နာရီပြင်ဆိုင် တမ်းချင်း

ဖဘမှာ ကိုယ့်မြို့ရဲ့ groupမှာ ပုံတွေတင်ရင်းး ပုံထဲက အကြောင်းအရာတွေ
မျှဝေရင်း ...အတွေးစတွေ ပုံဖေါ်ရင်း တွေးမိတာတွေ များလာတယ်..။
တချို့သောသူတွေတင်တဲ့ ပုံတွေ ကြည့်ပြီး ပြောင်းလဲလာတဲ့ အခြေအနေတွေကို
သိလာတယ်..။.
ကျနော်နေတဲ့ လမ်းမပေါ်မှာ ဆိုင်တန်းတွေ အများအပြား၇ှိတဲ့အထဲမှာ...
နာရီပြင်ဆိုင်တွေလည်း ပါတယ်...။တခြားမြို့လေးတွေတော့ မသိပါ..။
ကျနော်တို့ မြို့က သေးသလောက် နာရီပြင်ဆိုင်တွေ လိုအပ်တာထက် ပိုများနေတယ်
လို့ ထင်မိတယ်....။
မြို့ရဲ့ တခြားနေရာတွေက နာရီပြင်ဆိုင်တွေ မမှတ်မိတော့ပေမဲ့..ကိုယ်နဲ့ လက်တကမ်းမှာ
ရှိတဲ့ နာရီပြင်ဆိုင်တွေကိုတော့  အမှတ်ယပါသေးတယ်..။
Purcell towerနာရီစဉ်ကြီးအောက်က အတ်ချားဘရားသား နာရီပြင်ဆိုင်က Purcell
နာရီကြီးကို ပြင်ပေးနေကျ (လွှဲကောင်း လွှဲပါလိမ့်မယ်)
နောက် တိုက်ဝါဘေးက ရှန်ဟဲ နာရီပြင်ဆိုင် ..အဲဒီဆိုင်က နောက်တော့ ဆောက်လုပ်ရေး
ပစ္စည်းတွေ ရောင်းတယ်..။
အဲ့ဆိုင်က တရုတ်တော့ တရုတ်ပဲ ( ဘာတရုတ်မှန်း မသိဘူး- ဆိုလိုတာက ဘယ်နယ်က
တရုတ်မှန်း မသိတာကို ပြောတာပါ) သူ့အိမ်က သမီးအငယ်လေးက တမျိုးလေး..။
မောင်နှမ ၂ယောက်ပဲရှိတယ် ..။ အငယ်မလေးက...
ကျောင်းမနေရဘူး.။ မနက်ဆို  ဆိုင်ကို လာနေကျလေး..။
သူ့ဘေးက တိုက်အောက်မှာ အောင်ဆေးဆိုင်ဘေးမှာပေါ့ ကျော် နာရီပြင်ဆိုင်ဆိုတာ 
ရှိခဲ့တယ်...။နောက်တော့ တခြားပြောင်းသွားတယ် ထင်တယ်..။
ကျော် နာရီပြင်ဆိုင်ရဲ့ တခန်းကျော်မှာ စိန် နာရီပြင်ဆိုင်ဆိုတာ ရှိသေးတယ်..။ 
အဲ့ဆိုင်မှာ  မောင်နှမ ၃ယောက်ရှိတယ်..။ သူတို့အမေက အပြင်ထွက်ခဲတယ်..။
ကျနော်တို့ ဆိုင်ကို အမြဲလာဖြစ်တာ သားလတ် နဲ့ သမီးအငယ် ပဲဖြစ်တယ်..။
အဲဒီဆိုင်ရှေ့မှာတော့ မြို့မ နာရီပြင်ဆိုင် ဆိုတာ ရှိတယ်..။ အဲဒီဆိုင်ပိုင်ရှင်က ဂေါ့ဖ်တံလည်း
လုပ်ရောင်းတယ်..။ အဲ့ဆိုင်ကိုတော့ အလကားနေရင်း အလကား သွားလည်တတ်တယ်..။
အဖေ့ နာရီပျက်ရင် အဲဒီဆိုင်မှာ ပြင်တတ်တယ်..။ ဆိုင်ပိုင်၇ှင် မိသားစုနဲ့ ရင်းနှီးတော့
အလကားနေရင်း သွားနေတာပဲ..။ နာရီလိုချင်စိတ်တော့ မရှိပါဘူး။
မြို့မ နာရီပြင်ဆိုင်ရဲ့ မျက်စောင်းထိုးမှာတော့ ရိုးမား နာရီပြင်ဆိုင်ဆိုတာ ရှိတယ်..။
ခပ်သေးသေးပါပဲ..။ဆိုင်ရှင် မျက်နှာပေါက်ဆိုးဆိုး..အပေါက်ဆိုးဆိုးနဲ့..။
ဆက်လျှောက်လာရင် ညောင်ပင်ကြီးတပင်ရှိမယ်...။ အုတ်ခုံနဲ့ ဝိုင်းထားတယ်..။
အဲဒီအပေါ်မှာ နွေဆို ကြံရည်ရမယ်..။ 
(ငတ်တဲ့ရောဂါ ထလာပြီ..နောက်မှ လမ်းဘေးဆိုင်လေးတွေကိုရေးတော့မယ်)
ညောင်ပင်ကြီးအရှေ့က ဗဟိုနာရီပြင်ဆိုင်ဆိုတာ ရှိမယ်..။
အဲဒီနာရီပြင်ဆိုင်က အရင်က "စံ "ကျူရှင်ဆိုတာနဲ့ အမျိုးတွေ ထင်ပါတယ်..။
နာရီပြင်ဆိုင်တွေသာ ပေါနေတာ ကျနော့်မှာ နာရီမရှိဘူး.။
မိဘဆီက ပူဆာဖို့လဲ ဆန္ဒမရှိဘူး.။
ဗဟိုနာရီပြင်ဆိုင် မျက်စောင်းထိုးက ဗရာဘိုဆိုင်က ဖန်စီနာရီတော့ 
ဝယ်ဝတ်တတ်ပါတယ်..။ ပျက်တော့လဲ ပစ်ထားလိုက်တယ်..။
အခုထိလဲ မရှိသေးဘူး.။
ရှိဖို့ အကြောင်းဖန်လာရင်လည်း ကိုယ့်အတွက် နေသားကျပါ့မလား
တွေးပူနေတယ်..။





