ဖြစ်ညှစ်ရေးသောစာ

ဘလော့များများ မလည်ဖြစ်ပါဘူး.။
စကားများများတော့ ပြောဖြစ်ပါတယ်..။
လူချစ်အောင်တော့ မပြောတတ်ပါဘူး.။
လူ အမြင်ကပ်အောင်တော့ ပြောမိတယ်..။
စိတ်မပါရင် ဘာမှ မလုပ်ဖြစ်ပါဘူး။
အဲ့တာကြောင့် ငပျင်းဖြစ်နေတတ်တယ်..။
ဘလော့ဆိုတာ ဘာမှန်းသိအောင်မကြိုးစားခဲ့ပါဘူး။
ဦးနှောက်က ဗလာဖြစ်နေတတ်လို့ပါ..။
အစကပြောခဲ့သလို မမိုးချိုသင်းဘလော့ကို သွားဖတ်ရင်း
ဘလော့ဆိုတဲ့အရာကြီးနဲ့ ရင်းနှီးမှန်းမသိ ရင်းနှီးသွားပါတယ်..။
ဒါပေမဲ့လည်း  ဒီထက်ပိုပြီး သိချင်စိတ် မရှိခဲ့ပါဘူး.။
ဒါကြောင့်လည်း (.......)ထုံ ဆိုပြီး အမည်တွင်ခဲ့တာနေမယ်.။
လွတ်လပ်တာကို သဘောကျပါတယ်..။
ဘောင်တွေထဲမှာ နေရတာ ကျဉ်းကျပ်လို့ ဖြစ်မယ်.။
အရင်ကလည်း တက်ဂ်ပို့စ်တွေ တင်ဖူးပေမဲ့...
တက်ဂ်ပိုစ့်တွေ ရေးရမှာ ဝန်လေးနေတယ်..။
တချို့သောတက်ဂ်ပို့စ်ကိုတော့ (လျှောက်အာချင်တာနဲ့) လိုလိုလားလား
ရေးမိပါတယ်..။ဟီးဟီးး
အခုလည်း ညီမငယ် ရို့စ်က တက်ဂ်လာကတည်းက ဒီတက်ဂ်ပို့စ်ကို
ခေါင်းထဲရောက်နေပါတယ်..။
ဒါပေမဲ့ ကိုယ်ကျွမ်းကျင်တဲ့ အရာမဟုတ်လေတော့ ဘယ်ကနေ ဘယ်လိုစရေးရမှန်း
မသိပါ..။
ဘယ်လိုရေးရမယ်ဆိုတာသာ မသိတာ...ဘယ်လိုလေ့လာပြီး ဘယ်ညာပြန်ရေးလိုက်မဟဲ့
ဆိုတာတော့ နည်းနည်းမှ အားမထုတ်ခဲ့ပါဘူး..။
အခုတော့ ဖြစ်ညှစ်ရေးလိုက်ရပါတယ်..။
ဖတ်ပြီး အီလည်လည်ဖြစ်သွားရင် တာဝန်မယူပါ..။ဟိ..

ဘာပဲဖြစ်ဖြစ်..
ဘလော့ဂ်ဒေးမှာ ပျော်ရွှင်ကြပါစေ..။









11 comments:

ပျော်ပါတယ်.
N/A

ဘယ်လိုရေးရေးပါ၊
ဖတ်တာပါပဲ။

ဘလော့ဆိုတာ အရာကြီးလား?
ဘာဘူကြီးမှတ်လို့...
;)

"ဘယ်လိုရေးရမယ်ဆိုတာသာ မသိတာ...ဘယ်လိုလေ့လာပြီး ဘယ်ညာပြန်ရေးလိုက်မဟဲ့
ဆိုတာတော့ နည်းနည်းမှ အားမထုတ်ခဲ့ပါဘူး..။" sounds exactly like me. Anyway, I love what you have written in this post. Take care!
Mon Petit Avatar

ဒါဘဲလာ; :td:

ဖျစ်ညှစ်ရေးတဲ့စာကို အိပ်ချင်မူးတူးနဲ့လာဖတ်သွားပါတယ်။

အာဂျီးမား ဖြစ်ညှစ်လိုက်တာ
ထွက်သွားသေးလား
ပုံ
လူကိုပဲ ဖြစ်ညှစ်ချင်သူ

ခိခိ... မပေါက် ရေးထားတာ ချစ်ဖို့လည်းကောင်း၊ ပြုံးလည်း ပြုံးမိပါရဲ့။ မပေါက်ရေ.. ရို့စ် အလုပ်တွေရှုပ်နေလို့ ဘလော့ဂ်ပိတ်ထားတယ်နော်။

rose

ကုလားပဲရေစိမ်ထားတဲ့ ထဲကို
သစ်ရွက်ကြွေကျတာ ပိုစိတ်ဝင်စားတယ်

ပွင့်

ဖြစ်တာညှစ်တာကိုပဲ ဒီကလည်းကြည့်ချင်နေမိတယ်။

အဆိုးမဆိုနဲ့နော်..........