ပြီးသားထဲ့ကြော်ပါ..ပြီးရင်ခရမ်းချဉ်သီးထဲ့ကြော်
ခရုဆီနဲနဲ နဲ့ ဆားထဲ့ပါ..၂မိနစ်ကြာကြော်ပါ
ပြီးရင် ကြော်ပြီးသားပုဇွန်နဲ့...စစ်ထားတဲ့ပင်စိမ်းထဲ့ပြီး
၁မိနစ်ကြော်ပါ...
သုံးဆောင်နိုင်ပါပြီ....
အော်..
ပြီးတော့ဖီတန်(ဆေးဘဲဥ)လည်းသုတ်ပါတယ်..
ဖီတန်ကတော့လူတိုင်းသုတ်တတ်မှာပါ...






မုန်လာဥဟင်းရည်



ငါးကြော်ချက်နဲ့ တွဲစားဖို့...
မုန်လာဥဟင်းရည်ချက်ပါတယ်..
လိုအပ်တဲ့ပစ္စည်းတွေကတော့...
၁) မုန်လာဥ ထက်ချမ်းခွဲပြန်စိပ်ထား..
၂) ကြက်သွန်ဖြူ ၅..၆..ဥ ဓါးပြားရိုက်ပြန်စိပ်ထား..
၃) ငါးသေးသေးလေးအခြောက်ရေဆေးထား
်(ငါးခြောက်သေးသေးလေးကကိုရီးယားနဲ့ ဂျပန်မှာအသုံးများပါတယ်)
အိုးတစ်လုံးထဲမှာရေ..သင့်အောင်ထဲ့ပြီး ..(၂) နဲ့( ၃) ကိုထဲ့ကျိုထားပါ..
..မီးအလတ်စားနဲ့တည်ပဲါ့..ရေခန်းရင် ရေထပ်ထဲ့ပါ..
မိနစ်၂၀ကြာရင်..(၁)ကိုထဲ့ပါ ..ဆားသင့်သလိုထဲ့ပါ..
ဟင်းချိုမှုန့်မစားလို့..ဒီအတိုင်းချက်ပါတယ်..ငါးခြောက်ကအချိုဓါတ်ပါပါတယ်
မုန်လာဥနှူးတဲ့အထိချက်ပါ..ပြီးရင်..မီးပိတ်ပြီးးကြက်သွန်မြိတ် ခပ်ပေးပါ..
ငါးကြော်ချက်နဲ့ လိုက်ဖက်ပါသည်။။
နိရေ...
ငါးကြော်ချက်မကြိုက်ရင်..ဒီဟင်းရည်နဲ့ပဲမျှောရမှာနော်..ဟီးဟိ









秋刀魚(ဂျပန်လိုhiragana ငါး)ကိုကြော်ချက်စားဖြစ်ပါတယ်..
အခုချက်တဲ့နည်းကတော့..ကိုရီးယားမှာနေတဲ့တရုတ်(်山東人)တွေ
ချက်တဲ့နည်းလေးပါ..
ကိုယ့်သူဌေးကကိုရီးယားတရုတ်ဆိုတော့..အခုလိုအချိန်ဆောင်းဦးဆိုရင်..
ဒီဟင်းချက်စားလေ့ရှိပါတယ်...
ဒီငါးကဈေးလည်းသက်သာ..စားလို့လည်းကောင်းဆိုတော့..အမြဲချက်စားဖြစ်ပါတယ်..
ပေါချောင်ကောင်းပေါ့..အဟဲ..
1) ငါးကိုအတုံးတုံးထားပါ....ဆားနဲနဲလေးနဲ့နယ်ထားပါ
၂) ကြက်သွန်နီပါးပါးလှီးထား..ကြက်သွန်ဖြူဓါးပြားရိုက်ပြန်စိပ်ထား..
ငြုပ်သီး၎..၅တောင့်လောက်လှီးထား..ကြက်သွန်မြိတ်၂ပင်၃ပင်...လှီးထား...
ဂျင်းစိမ်းအပြားလှီးထားပါ..
၃)ကိုရီးယားငြုပ်သီးမှုန့်အနည်းငယ် နဲ့ကြာညို့အငန်( ပဲငန်ပြာရည်အကြည်)၅ဇွန်းလောက်
သကြားနဲနဲ...
ငါးကိုအရင်ကြော်ပါ...မီးသေးသေးနဲ့ ၂၅မိနစ်လောက်...ပြီးရင်ဒယ်အိုးဘေးကိုပို့ထားပါ..
၂ ကိုပုံပါအတိုင်းထဲ့ကြော်ပါ...၂မိနစ်လောက်..ပြီးရင်..၃ကိုထဲ့ကြော်ပါ....
ြ၂နဲ့၃ကို.. ၂မိနစ်လောက်မွှေကြော်ပါ..ပြီးရင်ဘေးကငါးကြော်ကိုရောမွှေကြော်ပါ..
၅မိနစ်လောက်...
စားနိုင်ပါပြီ...
ရေမထဲ့..ဆားထပ်မထဲ့ပါ...


fashions




ဒီနေ့တော့...
ကိုယ်နဲ့နီးစပ်တဲ့အ၀တ်အစားပုံလေးတွေတင်လိုက်ပါတယ်...
ကိုယ်နဲ့မလိုက်ဖက်ပေမဲ့..နိတို့...နုတို့...မတန်ခူးတို့အတွက်ပေါ့...
အညိုရောင်လေးကတော့...လက်ပြန်လိပ်တင်ထားတဲ့စတိုင်လ်က..ဒီနှစ်ခေတ်စားပါတယ်...
မိန်းမ၀တ်ရှပ်အင်္ကျီပဲဖြစ်ဖြစ်..အပါးစားကုတ်အင်္ကျီမှာ..အခုလိုစီလွန်ဆန်ဆန်ဆွယ်တာလေးမှာ
လက်လိပ်တင်ပြီး..ကြယ်သီးတပ်တာပေါ်တာများပါတယ်..
အသားရောင်တွင်းဆက် set လေးကတော့..မြန်မာပြန်လို့ထမီနဲ့ဝတ်လည်းအဆင်ပြေတဲ့ဒီဇိုင်းလေးပါ

ရှမ်းပဲပုပ်အရည်သောက်မြီးရှည်...




