8/28/2011

ကုလားပဲရေစိမ်ခြင်း

အိမ်မှာ ကုလားပဲတွေရှိတာနဲ့ ညက ရေစိမ်ထားလိုက်တယ်.။
သူများဘလော့မှာ တိုဟူးနွေးဆိုတာ လုပ်စားတာတွေ့တော့
သိပ်အကြိုက်ကြီး  မဟုတ်ပေမဲ့ လုပ်စားဖို့ စိတ်ပါလာတယ်..။

နေ့လည်ထတော့ ပဲရေပွနေတာကြည့်ပြီး ဘာမှ လုပ်ချင်စိတ်မရှိဘူး။
အမှန်က ၃နာရီလောက်ရေစိမ်ထား ဆိုရပြီ..။
ကျနော်ကတော့ အတော်ကြာကြာစိမ်မိသွားတယ်..။
ကိစ္စမရှိပါဘူးလေ..ရေကြာကြာစိမ်တော့ ပဲကြိတ်ရလွယ်တယ်ပဲ
သဘောထားလိုက်တော့တယ်။
နေ့လည်၁ကျော်လောက်မှာ ရေစိမ်ထားတဲ့ပဲတွေကို ၃ခါလောက်ဆေးလိုက်တယ်။
ဘရမ်ဒါနဲ့ ရေနဲနဲပဲနဲနဲစီရောကြိတ်လိုက်တယ်.။





ကြိတ်နေဆဲ..
ပဲ..

ကြိတ်ပီးသားတွေကို အဝတ်ပါးအိတ်ထဲ ထည့်ပြီးစစ်ရပါမယ်.။
အခုလို ပဲရည်နဲ့ ပဲဖတ် ခွဲထုတ်ရပါမယ်..။

ဒါက ပဲရေစစ်ပြီးကျန်တဲ့ပဲဖတ်တွေ..။
လွှင့်ပစ်ရတော့မယ်ပဲဖတ်တွေကို.။
ဒီတိုဟူးက ဂုတ်သွေးစုတ်တိုဟူးနော်..။
ကုလားပဲရဲ့ အဆီအနှစ်တွေ စုတ်ယူပြီး
ကျန်တဲ့ ပဲဖတ်ကို အရေးမလုပ်တဲ့ တိုဟူး။
ဟိ

စစ်ပြီးသားပဲရည်တွေကို 
ဇလုံတခုတည်းမှာထားပြီး ပဲနှစ်ထိန်ကျန်အောင် 
၂နာ၇ီလောက်ထားထားပါ.။

အပေါ်ယံပဲရည်တွေကိုအိုးထဲမှာ ထည့်ကျိုပါ.။
ဆားထည့်ပါ..။ သကြားနဲနဲထည့်ပါ.။
ယောင်းမနဲ့ အဆင်မပြတ်မွှေပေးပါ.။
ဆူပွက်လာသည်အထိ..။
ဇလုံအောက်မှာ ထိန်ကျန်နေတဲ့ပဲနှစ်တွေကို လက်နဲ့ခွာပြီး
အရည်ပျော်အောင်လုပ်ပါ..။
မီးဖိုပေါ်မှာရှိတဲ့ ပဲရည်ဆူပွက်ချိန်မှာ ပဲနှစ်ရည်တွေကို
ဖြေးဖြေးချင်းလောင်းပြီး လက်ကလည်း အဆက်မပြတ်
မွှေထားပေးပါ..။

တဖြည်းဖြည်း ပျစ်လာပါမယ်.။

အခုလို ပွက်နေရင် မီးသေးအောင်လျှော့ပေးထားပါ.။
၁၀မိနစ်လောက်ဆက်တည်ပေးပါ..။

တိုဟူးပျော့အတွက် အစာများ..။
ငရုတ်သီးဆီ..။ နှမ်းထောင်းဆီ..။
မြေပဲထောင်း။ ဟွားကြောင်းဆီ (花椒)
မပါမဖြစ် နံနံပင်..။
ကြက်သွန်ဖြူကြော်ဆီက ရိုက်ဖို့မေ့သွားတယ်.။
စားတော့ ထည့်လိုက်တယ်..။
ကြာညိုပါတယ်နော်.။


များနေတော့ တိုဟူးသုတ်အတွက် ဗန်းထဲထည့်ခဲထားလိုက်တယ်။
တိုဟူးသား လက်လက်ထနေတာ သဘောကျတယ်..။
ပါးပါးလှီးပြီးသားကို အစကနေကိုင်ရင် အကြောပါတယ်..။
ပြတ်မထွက်ဘူး။
အဲ့ဒီတိုဟူးမှာ အသက်ပါတယ်ဆိုတဲ့သဘောပဲ..။
အဟိ။


