ယနေ့ဖြိုသလစ်



မနက်က ဆန်စီးဝယ်ခဲ့တယ်။ ပဲရွက်(ပဲလိပ်ပြာ) ပါတယ်..။
ဟိုနေ့က ကျန်တဲ့ ဆန်ခေါက်ဆွဲအတွက်ဟင်းချက်တာကျန်တာနဲ့
ပြန်လုပ်စားဖြစ်တယ်...တစ်ယောက်တည်းပဲ..။

အမဲသားကြိတ်သားခရမ်းချဉ်သီးနဲ့ချက်ထားတာကို ကြက်ဟင်းရည်
လုပ်ထားတာရှိတာနဲ့ရောပြီး ချက်လိုက်တယ်..။
အိမ်ကပို့ထားတဲ့ ရှမ်းပဲပုပ်မီးကင်ထောင်းနဲနဲထည့်လိုက်တယ်..။



ညနေကျ စက်ဘီးစီးဖို့ အပြင်ထွက်တယ်..။
စက်ဘီးငှားတဲ့နေရာရောက်တော့ ဘာအိုင်ဒီမှပါမလာတော့ ငှားမရ..။
ဒီလိုနဲ့ စက်ဘီးလမ်းတလျှောက် လမ်းသလားတယ်...။
ဟိုငေးဒီငေး ငေးရတယ်...။
အိမ်ပြန်ရောက်တော့ မနက်က ဆန်စီး(ရှမ်းခေါက်ဆွဲ)ကိုပဲ ထပ်လုပ်စားပြန်တယ်။
သိပ်ကြိုက်လွန်းလို့တော့ မဟုတ်ပေမဲ့ ပိုနေတာရယ်...အပြင်ထွက်စားရင်
ငွေပိုကုန်မစိုးလို့ရယ် တွေးပြီးးး..။
(ခေတ်ကြီးက ကောင်းတော့တာ မဟုတ်..။ ချင့်ချိန်သုံးခါမှ တော်ခါကျမယ်)။
ညစာစားပြီး တီဗွီဈေးသွားစုံစမ်း..။
ရှင်းပြပြောသမျှ ခေါင်းညိမ့်နားထောင်ပြီးသကာလ....
ကျေးဇူးတင်ပါတယ်...ဝယ်ဖြစ်ရင် လာပါ့မယ်လို့ ချိုချိုသာသာပြောပြီး လစ်ထွက်ခဲ့တယ်။
လမ်းမှာ 小林煎餅 မုန့်ပူပူနွေးနွေးတွေ့တော့ စားဖြစ်ပြန်တယ်။
ညဈေးရောက်တော့ဟိုသူငယ်ချင်းတွေကို သတိရတော့ မြေပဲရေခဲမုန့်နံနံပင်လိပ်
ဝယ်စားရပြန်တယ်..။ဟိ
သွားနေကျ အပူအအေးအချို ရောင်းတဲ့ဆိုင်မှာ  麻糬燒 နှမ်းအရသာ ပြန်စားဖြစ်။
နောက်ဆုံးတော့ ဗိုက်ပြည့်ပြီး နေလို့မကောင်းတော့ သွားနေကျပန်းခြံကိုသွားရတော့တယ်။

13 comments:

I miss ကြက်သားသုပ် .. :(

ပုံလေးကလှလိုက်တာ.. စားချင်စဖွယ်နဲ့ ဒေါင်လိုက်ပုံနဲ့.. ရပါတယ်.. ဘက်ပေါင်းစုံကနေ နှိပ်စက်နိုင်ါတယ်..
N/A

ဗိုက်ပြည့်ပြီး နေလို့မကောင်းတော့ သွားနေကျပန်းခြံကိုသွားရတော့တယ်။

အဲလိုခေါက်ဆွဲလေး ကြိုက်တယ် ပေါက်... ရွှေပဲရွက်လည်း ကြိုက်...

ဖြိုသလစ်လည်း ကြယ်တိုက်ပဲ။
ပဲရွက်ကြိုက်တယ် ခခတို့မာမားရေ
mwaa

ဖြိုသလစ်ကလည်း ဖြိုပစ်ချင်စရာရယ်။

အာဂျီးမားလုပ်တဲ့ဆန်စီးစားချင်တယ်
ပဲလိပ်ပြာရွက် ဒီမှာရှိဘူး အဲ့အရွက်ကလေးနဲ့ စားရတာ ပိုပြည့်စုံသလိုပဲ
လည်ပင်းညောင်းတယ်

ဪ သူဖြစ်သလိုလုပ်နေတာရဲ့ တဝက်တောင် ကိုယ် သေချာ မလုပ်နိုင်သေးပါလား။

အဲ့ခေါက်ဆွဲထဲ ငါးငံပြာရည်ထဲ့စားသေးလားအေ့? နံနံပင်က နေရာတကာပါနေရတာ ရေခဲမုန့်ထဲအထိတောင်လိုက်ပါရသလားအေ့? အခုပြောတဲ့ပန်းခြံနဲ့ အရင်တုန်းကပြောခဲ့တဲ့၊ ကိုယ်အလေးချိန်လျှော့ဖို့ လှည့်ပတ်ပြေးရတယ်ဆိုတဲ့ပန်းခြံနဲ့ ဘာကွာခြားသလဲအေ့? တခုက လူကိုပင်‘ပန်း’စေပြီး နောက်တခုက မပင်မ‘ပန်း’ဆိုသလိုမျိုးလားအေ့? ကိုယ်အလေးချိန်လျော့ကျအောင် လုပ်ပေးတဲ့ပန်းခြံချင်းတော့ တူနေတာပဲအေ့။

အရွက်လေးတွေ စိမ်းနေတာ စားချင်သွားတယ်...
သတိရနေတယ် ချစ်ပေါက်ရေ...း)

အပြင်ထွက်စားရင် ငွေပိုကုန်မှာစိုးလို့ဆိုတဲ့ PAUK ရေ.. ပဲပုပ်ထောင်းမဘုန်းပေးရတာကြာပေါ့။ သတိရပါရဲ့...........။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

အဲဒီလို ခေါက်ဆွဲ အရည်ဖျော်လေး ကြိုက်တယ်
ရွှေပဲရွက်ရတာ ကောင်းလိုက်တာ

မနာလိုစရာ ဖြိုသလစ်။
ခေတ်ကြီးကမကောင်းပေလို့ပဲ...နော်။
ဗိုက်ပြည့်ပြီးနေလို့မကောင်းတဲ့အထိတောင်
စားသွားတာလား.............