10/18/2011

အချဉ်တွေ

ဒီနေ့ အလုပ်မှာ အလုပ်လုပ်နေရင်းး
ရွာက မှန်ကူသီး တွေ..ဘောက်သီးတွေ..မက်ချွန်းမွန်သီးတွေကို
သတိရသွားတယ်..။
ပြောရင်း လျှာရည်တောင် လည်လာတယ်..။
မှန်ကူသီးပေါ်ချိန် အချဉ်သီးရဲ့ အပေါ်ယံ အဖြူဖတ်လေးတွေကို အကျီ င်္နဲ့သုတ်ပြီး
ဒီတိုင်းစားခဲ့တယ်..။ဆားနဲ့ တို့စားတယ်..။
ဂျင်း ငရုတ်သီးမှုန့် ဆေးသကြားနဲ့ သုတ်တာ စားရတယ်..။
ကျောင်းက မုန့်ဈေးတန်းမှာ  ..ရုပ်ရှင်ရုံတွေနဲ့ မုန့်တန်းတွေမှာ..။
အချိုသီးရှိပေမဲ့ သိပ်မစားဖြစ်.။

ဘောက်သီးကိုတော့ အထူးတလည် လုပ်နေစရာမလို..။
အပေါ်က အသားရောင် အခွံလေးခွာပြီး ဒီအတိုင်း ပါးစပ်ထဲ
ပစ်ထည့်ရုံသာ..။
ချဉ်ဖြုံးဖြုံးအရသာကို မျှင်းခံရင်း တလုံးပြီးတလုံးပါးစပ်ထဲပစ်ထည့်
စားရုံသာ..။
ဒါလည်း ကျောင်းဈေးတန်းတွေမှာရတယ်..။



 ဒါ ဘောက်သီးပါ.။
(သများကို မေးလိုက်တယ်..  Goldenberry တဲ့)




မက်ချွန်းမွန်သီးတော့ မှန်ကူသီးလိုပဲ ဂျင်း ဆေးသကြား ငရုတ်သီးမှုန့်နဲ့
သုတ်စားတာပဲ ကောင်းပါတယ်..။
ကျောင်းမုန့်ဈေးတန်းမှာ အမြဲရနိုင်တဲ့ အချဉ်ပေါင်းပေါ့.။
ဖန်ချဉ်..ဖန်ချဉ် အရသာနဲ့မို့ စားပြီးတိုင်း လျှာမှာ ချိုတိုတိုအရသာလေး
ကျန်ခဲ့စမြဲပါပဲ..။

ဒီအသီး၃မျိုးကို မသိသူတွေအတွက် ပုံတင်ပေးချင်ပေမဲ့ ပုံတွေ
လက်တကမ်းမှာ ရှိမနေပါ.။
ဘိုလိုလဲ မခေါ်တတ်တော့ ဘယ်လို ရှာရမယ် မသိ..။
သိသူကိုလည်း မမေးချင်..။
ငပျင်းတယောက်ထက်ကို အခြေအနေ ဆိုးနေပါတယ်..။


မှတ်ချက် ။ ။အရည်မရ အဖတ်မရတွေသာ တွေးနေသူမို့...
ဟိုမရောက် ဒီမရောက် သော အရည်မရ အဖတ်မရတွေသာ ရေးဖြစ်နေပါတယ်..။
ခွင့်ပြုတော် မူကြပါကုန်..။
ငယ်ငယ်က ဆင်းရဲသားအစာတွေပါ..။
စားဖူးသူ ရှားပါလိမ့်မယ်..။




16 comments:

  1. ပိန်မှာစိုးလို့ ငယ်ငယ်ကစ အခုအချိန်အထိ အချဉ်မစားဖြစ်ခဲ့ပါ..

