10/20/2011

စက်ဘီး...ကက်ဆက်...သီချင်းနဲ့ စာအုပ်များ....

ဒီနေ့က အဖေ့မွေးနေ့လည်း မဟုတ်..။
အဖေ့နှစ်ပတ်လည်လည်း မဟုတ်ပါ..။
သူများတွေနဲ့ စက်ဘီးအကြောင်းပြောမိတော့ အဖေ့ကို သတိရသွားတာအမှန်..။

နယ်မှာနေလို့လားမသိ......
အိမ်မှာ အိမ်သားတိုင်း စက်ဘီးကိုယ်စီ ရှိကြပါတယ်..။
အဖိုး...အဖေ..အမေ နဲ့ကျနော်တို့မောင်နှမ ၃ယောက်..ပေါင်းတော့
၆ဘီးလောက်ဖြစ်သွားတယ်..။ အငယ်မလေးရဲ့ ဘီးက အိမ်ရှေ့ အိမ်မှာ 
ထားတဲ့အတွက် ကိုယ်မမှတ်မိပါ..။
စက်ဘီးတွေ ပျက်လို့ပဲ ဖြစ်ဖြစ်.. ချေးဆေး တိုလီမုတ်စပစ္စည်းလဲစရာလို့
ပဲ ဖြစ်ဖြစ် အဖေကိုယ်တိုင် စက်ဘီးဆိုင် ပို့ပေးပါတယ်..။ဆိုင်ရောက်ရင်တော့
လိုအပ်သည်များကို မှာကြားသည်ပေါ့..(ဟမ်) လဲလိုတဲ့ ပစ္စည်းတွေ..တာယာတွေ
ကျွတ်တွေ ဘရိတ်ခ် တွေကို ပြောတာပါ..။
စက်ဘီးနဲ့ ပတ်သက်လို့ အဖေက သိပ်စိတ်ရှည်ပါတယ်..။အမြဲသနေတတ်တယ်..။
အရိပ်တကြည့်ကြည့် နေတတ်တယ်..။ အိမ်သားတွေရဲ့ ဘီးကိုလည်း ဂရုစိုက်တတ်တယ်..။


အဖေက ကက်ဆက်လည်း ကြိုက်တယ်..။
ငယ်တုန်းက JVC ကက်ဆက်လေးရှိခဲ့ဖူးတယ်..။
ဒါမဲ့ အခိုးခံရတယ်..။
နောက် ၃..၄..နှစ်လောက်ခြားပြီးမှ Pioneer ကက်ဆက်ပြန်ဝယ်ပေးတယ်..။
ဒါပေမဲ့  ခဏ ခဏ ပျက်တတ်တယ်..။
ဟက်စားတယ် ခေါ်မလား..ဘာလားတော့ မသိ..။ ခဏ ခဏပျက်တယ်..။
ဖွင့်တဲ့သူ များလို့လဲ ပါမှာပေါ့နော်..။
အဖေသွားနေကျ ကက်ဆက်ပြင်ဆိုင် တဆိုင်ပဲ ရှိတယ်..။
ကျနော် မှတ်မိပါသေးတယ်..။
စစ်ဆေးရုံသွားတဲ့ လမ်းပေါ်က ညာဖက်အခြမ်းမှာရှိတဲ့ အိန္ဒိယလူမျိုးအိမ်ဆီ..။
မှတ်မိဆို ခဏ ခဏ လိုက်သွားဖူးတာကိုး..။


အဖေက သီချင်းတွေလည်း ကြိုက်သေးတယ်..။
အဖေသီချင်းညည်းတာတော့ သိပ်မကြားဖူးပါဘူး.။
(ကိုယ်လိုနေမှာပေါ့ ..နားသာထောင်တာ မဆိုတတ်သူ..ဟီးဟီး)
အဖေစုဆောင်းတဲ့ တိပ်ခွေပေါင်း ၁၀၀ကျော်ရှိမယ်..။
သိဆို...အဖေ့တိပ်ခွေတွေကို ကျနော် အမြဲစီပေးခဲ့တာကိုး...။
ကျနော်ဘဝရဲ့ ပထမဆုံးသီချင်းခွေကိုလဲ အဖေက ဝယ်ပေးခဲ့တာပဲ..။
တရုတ်သီချင်းခွေဆိုတာ အခုထိ မှတ်မှတ်ယယ ရှိတုန်း..။


ဆက်ရန်.....
(အလုပ်သွားရတော့မှာမို့....)
ဟင်းဟင်းးးးး





11 comments:

  1. Happy to visit here
    from Turkey
    http://laracroft3.skynetblogs.be http://lunatic.skynetblogs.be

    ReplyDelete
  2. ငယ်ငယ်က အဖေ့ရီလေးစက်ဘီးအိုကြီးကိုပြန်သတိရမိ
    တယ်....၊

    ReplyDelete
  3. အောာာာ စီဘောက်ကနေ လုပ်တဲ့ပို့စ်ပေါ့လေ

    ReplyDelete
  4. ငယ်ငယ်က ခြေထောက်နဲ့ နှိပ်ပြီး ဖွင့်ရတဲ့ အိမ်က ကက်ဆက်ကို သတိရမိတယ်။ တံဆိပ်တော့ ဘာလဲမသိဘူး... အမှတ်မိဆုံး သီချင်းက ရင်ထဲမှခုလု ခုလု ဖြစ်နေတယ်.. ခလေးဆိုတော့ အဲဒါကို သဘောကျပြီး ခဏခဏ ပြန်ဖွင့်ခိုင်းတာ... ဒီပိုစ့်လေး ဖတ်ရတာ လွမ်းစရာ... :)

    ReplyDelete
  5. ငယ်ငယ်က အစ်ကိုရဲ့ မောင်ဗမာစက်ဘီး ကိုမျက်နှာချိုသွေး ပြီးကပ်စီးရတာသတိရမိပါတယ်။

    ReplyDelete
  6. ဂျက်လဲတောင်ကြီးမှာတော့စက်ဘီးမစီးပေမယ့်
    ရွှေညောင်နဲ့ညောင်ရွှေကိုသွားရင်စက်ဘီးအစီးများတယ်
    ငယ်ငယ်ကဆိုရင်ရွှေညောင်ကနေ
    ညောင်ရွှေကို၇မိုင်ခရီးစက်ဘီးနဲ့သွားတာပျော်စရာ
    ကောင်းလိုက်တာ.ဒီပိုဒ့်လေးဖတ်ရတော့အဲတာတွေကိုသတိရနေမိတယ်

    ReplyDelete
  7. ဖတ်လို့ ကောင်းပါ့.. ဆက်ပါအုံး၊

    ReplyDelete
  8. အောက်ဆုံးက မန့်တာ မမလား..။
    မဖြေရင် ဆက်မရေးတော့ဘူး..။
    (ပိုကောင်းတယ်လို့တော့ ကြိတ်ပျော်မနေနဲ့အုန်း)


    ပေါက်

    ReplyDelete
  9. ဆက်ပါ
    မမရဲ့ မောင် ငါးဝမ်းကွဲ ဖြစ်ပါတယ်
    ရေဒီယိုအကြောင်းလဲ ရေးပါ

    ReplyDelete
  10. ကိုယ် သိတယ်။ မမရဲ့မောင် ငါးဝမ်းကွဲ ဆိုတာကို...

    ReplyDelete
  11. ကိုယ်လဲ မသိဘူး.။
    ကက်ဆက်အကြောင်းပြောခိုင်းသူကြီးလို့လဲ မထင်မိပေါင်...

    ReplyDelete