ခရီးသွားခဲ့တယ်..။

 တလောက ခရီးတခုထွက်ဖြစ်တယ်..။
အဲ့ဒီနေရာကနေ တခြားနေရာသွားဖို့ ကြံစည်ထားတဲ့အတိုင်း euro starရှိတဲ့နေရာကို
သွားရပါတယ်..။
ငပျင်းတစ်ယောက်ဖြစ်တာနဲ့ အညီ... မနက်၈နာရီ၅၀ ရထားကို မနက်မှ အထုပ်ပြင်ပါတယ်။
မထင်မှတ်ပဲ ရထားလွတ်သွားပါတယ်..။(အမှန်ကလဲ လွတ်သင့်ပါတယ်)
ဆိုတော့ နောက်ရထားထပ်စောင့်ရတော့တယ်..။
၁၀နာရီ၅၀ ရထား။
ရထားဆိုပေမဲ့  immigrationဖြတ်ရတော့ အချိန်၂နာရီလောက်ကြိုသွားသင့်ပါတယ်..။
(၁နာရီလောက်ကြိုသွားလည်း မှီနိုင်မယ်ထင်ပေမဲ့ တခါသေဖူးပျဉ်ဖိုးနားလည်
ဆိုသလို စောသွားတာ ပိုကောင်းပါလိမ့်မယ်)

 ရထားမမှီတော့ တခြားခရီးသွားတွေ ဝင်သွားတာကို
အားကျစွာနဲ့ ရပ်ကြည့်နေမိတယ်..။
HPကိုကြော်ငြာပေးတာမဟုတ်ပါ...။
(သူငယ်ချင်းက ဒီပုံကို မြင်တော့ နင် HPကိုကြော်ငြာပေးနေတာလားလို့ မေးပါတယ်)

 ခုံတန်းရှည်တွေမှာထိုင်ရင်း ဟိုငေး ဒီငေး..။

 ဆိုင်းဘုတ်တွေရှိပေမဲ့လည်း under ground ကထွက်ကတည်းက
တွေ့.သမျှူလူကို မေးပြီးမှ euro starရှိတဲ့နေရာကို ရောက်နိုင်ပါတော့တယ်..။

 M&S က ဂရိခ်ဆလတ်ဝယ်လာတယ်..။
မနက်စာ ဘာမှ မစားလာခဲ့ဘူး.။
အမျိုးရဲ့ ကင်မရာငှားလာခဲ့တယ်..။

 ကင်မရာငှားလာခဲ့တယ်ဆိုပေမဲ့ ကိုယ်မှ မသုံးတတ်ပဲ..။
မြက်ခင်းစိမ်းတွေ ကုန်းမြင့်တွေ သဘောကျလို့သာရိုက်လာရတယ်..။


 ဒါကတော့ ဦးတည်ချက်ရောက်ပြီး နောက်တနေရာဆီသို့ ပြည်တွင်းရထားပေါ်မှ
ရိုက်ထားစဉ်.....။

နောက်ဆုံးဦးတည်ချက်က ဒီမြို့ပေါ့..။

ဆက်ရန်....
မျှော့....
....

5 comments:

ပုံတွေ သေးလိုက်တာ.. မျက်စိမနည်းဖြဲကြည့်ရတယ်.. ကြီးကြီးတင်ပေးပါ

ဒီနားနဲ့ ဒီနားလေးကို ရထားလွတ်တယ်.. ဆိုးပ
:P

ဆက်ရန်....
မျှော့.... :P :P
ဖျားး ဖျားး လန့်ထှာ...



ချစ်ခင်လျှက်..
မိစံ

ပုံတွေက ကလစ်လိုက်ရင် ကြီးပါတယ်

၁ ရဲ့ အမေးကို ၃က ဖြေပေးသွားပါတယ်..။
ဒီနားနဲ့ ဒီနားလေးကို အိမ်က ဆရာမက
ဒီချိန်နဲ့ ဒီအချိန်ဆို လောက်တယ်တဲ့လေ..။


ချစ်ရပါသော မိစံ
သတိနဲ့နေပါလေ...



ပုံ..။
အိမ်ရှင်

မျှော့ တော့ မလုပ်ပါနဲ့ ပေါက်ရယ်..

ပုံ /
ကြောက်တတ်သူတဦး