    ReplyDelete
  2. ဘူမှန်းတော့သိမယ်ထင်၇တာပဲ.. အချဉ်လေ.. အချဉ်

    ReplyDelete
  3. I used to eat ဘောက်သီး when I lived in Mdy. In the US, I can find ဘောက်သီး but it's not sweet. It's so sour :lol

    ReplyDelete
  4. တိုက်ဆိုင်လိုက်တာ
    မနေ့ကဘဲ ရုံးမှာ တရုတ်မတယောက်ကပုံပြထားတဲ့ဘောက်သီးကျွေးလို့ ငါတို့ဗမာမှာဆို ကစားတဲ့ဟာ စားရမှန်းမသိဘူးလို့ ပြောနေသေးတယ် ။

    ReplyDelete
  5. အဟမ်း
    ဟိုလေ ဆင်းရဲသားတော့ ဟုတ်ပါဘူး။
    ကျွန်မလည်း ငယ်ငယ်က အဲဒါတွေစားခဲ့ပါတယ်။
    အချဉ်ကြိုက်တာကိုး။
    တစ်ချို့ကအချဉ်ကြိုက်လူမိုက်တဲ့။
    ဟိုလေ လူမိုက်လည်း ဟုတ်ပါဘူး။

    ReplyDelete
  6. အဟီးး...
    အစ်မကောင်းမွန်ရေးတာ ဖတ်ပြီး
    ရီနေတယ်..။
    အပေါ်က အမည်မသိ..စီးကရက်လာရောင်းနေတယ်နော်..။
    အချဉ်ဖမ်းပလိုက်မယ်။ဟင်းးး

    ကိုheart မတွေ့တာ ကြာပေါ့..။

    မသန္တာလွင်...
    လာဖတ်ပြီး သွားကြိမ်းသွားပြီထင်တယ်။

    သွားလိုက်ပါအုန်းမယ်ရှန်..။
    အလုပ်သမားလူတန်းစားလေး...


    ပေါက်

    ReplyDelete
  7. ပထမဆုံး မြင်ဖူးတာဘဲ ... ချဉ်ပေါင်သီးလိုလိုနဲ့

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. Cape gooseberry လို့ လည်း ခေါ်တယ်လို့  မှတ်ဖူးတယ်။ ဒီကဆိုင်တွေမှာ Goosebarries ဆိုပြီး မေးဝယ်လို့ ၇တယ်။

    မြန်မာပြည်မှာတုန်းက မမြင်ဖူးခဲ့ဘူး။ အပြင်ရောက်မှ တွေ့ မိပြီး တခါမှမစားဖူးလို့  တခါလား ၀ယ်စားကြည့်ဖြစ်တယ်။ မကြိုက်လို့ ထပ်မ၀ယ်စားဖြစ်တော့ဘူး။
    အဲဒါထက်စာရင် တခြား ဘယ်ရီတွေကို ပို့ ကြိုက်တယ်။

    ReplyDelete
  10. မှန်ကူသီးကို မေ့နေခဲ့တာ၊
    အခုမှ သတိယသွားတယ်၊
    နီနီရဲရဲလေးတွေနော်၊ ချဉ်မှချဉ်ပဲ၊
    ဗောက်သီးတွေ ဒီမှာ တဗူးကို လေးငါးကျပ်ရှိတယ်၊
    မက်ချွန်မွန်းသီးတော့ မသိဘူး၊ အခေါ်မတူလို့ပဲလားနော်။
    ဖတ်ပြီးတော့ လျှာရည်ကျသွားတာတော့ အမှန်ပဲ။

    ReplyDelete
  11. I love golden berry so much!!! Last time I went back to Ygn, my aunt gave me a lunch box full of that fruit, and I couldn't't express how thrilled I was to eat my one of my favorite berry.

    ReplyDelete
  12. ဘောက်သီးလေးတွေက ချစ်စရာလေး... ဒီမှာ ဈေးကြီးတယ်...
    စားချင်လို့ တခါတခါတော့ ဝယ်စားတယ်...း(

    ReplyDelete
  13. ဘောက်သီးလေးတွေက ချစ်စရာ...ချဉ်တယ်ဆိုတာနဲ့ သွားကကျိမ်းနေပြီ..:):)

    ReplyDelete
  14. စားချင်သော်လည်း သွားကျိန်း ပြန်သွားသည်။

    ReplyDelete
  15. ဘောက်သီးနဲ့ ငယ်ဘ၀အမြဲ ဒွန်တွဲနေသလိုဘဲနော်။
    အိုင်အိုရာ

    ReplyDelete
  16. ဘောက်သီး စားချင်ထှာ.. ဒီမှာ ဈေးကြီးလွန်းလို့ မစားနိုင်ဘူး.. :zm:

    ED

    ReplyDelete