ဒါ တိုဟူးသုတ်ပါ..။
တိုဟူးသုတ်မှာ ရှာလကာရည် နဲ့ကြက်သွန်ဖြူစိမ်းထောင်းရည်ထည့်ထားတယ်။
အမှန်က ဒီတိုဟူးကျိုနည်းကို ၂၀၀၈။၂၀၀၉လောက်ကတည်းက ဘလော့ဂါ( မမ) ဆောင်းက
တင်ပေးဖို့ တောင်းဆိုဖူးပါတယ်..။
အဲ့တုန်းကတည်းက တင်ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်.။
သိပ်လဲ မကြာသေးပါဘူးလေ..၃နှစ်လောက်ပါပဲ..အဟီး။




မှတ်ချက် ။ ။ မွှေးကုလားပဲမှုန့်နဲ့လည်း ချက်ကြပါတယ်..။
အလွယ်နည်းပေါ့လေ..။ အဆင်ပြေသလို ကျိုကြရတာပါ..။

အိမ်က တိုဟူးစားနေကြဆိုတော့ အပြင်က တိုဟူးစားခဲတယ်.။
ကိုယ်တိုင်ကလဲ သိပ်မကြိုက်တာလဲပါတယ်..။
သိပ် အာသီသမ၇ှိဘူး။
နောက်ပြီးပဲမှုန့်နဲ့လုပ်တဲ့ တိုဟူးဆို ပိုမစားဖြစ်သေးတယ်.။
(အရင်ကပါ..)


အခုတော့ ဘာလာလာ ဂျောင်းပဲ..အဲ့လေ..စားပါတယ်။




 

24 comments:

  1. ကြိတ်လိုက်တာနဲ့ ဖြစ်ရောလား..
    N/A

    ReplyDelete
  2. တော်ထှာ. မျက်လှည့်ပြလိုက်သလိုဘဲ။

    ReplyDelete
  3. ဟုတ်တယ် အဆင့်တွေ ကျော်ချသွားတယ်။

    ReplyDelete
  4. 28 Aug 11, 08:21 PM
    kom: good question.!
    28 Aug 11, 08:21 PM
    kom: :yes:
    28 Aug 11, 08:21 PM
    kom: ကြိတ်လိုက်တာနဲ့ ဖြစ်ရောလား.. N/A

    ReplyDelete
  5. တိုဖူးနွေးဆို ပဲကြိတ်ပြီး ကျိုတာ ကြိုက်ပေမဲ့
    ပျင်းလွန်းတဲ့ ကိုကတော့ ပဲမှုန့်နဲ့ပဲး)
    အီကြာကွေး၊ ခေါပုတ်တို့နဲ့ စားရတာ ကြိုက်တယ်။

    ReplyDelete
  6. နောက်ကို ဝီဒီယိုရိုက်ပြီူးတော့ကို တင်မယ်..
    တင်မယ်..
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  7. ပဲမှုန့်နဲ့လုပ်တဲ့တိုဖူး၊ တိုဖူးနွေး ဘာမှမကြိုက်ဘူး။ သူတို့တွေက ဖွယ်တယ်၊ အထိမခံ ပြတ်လွယ်တယ်။

    ReplyDelete
  8. ဟုတ်တယ်..မစူး
    တိုဟူးဋ္ဋီကာဖွဲ့နိုင်တယ်.။
    တိုဟူးသား လက်လက်ထနေတာ ကြိုက်တယ်..။
    အကြောပါရမယ်..။
    ဒီနေ့ နဲနဲလေးကို ကျိုရတာ ချွေးထွက်တယ်။
    အဆက်မပြတ်မွှေပေးနေလို့လေ.။

    ReplyDelete
  9. ပေါက် ' ချက်ထားတဲ့ တို့ဟူးနွေး ကြိုက်တယ်။
    နောက်တခါ ပေါက် ' ချက်နည်း အတိုင်း ချက်စားမယ်။

     ̡͌l̡̡̡ ̡͌l̡*̡̡ ̴̡ı̴̴̡ ̡̡͡|̲̲̲͡͡͡ ̲▫̲͡ ̲̲̲͡͡π̲̲͡͡ ̲̲͡▫̲̲͡͡ ̲|̡̡̡ ̡ ̴̡ı̴̡̡ ̡͌l̡̡̡̡._______________〰〰〰〰۩〰۩〰〰☼〰〰◥▄☰▄◤〰

    စကားမစပ် ... အိုင်းရင်း တော့ ဖြတ်သွားပီ။
    MA ဘက်ကို သွားပီ။
    မီးမပျက်၊
    အင်တာနက်မပျက်၊
    ရေမပျက်လို့ တော်ပါသေးရဲ့ :)

    ❤ *。◕‿-。*❤ Happy a nice day to Pauk ❤ *。◕‿-。*❤

    ReplyDelete
  10. ဟာ... အရမ်းကောင်းမယ့်ပုံပဲ၊
    တိုဖူးသုပ်ကို ကြည့်ရတာတောင် စားချင်လာတယ်။
    စိတ်ရှည်တဲ့ ပေါက်ပဲ။

    ReplyDelete
  11. Blender တခုတောင် မပိုင်တဲ့သူဆိုတော့လဲ. ပဲမှုန့်နဲ့ပဲ.. မွှေး တော့ မဟုတ်ဘူး.. ကုလားပြည်က အထုပ်..

