၂၁.၃.၂၀၁၂



မနေ့ညက စောအိပ်ဖြစ်တယ်..။
ဒီနေ့ ဦးနှောက်ကြည်လင်တယ်..။
မနက်ဖန်မှာ ဝမ်းနည်းခြင်းတွေပြည့်နှက်နေလိမ့်မယ်..။

အမှတ်တရအကြိုနေ့အဖြစ် ရရှိတဲ့ လက်ဆောင်က သိပ်ကြီးမားလွန်းတယ်။
ကိုယ့်စိတ်တွေ ချုံးချုံးကျအောင် လုပ်ဆောင်နိုင်တဲ့ စကားလုံးတွေ..။
စကားလုံးလက်ဆောင်တွေ...။
စကားလုံးကျည်ဆန်တွေ...။
စကားလုံးရေပူဖေါင်းတွေ..။
စကားလုံး သံချွန်တွေ...။
စကားလုံး မာယာတွေ...။

၉နှစ်ဆိုတာ သိပ်မကြာတဲ့ အချိန်ကာလတစ်ခုပေါ့..။
ဒီလိုပဲ ၉နှစ်ဆိုတာ သိပ်ကြာညောင်းတဲ့ အချိန်ကာလတစ်ခု..။
၉နှစ်ပဲဖြစ်ဖြစ်....
၉ရက်ပဲဖြစ်ဖြစ်....
ကိုယ်မလိုလားတဲ့ လက်ဆောင်တွေ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခြင်း
ခံရတဲ့အခါ .........
....................
.................
............
....................
............။

လမ်း

ဆက် 

လျှောက်


မယ်..။



ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ကူးယူပါသည်။

10 comments:

ဘောင်းဘီထဲလက်နှိုက်ပြီး ပလက်ဖောင်းဘေးကလျှောက်သွား
ဘေးပတ်ဝန်းကျင်လည်း သတိမထားမိတော့သလိုပဲ...
လျှောက်..............လိုက်....

ကိုယ့်စိတ်တွေ ချုံးချုံးကျအောင် လုပ်ဆောင်နိုင်တဲ့ စကားလုံးတွေ..။
စကားလုံးလက်ဆောင်တွေ...။
စကားလုံးကျည်ဆန်တွေ...။
စကားလုံးရေပူဖေါင်းတွေ..။
စကားလုံး သံချွန်တွေ...။
စကားလုံး မာယာတွေ...။

၉နှစ်ပဲဖြစ်ဖြစ်....
၉ရက်ပဲဖြစ်ဖြစ်....
ကိုယ်မလိုလားတဲ့ လက်ဆောင်တွေ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခြင်း
ခံရတဲ့အခါ .........
အင်းးးး တခုခု စိတ်ထဲမှာ ထိရှသွားသလိုပဲ...
စိတ်လျှော့ပြီး ကံကိုပုံချ လမ်းဆက်လျှောက်....ပါ..
တခါတလေ....

လမ်း ဆက် လျှောက်ပါ ပေါက်... ခခကို ဘေးမှာ လက်တွဲထား... နောက်ကို လှည့်မကြည့်နဲ့...
အိုကေ... Cheer up my dear... :)

စိတ်လျှော့

လမ်းဆက်လျှောက်ပါ ပေါက်....

စကားလုံးတွေကိုမေ့နိုင်အောင်လုပ်ပြီး..


pifhtone

ပုံလေးက heart ထိတယ်
တို့ တယောက်လုံးရှိတယ် အချစ်
အာဘွား

အိတ်စ်ယောင်းစ်

တစုံတယောက်အတွက် တနေရာရာမှာ ရှိနေပေးဖို့
အကယ်၍များ လိုအပ်မယ်ဆိုရင်...
...
ရှိနေပါတယ်...။
စကားလုံးတွေ...
စာလုံးတွေ...
မဟုတ်ဘူးနော်...
...
တကယ်တော့...ဒါဟာ
ဝိညာဏ်တွေ...
သူတို့...ပေါင်းကူးနေတယ်။

ကိုးရက် အဲ ကိုးနှစ်တောင်တိုင်ခဲ့ပြီပဲနော်..
လျှောက်...လိုက်...တော့း)

ဆွဲထားကိုယ့်လူရေ..
ဆွဲထားလက်ကိုကွယ်
ဆွဲထားပြောနေတယ် :P :P


ချစ်ခြင်းအားဖြင့်
မိစံ

ပေါက်သည်ခခအတွတ်မားမားရပ်ရင်းသူလဲကလေးလုပ်လို၏
(သူငယ်ပြန်၊အဲလေယောင်လို့၊သူငယ်ငယ်တုန်းက
အတိုင်းနုပျိုလျှက် ).... :)

အဲဒီ ဆွဲထား ကိုယ့်လူရေ ဆိုတဲ့ သီချင်းနာမည်က ဘာလဲဗျို့ ...