16 comments:

ပေါက်တို့မြို့က လူတွေ အတော်လေးကို အချိန်တိကျ ကြမယ် ထင်တယ်နော်...။း)

ကိုယ်လည်း နာရီကောင်းကောင်းမရှိဘူး။ ဟိုကနေ ဝယ်လာတဲ့ ၂ သောင်းခွဲတန်နာရီရယ်၊ မနှစ်က ဒီမှာဝယ်တဲ့ 15 ကျပ်တန်နာရီရယ်ပဲ ပတ်တယ်။ အဲဒါတွေကို ရုံးစားပွဲပေါ်မှာနဲ့ ရုံးအိမ်သာထဲမှာ ချန်ချန်ထားခဲ့မိတာ အခါ 20 လောက်ရှိပြီ။ (ရုံးရောက်တာနဲ့ နာရီချွတ်၊ အပြန် restroom ဝင်ရင် အပြင်ခန်းမှာ နာရီချွတ်တတ်လို့)

နာရီမရှိတာ ၃နှစ်ကျော်သွားပြီးဆိုတာ သတိရသွားတယ်။ ဒါဖတ်ပြီး ကျောင်းတက်ခဲ့တဲ့ မြို့ငယ်လေး တစ်မြို့ရဲ့ နာရီပြင်ဆိုင်တန်းကို သတိရသွားတယ်...

ကိုညီလင်းသစ်...
ကျနော်ဒီနေ့ ပြန်စဉ်းစားကြည့်တော့
DSA ဘာညာ ရှိလို့နေမယ်..။
ဒါတောင် တခြားဖက်က ဆိုင်တွေ...
ဈေးနားက ဆိုင်တွေ ထည့်မပြောထားသေးဘူးနော်..အဟိ..။

ရီတာ နောက်တခါ အကောင်းဝယ်..
ဒါမှ မမေ့မှာ....ဟဲ

ဘယ်မြို့လဲ မောင်သန့်..။

ဒီမှာနာရီပြင်တာကော ဓါတ်ခဲထည့်တာကော ဆိုင်ရှားတယ်။ ဈေးလည်းကြီးတယ်။ ဂျပန်လူကြီးတွေကပြောတယ် ခုခေတ်မှာနာရီက အရမ်းဈေးပေါလာလို့ဆိုပဲ။
သို့သော်လည်း....ကျွန်မကတော့ ရန်ကုန်မှာ အပျိုတုန်းက နာရီ၃လုံးလောက်အမြဲရှိနေပြီးပြောင်းပတ်တာ.... ဂျပန်လည်းရောက်ရော ၁လုံးပဲပတ်နိုင်တော့တယ်.......