ဒီနေ့ည..မြီးရှည်လုပ်စားဖြစ်ပါတယ်...
ရှမ်းပဲပုပ်အရည်သောက်မြီးရှည်ကို...ကျွန်တော်ဒီကိုရောက်မှစားဖူးတာပါ..
အရင်မြန်မာမှာနေတုန်းက..အိမ်ကလုပ်ရင်..ကော်ရည်နဲ့ပဲငပိချဉ်စပ်နဲ့
မြီးရှည်အသုတ်ပဲစားဖူးတယ်....သူများအခေါ်မန်းလေးမြီးရှည်ပေါ့..
အရည်သောက်မြီးရှည်လုပ်တဲ့အသိကို..လုပ်နည်းမမေးရဲလို့..ကိုယ့်ဟာကိုယ်
စမ်းချက်ကြည့်ပါတယ်..စားလိုက်ရတဲ့သူငယ်ချင်းကကြိုက်တယ်ပြောပါတယ်..ငှဲငှဲ
မမေးရဲတဲ့အကြောင်းရင်းကတချို့သော..အိမ်ထောင်ရှင်မိန်းမများဟာ..ဟင်းချက်နည်းကို..
သိပ်သိပ်လျို့ဝှက်တတ်ကြပါတယ်..(အထူးသဖြင့်..ကျွန်တော်တို့လူမျိုးတွေ..မျက်မှေးလေးတွေပေါ့)
ပေါက်ချက်တဲ့နည်းကတော့.........
ကြက်သွန်နီဥကြီး၁လုံးအနည်းငယ်ပါးပါးစိပ်..ကြက်သွန်ဖြူဓါးပြားရိုက်ပြန်စိပ်..ဂျင်းတစ်တက်လှီးထား..
ငြုပ်သီးမှုန့်(ကိုရီးယားငြုပ်မှုန့်ပိုကောင်းပါကြောင်း..အရောင်လှလို့)..ခရမ်းချဉ်သီး၂လုံးလောက်..
ရှမ်းပဲပုပ်၃...၄..ချပ်လောက်ကိုမီးကင်ပြီးအမှုန့်မညပ်တညပ်ထောင်းထား...ဆီသက်..
ပြီးရင်..အနေတော်တုံးထားတဲ့ကြက်သားထဲ့ကြော်(အရိုးအသားတွဲရက်)
၃မိနစ်လောက်မွှေပြီးရင်..ကြက်ရိုးဟင်းရည်ရှိကြက်ရိုးဟင်းရည်ထဲ့..မရှိလည်းရေထဲ့..
ဆားသင့်သလိုထည့်..အချိုမှုန့်ကတော့မစားလို့မထည့်ပါဘူး...
ကြက်သွန်နီရဲ့အချိုဓါတ်နဲ့..ကြက်သားအချိုဓါတ်နဲ့တင်လုံလောက်နေပါပြီ..
မီးမပြင်းစေပဲ..တည်ထားပါ..တရုတ်မဆလာရှိရင်ထည့်ပေးပါ..၄၅မိနစ်လောက်ဆိုမိးဖိုပေါ်ကချလို့ရပါပြီ။။
ကျွန်တော်ကတော့..ကြက်သားကိုတစ်ရက်စောပြီးဆားနဲ့နှက်ထားတတ်ပါတယ်..
ချက်ခါနီးရေတချက်ဆေးပေးပါတယ်....ကြက်ခြေထောက်..လည်ပင်းရိုး..အကုန်ထည့်ပါတယ်။။
မြီးရှည်ခြောက်ကို..၃နာရီအလိုလောက်ကတည်းကရေစိမ်ထားရပါတယ်...
နံနံပင်ကြက်သွန်မြိတ်လှီးပြီးအသင့်ပြင်ထား...ငြုပ်သီးဆီ.ကြက်သွန်ဖြူဆီချက်..မုန့်ညှင်းချဉ်..ထဲ့စား
ဒီနေ့အိမ်မှာနှမ်းထောင်းဆီချက်ကုန်နေလို့မထဲ့လိုက်ရဘူး..
မြီးရှည်ခြောက်က..မြန်မာပြည်ကလာတာ..ရှာဝယ်လို့ကောင်းအောင်လို့..ထဲ့ထားပေးလိုက်ပါတယ်..








သစ်သီး



မြန်မာလို..ဘာအသီးခေါ်လဲတော့မသိဘူး..
တောင်းထဲမှာ..သင်္ဘောသီးရယ်..ဂရိတ်ဖရုသီးရယ်..အနီရောင်နဲ့မီးတောက်လို
အသီးရယ်...ထဲ့ထားတာပါ..
ဒီအနီရောင်သစ်သီးက..၀မ်းပူကျစေတယ်..တဲ့..
တရုတ်လို火龍果 လို့ခေါ်ပါတယ်..