၁၈.၁၂.၂၀၁၁

 နေ့လည်က သွားရမဲ့ ကိစ္စတခုကိုရောက်ပြီးမှ ပြန်လှည့်ခဲ့တယ်.။
ဦးတည်ချက်မဲ့ သွားနေတယ်...။
မီးနီ ၂ခုကို အူကြောင်ကြောင်ဖြတ်ခဲ့မိတယ်..။
စိတ်တွေ ပြေးနေတယ်...။
တနေရာရာထိုင်ပြီး ခခနဲ့ စကားပြောမယ် စိတ်ကူးတယ်..။
တွေးထားတဲ့ တနေရာရာဆီ ရောက်မလိုလိုဖြစ်ပြီးမှ လမ်းကွေ့တခုမှာကွေ့ဝင်လိုက်တယ်..။
နောက်တော့ အိမ်ပြန်ရောက်တယ်..။
ဆိုင်ကယ်ထားပြီး Mcdonaldဆီသွားတယ်..။
လူတွေကို နောက်ကျောပေးထားတယ်....။
ဆိုင်ပေါက်ဝကို ငေးနေတယ်...။
ခခယူလာပေးတဲ့ သတင်းစာ ဖတ်တယ်..။




ရည်ရွယ်ချက်မဲ့တာ အတော်နေရခက်တဲ့ ကိစ္စပဲ...
ပန်းတိုင်မရှိတာလည်းလူကို ယောင်ချာချာဖြစ်စေတယ်
ရည်ရွယ်ချက်တွေ ပန်းတိုင်တွေကို မုန်းတာလည်း ကိုယ်ပါပဲ..။
အစီအစဉ်တွေနဲ့ ဓါတ်မတည့်ဘူး..။
ရေရှည်ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး..။
မနက်ဖန်ဆိုတာ ရင်းနှီးသလိုလိုနဲ့ စိမ်းနေတဲ့အရာ..။
အနာဂတ်ဆိုတဲ့ စကားလုံး အခုတော့ ရိုက်ဖူးသွားပြီ...။
အကွက်ကျကျ စီမံသူတွေကို အားကျရုံကလွှဲ၍.......။

 

7 comments:

အကွက်ကျကျ စီမံတိုင်းလဲ အောင်မြင်တာမှ မဟုတ်တာ..
တို့တွေ ပြောဖူးတဲ့ စကားတွေ မမှတ်မိဘူးလား

နောက်ဆုံးတော့လဲ ဖြစ်လာတဲ့ အခြေအနေကိုပဲ ကြုံသလို ရင်ဆိုင်ဖို့ အားမွေးရမှာပဲလေ

အိတ်စ်ယောင်းစ်

ပေါက်စာကိုဖတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ဂယောင်မှန်းသတိထားလိုက်မိတယ်။ ရည်ရွယ်ချက်တို့ ပန်းတိုင်တို့ဆိုတာ အတွေးထဲ ရောက်မလာတာကြာပြီမို့လို့။


ဆုံထင်

ခုနေ ကိုယ်ချရေးလည်း ဒီလိုပဲ ထွက်လာမှာ။

သူငယ်ချင်းကို ဘက က ပါလာတဲ့ ပစ္စည်းပေးတာ မုန့် ကျန်ဖြစ်အောင် ကျန်သွားတယ်။ (မြိုးနဲ့ အတဝ တုန်းကရောပဲ)

ဟိုရက်က ရုံးသွားတာ တိုက်ရိုက်ရောက်တဲ့ကားဆိုပြီး နံပါတ်မကြည့်ဘဲ တက်စီးတယ်။ မှားမှန်းမသိတော့ လမ်းထိပ်မှာမဆင်း၊ တမှတ်တိုင် ပိုပါသွားတယ်။

ဒီကနေ့ ပစ္စည်းသွားဝယ်တာ lift က အထွက် အင်တာချိန်းမှာ ယောင်ပြီး အပြင်ထိ ထွက်လိုက်မိတယ်။ ပြီး ပြန်ဝင်ရတယ်။
=(

ုဒီကလည်း အဲဒီလို ခဏခဏ
ယောင်ချာချာ ဖြစ်တယ်။

ပေါက် ... ပျော်ရွှင် အဆင်ပြေပါစေ။
ဒီလိုပဲတခါတလေဖြစ်တတ်တယ်။

ဘာပဲဖြစ်ဖြစ်အနားမှာ ခခ ရှိနေတာသိရလို့၊ စိတ်အေးသွားပါတယ်။
ဒီလိုပဲ ဖြစ်ပါတယ်။ အတူတူပဲ။

လွင့်နေတဲ့ စိတ်တွေ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြီး စုစည်းနိုင်ပါစေဗျာ..၊ အားလုံးအဆင်ပြေပါစေ..။