အလွဲများ...

ညနေ ထမင်းစားပြီး ရေဒီယိုနားထောင်ရင်း ခခစာလုပ်နေတယ်..။
DJ က call in ဖို့ နားထောင်သူတွေကို ဖိတ်ခေါ်တော့ ခခ ကဖုန်းဆက်ဖို့
ခွင့်တောင်းပြီး ဆက်ပါတယ်..။
ဖုန်းဝင်တော့ သူပျော်ပြီး DJ ကို သူအရပ်ရှည်လိုကြောင်း ပြောပါတယ်..။
(ကျနော်က နားထောင်မနေတော့ သူတို့ပြောတဲ့ topic ကို မသိပါ)
DJနဲ့အမေးအဖြေတွေအပြီး DJကကြော်ငြာဝင်မှာမို့ ဖုန်းဆက်ကိုင်ထားခိုင်းပါတယ်..။
အဲ့တာကို သူကမသိပဲ ဖုန်းချလိုက်ပါတယ်..။
ကျနော်တို့က ဘာလို့ ဖုန်းချလိုက်တာလဲ ဟိုမှာ လက်ဆောင်ပေးမလို့
ဖုန်းဆက်ကိုင်ခိုင်းထားတယ် လို့ပြောတော့..သူမသိလို့ပါတဲ့..။ကြော်ငြာဝင်တော့
ပြီးပြီမှတ်လို့ ဖုန်းချလိုက်တယ်တဲ့..။
ဒါဆိုလဲ ပြီးရောပေါ့ ဆိုပြီး စာဆက်လုပ်ခိုင်းတာ မလုပ်ပဲ..ရေဒီယိုဆီဖုန်းထပ်ဆက်ပါတယ်..။
(အင်းး..မလျှော့သောဇွဲ....နေရာမမှန်တာ တခုပါပဲလေ..)
ဖုန်းဝင်တော့ သူက ပြန်မိတ်ဆက်တယ်...သူ ဘယ်သူပါ ပေါ့လေ..။
စောစောက ဖုန်းဆက်တဲ့ (....)ပါ..။ မသိလို့ ဖုန်းချလိုက်မိတာပါ ဘာညာနဲ့..။
အဲဒိတော့ ဟိုဖက်ကလဲ အိုကေ ဆက်သွယ်ရမဲ့ ဖုန်းချန်ပေး..။လက်ဆောင်ပစ္စည်းကို
ဖုန်းနဲ့ ဆက်သွယ်ပြီးပေးပါ့မယ်...ဘာညာပေါ့..။ ဒီလိုနဲ့ ရေဒီယိုခခ အစီအစဉ်ပြီးဆုံး၏။

တစ်ရက်က ခခ ကျောင်းကနေ သူများလွှင့်ပစ်တဲ့ပန်းချီဆွဲစက္ကူထူတွေနဲ့ ပြုလုပ်ထားတဲ့
ဓါးတချောင်း ဆိုပြီး အိမ်ကို ယူလာပါတယ်.။အဲဒီ စက္ကူဓါးစုတ်ကြီးကို အိမ်မှာ ထားထားတာ
၃..၄ရက်လောက်ရှိနေပြီ..။ ကိုယ့်မျက်စေ့ထဲ အတော်နောက်နေပြီ..။ ဒီလိုနဲ့ ဒိနေ့သူDJဆီဖုန်းဆက်
အပြီး အိမ်နားက တအိမ်သွားလည်နေတုန်း အိမ်ဘေးက ကလေး ၂ယောက်လာတာနဲ့ ပစ်ရမဲ့အတူတူ
သူတို့၂ယောက်ကို ပေးကစားလိုက်ပါတယ်..။
ကလေး၂ယောက် ကစားတော့ ဓါးလက်နဲ့ ဓါးသွားထက်ပိုင်းကျိုးသွားတယ်..။
ဒီလိုနဲ့ ဓါးစုတ်ပိုင်ရှင် အိမ်ပြန်လာတော့ သူ့ထက်ပိုင်းကျိုးဓါးစုတ်ကြီးကိုင်ပြီး ငိုပါတော့တယ်.။
အကြောင်းရင်းက အဲဒီစက္ကူဓါးကို ဆရာ့ဆီတင်ပြရမှာ ဖြစ်ပါသတဲ့..။
(ကျောင်းက သင်ခန်းစာပေါ့နော်..)
ဟီးးဟီးး...ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။
ဓါးကျိုးကြီးတော့ ရှိပါသေးတယ်..။ ဓါတ်ပုံရိုက်ဖို့ရာ စိတ်မပါသေး..။

အခု တင်လိုက်ပါပြီ..။

12 comments:

ဖြစ်ရလေ..းD
N/A

ကျွတ်..ကျွတ်..

အပေါ်က ၂ယောက် မုန်းစရာကြီးတွေ။

ပေါက်

DJ ဆီ ဖုန်းဆက်လို့ရတော့ ပျော်ရသလောက် သူ့ဓါးလေး ကျိုးသွားတာ အတော်ဝမ်းနည်း ရှာမှာပဲ၊း(
ကလေးတွေက သူတို့အကြောင်းပြချက်၊ သူတို့ ကိုယ်ပိုင် အဓိပ္ပါယ်တွေနဲ့ ရှင်သန် ကြတယ်နော်...။

ကလေးကို အနိုင်ကျင့်သော ပေါက်။ အသစ်ပြန်လုပ်ပေးလိုက်။

အစတည်းကမေးမကြည့်ဘူးလား ခခကို ဒီဓါးကဘာလုပ်ဖို့လဲ.. ဘယ်သူလုပ်တာလဲ.. ဘာညာ
ကြားမှာ information ပြတ်တောက်နေလို့ ဒီလိုဖြစ်ရတာ ခွိ..

ယူလာတဲ့နေ့ကတည်းက ပြောတယ်လေ..။
သူလုပ်တဲ့ ဓါး တဲ့ ဆိုပြီး.။
စိတ်မဝင်စားလို့ ကိုင်တောင်မကြည့်မိပေါင်..။
နောက်အပတ် တနင်္လာနေ့မှ ဆရာ့ဆီတင်ပြရမယ်လို့ သူက လေသံနဲနဲမှ မဟတော့... ငါ မသိဘူးပေါ့..။

This comment has been removed by the author.

ဘုရား..ဘုရား.. ကောမန့်တက်သွားမှ သိတယ် မတော်မတည့်တွေ ဖြစ်ကုန်ပီ... မေ့လိုက်ပါတော့

အမေဆိုပြီး ကလေးဟာကို ဝင်မစွက်ဖက်ပါနဲ့ .. ဟင်းဟင်း...
နောင် ၁၀ နှစ်အကြာမှာ ငါ့ကို ပြန်ပြောဖို့ ဒီစကားလုံး မှတ်ထားနော်...

မောင်ကြီးကို ဖတ်ပြပြီး ရီနေတယ်...။ ဓားကြီးပါ ပြလိုက်တယ်

အနော်စင်မတ်

ခခလေးသနားပါတယ်ပေါက်ရယ်။
အန်တီအိုင်အိုရာဒါးအစစ်ပေးမယ်လို့ ....(စတာနော်)