    လက်လက်ထတာတွေ အသက်ပါတာတွေ နားမလည်တဲ့
    ပွင့်

    ReplyDelete
  12. မောင်ဝေးAugust 29, 2011 at 2:07 AM

    တကယ်လုပ်ထားတာကိုး ကုလားပဲရေစိမ်ထားတယ်လို့ပြောတာသာ တွေ့လိုက်တာ အကြံအစည်ကြီးအကောင်အထည်ဖော်နေမှန်း သတိမထားလိုက်မိဘူး။ ကြည့်ရသူတောင် စိတ်ကူးနဲ့ပင်ပန်းသွားတယ်၊ တခြားသူများတွေလို ဟိုဆိုင်ကဟာလေး ဒီနားကဟာလေးတွေကို မပင်မပန်း ဓာတ်ပုံလေးရိုက်ပြီးတင်ရင် ခုလို တကူးတကလုပ်ရတာထက် ပိုသက်သာမလားလို့ စိတ်ကူးရပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် ကောင်းပါဒယ်။

    ReplyDelete
  13. ခေါင်းစဉ်ကိုတော့ခိုက်သွားပြီ
    သိပ်ပြီးကဗျာဆန်တယ်

    ReplyDelete
  14. စားချင်မိဒယ် ပေါက်ရယ်။
    ခေါင်းစဉ်ဖတ်ပြီး ကုလားပဲရေစိမ်တာများ ကိုယ်လည်း စိမ်တတ်ပါတယ် လို့တွေးမိသေး။

    ReplyDelete
  15. မေမေတို့လုပ်တဲ့ တိုဟူးကြိုနည်း ခုမှပဲ လာတွေ့တော့တယ်။
    အဲဒီအတိုင်းပဲ။
    ချွတ်စွတ် တူတာ။

    ReplyDelete
  16. ခေါပုတ် တဲ့ အပေါ်က ရေးသွားတာ ..
    အဲဟာ စားနည်းလေး အဲ လုပ်နည်းလေးလည်း ပြောပါအုံး..
    အဆင့်တော့ မကျော်ပါနဲ့ လေ


    .......လူစိမ်း

    ReplyDelete
  17. ပေါက်........ ပဲနို့ လုပ်နည်း သင်ပေးဦး........ ကျေးဇူး...

    လင်း...

    ReplyDelete
  18. အတော်ပဲ တိုဟူးနွေး၊ တိုဟူးပျော့ကို သိပ်မုန်းတာနဲ့။ မျက်လုံးနဲ့ စားကြည့်ဖို့ မလိုတော့ဘူး။ အလိုရမက် နည်းသွားတာပေါ့လေ။

    ReplyDelete
  19. ငါတယောက်ပဲ မုန်းတယ်ထင်နေတာ..။
    နင်ပါ ပါတယ်ပေါ့.။
    ငါတို့တွေ...
    ကျေးမစွပ်သင့်ပါဘူးလေ..။အလုပ်နား
    စကားမစပ်..မနက်ဖန် အီးဒ်..။
    အလုပ်နားမှာလား.။

    ပေါက်

    ReplyDelete
  20. သူကုလားပဲရေစိမ်ကောင်းတာ ခုတော့ သူများပင်ပန်းတော့မယ်း)
    ကုလားပဲ ရေစိမ်ထားတယ်။ ပဲမှုန့်ကလဲ မရှိလို့လေ။

    တို့ဟူးနွေးတစ်ခါမှ မစားဖူးပေမဲ့ ပန်းကန်လေးမြင်တော့ စားချင်စိတ်ပေါက်သွားတယ်။

    ReplyDelete
  21. thank you heaps for this post.
    i have been trying out for Tofu, but never get it right. i do appreciate it.
    Thanks again.

    ReplyDelete
  22. အာဂျီးမားရယ် စိတ်သိပ်ရှည်တာပဲ
    ဒီကဖြင့် အမှုန့် တောင် ၀ယ်ထားတာ နှစ်ချီကြာလို့  လွှင့်တောင်ပစ်လိုက်ရပေါ့
    ခုတော့ အာဂျီးမား စိတ်ရှည်တာကို နမူနာ ပိစိလေးယူပီး နောက်ရက် ကလေး၂ယောက်ကို ချော့ပီး တို့ ဖူးကြိုခိုင်းရမယ် ခိခိ
    ပုံ
    တို့ ဖူးတွေ့ ရင် စားချင်သူ

    ReplyDelete
  23. ပေါက်ပြောသလို သူငယ်ချင်းရှမ်းမလေး ကလည်းပြောတယ် တိုဟူးဆိုရင် လက်ပြီး ချောနေမှ တဲ့။ ပေါက် တို့ ပြောသလို လက်နေဘို့ ကတော့ တော်တော်မွှေရတာနော်။ လက်ကိုပန်းရောဘဲ။
    ပြင်ထားတာကလည်း စားချင်စရာလေး။
    အိုင်အိုရာ

    ReplyDelete