မတ်ခ်ျလ နေ့တစ်နေ့

ဒီိလိုနဲ့ ဆံပင်ညှပ်သင့်အချိန်ရောက်လာပြန်တယ်..။
ထုံးစံအတိုင်း ဘွတ်ကင်လုပ်ထားတဲ့အချိန်ထက် နာရီဝက်နောက်ကျပြီးမှ
အိမ်က ထွက်ဖြစ်တယ်..။
ထုံးစံအတိုင်း taxiစီးဖြစ်တယ်..။
ကားထဲကနေ ဆံပင်ညှပ်ဆိုင်ဆီ နောက်ကျကြောင်းဖုန်းဆက်အသိပေးတော့
ကားသမားကြားသွားပြီး ကားအမြန်မောင်းပေးပါတယ်။
အမြန်ကားပေါ် မစီးရဲပါဘူး.။
ကားသမားကို အမြန်မမောင်းဖို့ တောင်းပန်ရသေးတယ်..။
(သများက အသည်းငယ်တယ်..အမြန်ကြီးမောင်းတဲ့ကားကို မစီးရဲဘူး)
ဆံပင်အရှည်ထားချင်ကြောင်း ပြောပေမဲ့ ညှပ်ပေးလိုက်တာ
တဖက်က မတရားတိုနေတယ်..။
ဆိုင်က ပြန်ထွက်လာတော့ ၁၁ရှိနေပြီ..။
 အသွားကတည်းက ဝင်ကြည့်ချင်တဲ့ သားရေလက်ပတ်ဆိုင်ကို
ဝင်ဖြစ်တယ်..။
သိပ်တိတ်ဆိတ်တဲ့ ကိုယ့်ရဲ့ အထိမ်းအမှတ်နေ့အတွက် လက်ပတ်၂စုံ
ဝယ်ဖြစ်တယ်..။
(ကိုယ့်နဲ့သိပ်မရင်းနှီးတဲ့
သူငယ်ချင်းတယောက်ကတော့ ပန်းစည်းနဲ့ ကဒ်လာပေးတယ်)
ကိုယ့်အမျိုးသာ ကြားရင်တော့ ဘာပြောမလဲ မသိ။
ပြီးခဲ့တဲ့လကမှ သူတို့ဆီက Aldo လက်ပတ်၂စုံဝယ်ခဲ့တယ်.။

ခခကတော့ surprise ဆိုပြီး  ရယ်စရာကောင်းတဲ့ဟန်းဖုန်းချိတ်သေးသေးလေး
 ၂စုံ နဲ့ ကဒ်ကို ည၉နာရီကျော်တော့ လာပေးတယ်..။

အမှန်က ဒီလိုပို့စ်တွေ မရေးချင်ဘူး။
ကွန်ပြူတာနဲ့ စကားပြောချင်တော့ ဒီလိုနည်းနဲ့ပဲ ပြောလို့အဆင်ပြေလို့သာ။
အခုတလော စိတ်အခြေအနေ သိပ်မကောင်းချင်။
အလကားနေရင်း ဝမ်းနည်းနေတတ်တဲ့ရောဂါ ရနေတယ်..။

14 comments:

အဲဒါ ရာဒီဥတုနဲ့လဲ ဆိုင်လိမ့်မယ်။ နွေရာသီရောက်လို့ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်ရင် ပိုပြီး ခံစားရ တတ်တယ်။ နောက်ပြီး အသက်က နည်းနည်း ကြီးလာရင် စိတ်က ပိုနု သွားပြီး လူက ခံစားချက် ပိုပြင်း လာသလိုပဲ.... ထစ်ကနဲဆို မျက်ရည် လည်ချင် သလိုလိုဖြစ် ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ကြိတ်ပြီး လဲ ဝမ်းနည်း တတ်လာ သလားလို့.....

မွေးနေ့မှာပျော်၇ွှင်ပါစေ၇ှန်

မွေးနေ့ သောကြာ တနင်္လာ
ကေသာ ဆံရှင်း ဘေးရန်ကင်း

ပေါက်ပျော်ပါစေ ပျော်ပါစေ
အလိုလို ၀မ်းနည်းနေတာတွေလည်းအမြန်ရပ်ပါစေ
ပျော်ပါစေ စိတ်ချမ်းသာပါစေ ဘေးရန်ကင်းပါစေ
ပေါက်ကိုဆုတောင်းပေးသလို ကိုယ့်ဘာသာလည်း ပြည့်ပါရစေ ပျော်ပါရစေ

ပုံ
လော၂ဆယ် ပေါက်လို ဘာလာပြောပြော ဘာစဉ်းစားစား ၀မ်းနည်းနေတာခံစားနေရသူ

ဟေ...မွေးနေ့လား...
ကိတ်မုန့်ခွဲသံမကြားလိုက်ဘူး..
လက်ပတ်ပြပါလား....။ ငါကတော့ ကလပတ်ဆို.. သားရေကြိုးမဲမဲပေါ်မှာ သတ္တုဖြူနဲ့ ဆူးတွေလိုလုပ်ထားတာကို မြင်ယောင်တယ်.. အာ့မျိုးပဲ မြင်ဖူးလို့လဲ ဖြစ်မယ်...။
ခခပေးတဲ့ လက်ဆောင်လဲ ကြည့်ချင်တာပဲ။

ပုံ/ ပေါက်ကို မလေးမ ဝတ်စုံ ဝယ်ပေးမယ်ဟု ပုံပြောဖူးသူ.... အဟိ..
နာဘဒူရဲ

အင်းဒီတခါလဲ ကြည့်ရတာ မွေးနေ့လို့ ထင်ရတာပဲ.. ပျော်ပါစေ..
N/A

╔♫╗────────╔═╦╗─♫╗╔╗─╔╗─♥──
║╩╠═╦═╦═╦╦╗║╚╠╬╦╣╚╣╚╦╝╠═╦╦╗
║╦║╬║╬║╬║║║║╔║║╔╣╔╣║║╬║╬║║║
╚╩╩╩╣╔╣╔╬╗║♫═╩╩╝╚═╩╩╩═╩╩╬╗║
────♫╝╚╝╚═╝─────────────╚═♥
ஜ۩۞۩ஜ ပျော်ရွှင်ပါစေ ஜ۩۞۩ஜ

ပန်းတွေပွင့်နေပီလေ.. ဝမ်းမနည်းနေနဲ့
အာဘွား

မွ.
happy birthday!

ံHappy Birthday!!

စဉ်းစားနေတာ ၂၇လား ၂၈လား ၂၉လားလို့ :D
အစကထင်တာက ဧပြီလ (ရတ နဲ့မှားနေတာဖြစ်မယ်)

happy belated birthday ma ma pauk :D

27လားလို့။ နောက်ကျသွားတာ ခွင့်လွှတ်ပါကွယ်..အသက်ကြီးတော့ နှေးလာတယ်။
ချစ်သော mm

ပေါက်
မွေးနေ့ကိုလာမနှုတ်ဆက်ဖြစ်ခဲ့ဘူး။
သတိတော့ရနေတယ်။