မျှော်လင့်ခြင်း ကွင်းပြင်

 ကျနော်တပုဒ်လောက် ငိုပြချင်ပါသေးတယ်.....ဆိုတဲ့..
မျှော်လင့်ခြင်း ကွင်းပြင်



ဒီ ကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်...
ဒီ မြက်ပင်များအပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်...
ဒီကောင်းကင်ကြီးထဲ မိုးတိမ်တွေ အမြဲပျံသန်း..
ကြည်နှူးစရာဘဝပေါ့ မင်းလေးနဲ့ ဟိုတချိန်က...
တို့ နှစ်ဦးသားအချစ်ကို တန်ဖိုး ထားကြတယ်...

ဒီ ကွင်းပြင်ကြီးဟာ အခုဆို လွမ်းစရာ...
ဒီ မြက်ပင်စိမ်းတွေ ခြောက်သွေ့ကာ ညိုမွဲနေ..
ဒီကောင်းကင်ကြီးလည်း
ဟိုးးးအရင်လို မလှတော့ဘူး...
ရင်ထဲမှာ အဆွေးများ..
မင်းထားပစ်ကာ ထွက်သွား...
တို့နှစ်ဦးသားဘဝဟာ ...
ကမ္ဘာကြီး ခြားထားသလို....
.....
........................
................
...............
ကြေကွဲစရာများနဲ့ တခြားနေရာမှာ မင်းပျော်မလား...
ငါ လွမ်းသလို မင်းလည်း အမြဲတမ်းတနေမှာပဲ...

မျှော် မဆုံးသော ကွင်းပြင် ..
အရင်အတိုင်း
လျှောက်ရအောင်.......

4 comments:

ဒီ မျှော်လင့်ခြင်းကွင်းပြင် သီချင်းလေး အရမ်းကြိုက်တယ် မပေါက်ရေ...။ အကြိုက်ချင်းတူတယ်။

အိပ်မရလို့ သီချင်းလာနားထောင်ပါတယ်..
ဒီတော့ တချိန်တုန်းက အဆောင်ရှေ့က ညတွေကို လွမ်းသွားရော..
N/A

ဒီသီချင်း အရမ်းကြိုက်တယ်...

ဒီသီချင်း ငါကြိုက်တယ်
စာသားတွေရေးထားတာ ဖတ်လိုက်ရတော့ လွမ်းလိုက်ထှာ....