သူတို့လို ..

တစုံတယောက်နဲ့ စကားစပ်မိပြီး ကိုယ့်မှာ သတိရစရာတွေ အာရုံမှာ
ပေါ်လာတယ်..။
တစ်ရက်မှာ...
အဖေ ခရီးထွက်စရာတခုရှိနေတယ်..။
အဲဒီရက်တွေမှာပဲ အဖေ့ကို စိတ်ဆိုးပြီး စကားမပြောဘူး။
နှစ်ပတ် သုံးပတ်ကြာပြီးတဲ့နောက် အဖေ..ခရီးကနေ နေမကောင်းဖြစ်ပြီး
ပြန်လာတယ်..။ အိပ်ယာထဲလဲ သွားတယ်..။နောက်တော့...
အဖေဆုံးတယ်..။ အဲဒီတုန်းက ကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်မိတယ်။
နောက် လအတော်များများထိ အဖေ့ကိုသတိရစိတ်နဲ့ ငိုမိတယ်..။
ခုချိန်ထိလည်း အဖေ့ကို အိပ်မက် မက်တယ်..။
အိပ်မက်မက်တိုင်း အမေ့ဆီဖုန်းဆက်ပြီး အဖေ့အတွက်ရည်စူးပြီး မိဘမဲ့ကျေုာင်းမှာ
လှူခိုင်းတယ်..။
အဖေဆုံးတော့ အမေ၄၀ကျော်..။၄၄....၄၅ ထင်ပါတယ်..။
အမေ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ တခါမှ မမေးမိဖူးပါဘူး။
အမေ့ခံစားချက်တွေ သတိမပြုမိဘူး...။
အမေပင်ပန်းနေတော့မှာပဲ လို့ တခါမှ သတိတရ မမေးဖြစ်ခဲ့..။
ပူဆာစရာရှိတာ  ပူဆာမြဲ...။
အရင်လိုပဲ အမေ့ကို ကလန်ကဆန်လုပ်ဖြစ်တဲ့အခါလုပ်ဖြစ်..။
စကားနားထောင်တဲ့အခါ နားထောင်...။
 အမေတို့လို လူတန်းစားတွေဟာ....
သိသိသာသာ ဖိနှိပ်ခံရမယ်..။
မသိမသာ အနိုင်ကျင့်ခံရမယ်.။
အထင်သေးခံရမယ်...။
အမြင်နိမ့်ခံရနိုင်တယ်...။
လူတွေကလေ....
မဟုတ်ပါဘူး ..မဖြစ်နိုင်ဘူး....တရားမျှတမှုရှိပါတယ်...
ဘယ်လောက်ပဲ ပြောနေ..ပြောနေ...အဲတာတွေနဲ့ ဆန့်ကျင်ဖက်တွေနဲ့
အမေတို့ကို ပြု မူဆက်ဆံပြောဆို နေကြတာပဲ မဟုတ်လား...။
လူတွေက အကြင်နာ မေတ္တာတရားရှိကြပါတယ်လို့ ဘယ်လောက်ပြောပြော
မြေနိမ့်ရာ လှံစိုက်ချင်ကြတာ ချည်းပဲ အမေ..။
လူတွေရှေ့မှာ စာနာချင်ယောင်ဆောင်နေကြပြီး လူတွေကွယ်ရာမှာ
ခြေဖနောင့်နဲ့ ဖိခြေချင်ကြတယ်...။
တံတွေးထွေးပြီး အပြစ်တင်ဖို့ပဲ ကြိုးစားနေကြတယ်...။
ရေနစ်သူ ဝါးကူထိုးကြပါတယ်..။



မှတ်ချက် ။ ။ ဆက်ပါဦးမည်..
မျော့

10 comments:

ပေါက်ရေ
အမေတို့လို လူတန်းစားတွေဟာ....
သိသိသာသာ ဖိနှိပ်ခံရမယ်..။
မသိမသာ အနိုင်ကျင့်ခံရမယ်.။
အထင်သေးခံရမယ်...။
အမြင်နိမ့်ခံရနိုင်တယ်
ဟုတ်တယ်နော် ... ကိုယ်လည်း မေမေ့ကို
တခါမှ မမေးဖူးဘူး မေမေဘယ်လိုများ
ဖြတ်သန်းခဲ့လည်းလို့း( ကိုယ့်ဖေဖေလည်း
ကိုယ့်မေမေ အသက် ၃၅နှစ်အရွယ်မှာ ဆုံးသွားခဲ့တယ်
ခုဆို မေမေ ၆၃နှစ် ဘ၀ကို တယောက်ထဲ ဘယ်လိုများ
ရုန်းကန်ခဲ့လည်း မသိဘူး ပေါက်စာ ဖတ်ပြီး အရမ်းဝမ်းနည်းသွားတယ်း(

အင်း...
အာဘွား

အိတ်စ်ယောင်းစ်

ပေါက် .
.
.
.
ဘာပြောရမှန်းမသိသူ...

ဟုတ်တယ်...မဘေဘီ
ကျနော် တခါမှ မမေးမိဘူး.။
မတွေးမိဘူး..။
......

ပွင့်...
အင်း လို့ ပြောတာ ငါခံစားလို့ရတယ်။
မယ်ဆင် နဲ့ ရီတာ ..
နာမည်ခေါ်လိုက်တာနဲ့...
မျက်ရည်က ကျလာပြီ..။
ဒုက္ခပါလား..။
ဟားဟ..

ah Pauk....now ic.....
yeah.....that would be quite difficult.... both emotionally and physically as well..... i wish a selfish wish that my parents live together till the end of their time....

Hey.. keep staying strong. Hang in there, OK.

ချစ်ပေါက်ပေါက်ချစ်...
အူဝဲလေး အိပ်တုံး သီချင်းဆိုရအောင် လာခေါ်တာ...
နင့်လောက်တော့ သီချင်းမရဘူးအေ..လျှော့ဆိုပါ..(ဘောင်းဘီ)

ဖတ်ပြီး စိတ်မကောင်းဘူး ပေါက်ရယ်..
တို့မိဘတွေက သူတို့သားသမီးတွေအတွက် တော်တော်ကြံ့ကြံ့ခံခဲ့ကြတာပဲ။
ကိုယ့်အလှည့်ကျရင် အဲ့လို မိဘမျိုးဖြစ်ဖို့ စွမ်းနိုင်ပါ့မလား မသိဘူး။

Hold on .. Be strong !!!!!!!!