အတွေးများနောက်ကွယ်မှာ...

 နေ့လည်က အားအားရှိ အသိတယောက်မိတ်ဆက်ပေးထားတဲ့ ဆံပင်ညှပ်ဆရာဆီ
ဖုန်းဆက်ကြည့်တယ်..။
ဒီည အား မအား မေးကြည့်ပြီး ချိန်းလိုက်တယ်..။
သွားနေကျမဟုတ်တဲ့ အပိုင်း ဖြစ်နေတော့ စိတ်မရှည်စွာနဲ့ အဝါရောင်ကားလေးနဲ့ သွားဖြစ်တယ်။
အတွင်းပိုင်းမှာဆိုတော့ အဝမှာပဲ ဆင်းဖြစ်ပြီး လမ်းမှာတွေ့တဲ့ ရဲကို ၂ခါမေးဖြစ်တယ်..။
mapကြည့်တဲ့ အလေ့မရှိပါဘူး.။ (မယုံရင် ~~ နဲ့ အတဝ ကိုမေးကြည့်ပါ..)
အေးစက်စက် ဆံသဆရာနဲ့ ညှပ်ဖြစ်ပါတယ်..။
စကားနည်းနိုင်သလောက်နည်းသော ဆံသဆရာပါပဲ..။
အတိုမညှပ်ချင်ဘူးပြောပေမဲ့ အရှည်ပေးမထားပါဘူး..။
ဒီလိုနဲ့.........ပဲ....။

 ပဲကို
ထင်မထားကြတဲ့အတိုင်း  မပြုပ်ပဲမနေပါဘူး.။
ပြုပ်ဖြစ်တယ်..။
ထန်းလျက်ကို ပထမတော့ ၁ခဲပဲထည့်ဖြစ်ပါတယ်..။

နောက် ရခါနီးတော့ နောက်၁ခဲထပ်ထည့်ဖြစ်တယ်..။
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တဝက်လောက်ထည့်ဖြစ်တယ်..။
ricecookerနဲ့ပဲ ဖြစ်သလိုချက်တယ်..။
ရေတဝက်ထည့်ပါတယ်..။
ဆားတော့ မထည့်ရဲ..။


ပဲပြုပ်ရှိနေမှတော့ အုန်းထမင်းနဲ့လိုက်တယ်တွေးမိပြီး အုန်းထမင်းချက်ဖြစ်တယ်..။
ကြက်သားလဲရှိတော့ ကြက်သွန်ဖြူ ဂျင်းနဲ့ပဲ ချက်ဖြစ်တယ်.။

 မယုံမှာစိုးလို့ ရှားရှားပါးပါး တပုံရိုက်ထားမိတာတင်လိုက်ပါတယ်..။
အုန်းထမင်း (သင်ဆရာများ = တီတီဆွိ &~~)

အမှန်က တူသုံးတယ်..။
ပြောခံရမှာစိုးလို့ တူမပါအောင် သတိထားရိုက်ထားပါတယ်..။
တွေးမိတာက..
အတွေးတွေရဲ့ နောက်ကွယ်မှာ အစားတွေ မပြတ်ပဲ..။

10 comments:

ပဲပြုတ်နဲ့ အုန်းထမင်းတွဲစားတာ ကြားဖူးဘူးတော့..
ပဲပြုတ်စားချင်တယ်

ပိုက်ပိုက်ရှိသူတွေဆိုတော့ ကားဝါလေးတွေ စီးနိုင်တာပေါ့လေ p.s. မမကို အားကျလို့ထင်တယ်.. :P

ချစ်တဲ့
အိတ်စ်ယောင်းစ်

ပဲပြုတ်က အားလုံးနူးတယ်ပေါ့ တချို့ ပဲတွေက မာဆတ်မာဆတ်မဖြစ်ဘူးပေါ့
နံနံပင်နဲ့ ရေခဲမုန့် တွဲစားတဲ့တိုင်းပြည်နေမှတော့ ပဲပြုတ်နဲ့  အုန်းထမင်းတွဲစားတာကြည့်ပီး ငြိမ်နေလိုက်တော့တယ်

အာဂျီးမားရဲ့  တချိန်က အသည်းတုံးဂျီး

ပဲပြုတ်နဲ့အုန်းထမင်းလိုက်တယ်ဆိုတာ ဘယ်မှာပါတာတုန်း
ချဉ်ပေါင်ဟင်းရည်ရော မတွေ့ဘူး..

လွမ်းစရာရှိရင် စားစရာနဲ့ဖြေ များလား

~~

ပဲပြုတ်ရင် ထန်းလျှက်ထဲ့ပြုတ်ရတာ မသိဖူးပဲ.. နောက်တကြိမ်ပြုတ်ဖြစ်လျှင် အိမ်မှတယောက်အား ဆရာလုပ်ရန် မှတ်သွားပါ၏။
N/A

ပဲပြုတ်နဲ့ နံနံပင် ဆိုတာလည်း အခုမှ တွေ့ဖူးပါတယ်

ပုံ
လိုက်မမှီ၍ လက်မှိုင်ချနေသူ တဦး

စကားချပ်
ဤဘလော့ဂ်မှ အစားအသောက်ပို့စ်များ နောက်ကွယ်မှာ...ဘာလာလာနံနံပင်ပါရမည် ဟု မှတ်သားမိပါကြောင်းးP

မသီတာလိုပဲ

ပဲပြုတ်က အဲဒီလို လား။
မှတ်သားသွားပါတယ်၊
တခါမှ မစဉ်းစားမိဘူး အဲလို၊
ခက်ခက်ပြုတ်ရမယ် မှတ်တာ၊


တုံးသူ

This comment has been removed by the author.

Now, I know whatI miss. I'll eat ပဲပြုတ်နဲ့ အုန်းထမင်း tomorrow. :lol :PPPPP

I have an interesting blog about news, event and incidents in Rusia at http://www.sknyatino.blogspot.com and I'am looking for new friends