အပေါ်က ကော်မန့်ဖတ်ပြီးပြန်လာတာ။
ဒါဆို DSAကလူတွေကနာရီအပျက်များတာပေါ့။
ပျက်အစဉ်ပြင်ခဏ

၃လုံးကနေ၁လုံးပဲ ပြောင်းပတ်တော့တယ်
ဆိုတော့အခြေအနေ ကောင်းလာတာပေါ့ ..
အစ်မကောင်းမွန်ရ...။
၁လုံးမှ မပတ်ပဲ နေတတ်အောင် အတော်ကြိုးစားရမယ် ထင်တယ်...
ဟီးဟီးး..
စတာနော်..။
စိတ်မဆိုးနဲ့...

ပေါက်

ဟင်..သများ ဆိုလိုတာက..
အဲ့လို ကျောင်းတွေရှိတော့..ကျောင်းသားများတော့..သုံးတဲ့သူများပြီး ဆိုင်တွေ လိုအပ်တာနေမှာလို့....
ဟင်းးးး
အစ်မကောင်းမွန်ရေ...
သများကို ချောက်မချပါနဲ့...
ကန်သာ ချလိုက်ပါတော့..
အဟိ


ပေါက်

နာရီပျက်ရင် အသစ်ဝယ်တာနဲ့ ပြင်တာ အတူတူပဲတဲ့...အဲဒါကြောင့် ပျက်ရင်မပြင်ပဲ အသစ်ပဲ ဝယ်မလားလို့...:):)

နာရီလား။ ဒို့များလည်း မပတ်နိုင်ဘူး။ Audioslave ကိုတော့ ကြိုက်တယ်။ Soundgarden နဲ့ Rage Against The Machine ရောထားတာပေါ့။

မွန်ပြည်နယ်က သံလွင်တံတားကျော်ပြီးတော့ ဒုတိယမြို့ :P

ငယ်ငယ်က ကျိုက်ထီးရိုးဘုရားဖူးက အပြန်လမ်းမှာ လက်ပတ်နာရီ ကျပျောက်ဖူးတယ်။
နောက်တော့ နာရီတွေ အမျိုးပေါင်းတော်တော်စုံစုံ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ပျောက်သွားတဲ့ နာရီလေးကို အစွဲလန်းဆုံးပဲ။
တနေ့နေ့ ကိုယ့်ရှေ့ အလိုလိုရောက်လာပါစေလို့ အိပ်မက်ရတာလဲ အမောပါပဲ...။

ပေါက်ရေးထားတာကို သေသေချာချာမဖတ်ပဲ ရှန်းပဲဖတ်ပြီး ကွန်မန့်ရေးလိုက်တယ်။
ပေါက်စာရေးပုံက တနေရာရာကို ခေါ်ဆောင်သွားသလိုပဲ...။
မလိုက်ချင်လို့ အပေါ်ယံလေး ရှပ်ဖတ်တာပါ...ဒါတောင်...

တို့ကအခုမှ လာဖတ်တာ သီတာ.

မော်လမြိုင်သို့မဟုတ်ရေးမြို့ပါ မောင်သန့်.မီ.

မြို့လေးကို သတိရသွားတယ်...ဓာတ်ပုံလေးပါ ထည့်ပေးရင် ကောင်းမယ်...အလွမ်းပြေကြည့်ချင်လို့.. :)

Atcher brothers ဆိုတာပြင်ဦးလွင်ကမလား။အခုသူတို့Dashanhai(သာရှန်ဟဲဟိုတယ်နားမှာ)ဖွင့်ထားတယ်။
တွေ့ဖြစ်ရင်သတိရတယ်လို့ ဆိုဖီယာကိုပြောပေးကြပါ။