နံနံပင် + ခရမ်းချဉ်သီးရေကျဲ

 မနေ့ညစာလုပ်စားဖြစ်တာပါ..။(ဖြစ်သလို အသုတ်စုံ)
အရင်က တင်ဖူးတဲ့ အသုတ်စုံ 
အခုတလော စားစရာ ချက်ဖို့ စိတ်မဝင်စားဘူး.။
ချက်ဖြစ်အုန်းတောင် ရိုက်ပြီး တင်ချင်စိတ်မရှိ..။
အစ်မတယောက်က စားစရာတွေ တင်အုန်းလေလို့ ပြောပြောနေတော့
တင်ဖြစ်လိုက်ပါတယ်..။
(နောက်ပြီး ပြောသေးတယ်..သီချင်းတွေချည်းပဲဆို မလာဘူး..နားမထောင်ဘူး ဆိုပဲ..ဟင်း)

စားချင်လွန်းလို့သာ သုတ်လိုက်ရတယ်..။ 
ဒီတခေါက် အသုတ်စုံလုပ်ရတာ ကဗျာကယာနိုင်လှတယ်...။

သင်္ဘောသီး တလုံး


 သဘောင်္သီးခြစ် နဲ့ မုန်လာထုပ်ပါးပါးလှီး

 ကြာဇံပြုပ်

 အာလူးပြုပ်
(အာလူးသေးသေးလေးတွေ ရှာဝယ်သေးတယ်
မရခဲ့ဘူး..။အကြီးတွေပဲရတယ်)

 နံနံပင်များများ..။
သုတ်ပြီးတာတောင် နံနံပင် အပေါ်ယံက ဖြူးလိုက်သေးတယ်..။
 မန်းလေးဖက်က အသုတ်စုံတွေက ခရမ်းချဉ်ရေကျဲလေးပါမှ


ငန်ပြာရည်..
နနွင်းဆီ..ငရုတ်ဆီ
ပဲမှုန့်များများ..
မန်ကျည်းရည်တို့နဲ့ 
ပေါင်းစပ်လိုက်တော့..
စားချင်နေတဲ့ အသုတ်စုံရပေါ့..။
မှန်ရောင်ဟင်းရည်လေးချက်..။
မုန်လာထုပ်လေးထည့်..။
မေ့လို့..
ထမင်းဆိမ့် မချက်ဖြစ်ဖူး.။
ရှိနေတဲ့ ထမင်းလက်တဆုပ်ထည့်သုတ်လိုက်ပါတယ်..။





16 comments:

ကြိုက်သွားပီ အာဂျီးမားး

ဒီတခါလုပ်စားရင် ခရမ်းချဉ်သီးရေကျဲဆိုတာကြီးထည့်သုပ်မယ်
မှတ်ချက် နံနံပင်မပါ

အေး.. ညည့်အသုပ်တွေထဲမှာ ဒီတခါကျမှ ငါးငံပြာရည်နဲ့ ပဲလှော်မှုန့်နဲ့ အာလူးပြုပ်နဲ့ မန်ကျည်းရည်ပါလာတော့တယ်။ ဒါမဲ့ သုတ်နဲ့မသုတ်နဲ့အုံး သုပ်နဲ့သုပ်မှ စားစရာကောင်းဖြစ်လာမှာဟဲ့။ (ဒုက္ခပါပဲ ငါ့မှာ ကိုယ့်ဟာကိုယ်ကျ ရေးချင်ရာရေးပြီး သူများကျလက်ညှိုးထိုးတတ်တဲ့ မုန်းစရာသတ်ပုံဆရာဖြစ်လာတော့မှာပဲ)

ကြိုက်တယ်။ အဲဒီလိုသုပ်စားမယ်။
ကျေးဇူး

အေးကွယ်.. စားလို့ကောင်းမယ်ဆိုတာ သေချာပါတယ်..
ဦးတို့ဒေသမှာ ခရမ်းချဉ်သီးဈေးကောင်းလွန်းလို့ မန်ကျဉ်းရေနဲ့ပဲ ချဉ်ရတာပ။ ငံပြာရည် မရှိရင် ဆားကို ရေကြက်သီးနွေးလေးနဲ့ ဖျော်ထည့်လိုက်တာပါပဲ။ စကားမစပ် ကြာဇံလေးက တယ်လှသကိုး..
N/A

သဘောင်္သီးစိမ်းမရဘူး
ဂေါ်ရခါးသီးစိမ်းထည့်လိုက်ရင် ဘယ်လိုနေမလဲ မသိ..

အိတ်စ်ယောင်းစ်

ပေါက် နေကောင်းတယ်နော်........ မတွေ့ တာကြာပေမဲ့ ....... ပေါက် တင်တဲ့ post တွေ လာလာဖတ်တယ်........ သတိရတယ်..... လင်း.....

အသုပ်လေးက စားချင်စရာလေး မပေါက်။ စကားမစပ် ဥပုသ်ရလားဟင်း)

ကောင်းလိုက်တာ စားချင်လိုကတာ တစ်ကယ် . ဂလု။

တို့လဲသတိပါတယ် လင်း.

ကြာဇံကလည်း လှလိုက်တာ။ ကျောက်ကျောမျှင်ကျနေတာပဲ။

ဂလု

20 Aug 11, 11:36 AM
kom: သင်္ဘောသီး တလုံး (ဘုရား ဘုရား မဝယ်ခဲ့မိဘူး x မုန်လာထျုတ်ပါးပါးလှီး (မရှိဘူး ) ကြာဇံပြုတ်. ( ကြာဇံ. ပဲံကြာဇံ့လား ဆန်ကြာဇံလား. ဟင်းချို ချက်တဲ့ကြဇံဖြစ်မယ်။ ) အာလူးပြုတ် (ရှုပ်လိုက်တာ ရှိတာတွေ အားလုံးပြုတ်နေတာဘဲ ) နံနံပင် မရှိ. ရှိလဲ နဲနဲဘဲဖြူးမှာ ငန်ပြာရည်.. နနွင်းဆီ..ငရုတ်ဆီ ပဲမှုန့်များများ.. မန်ကျည်းရည်တို့နဲ့ (ငံပြာရည်. ရှိ နနွင်းဆီ. အလု၇ှုပ်. ငရုတ်တီ. ရှုပ်. ပဲမှု့ ရှိ။ မန်းကျည်းရည်. :wriet4:

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ပေါက်တင်တဲ့ မှိုဟင်းကိုလိုက်ချက်စားပြီး စကားပြောရင်းနဲ့အိပ်ငိုက်ငိုက် ကျသွားတာ မှတ်မိလား.. :)

မနေ့ကလည်း မှိုနဲ့ကန်စွန်းချက်တယ် (စားနေကျမှိုပဲ)
နေ့လည်စာ အဲ့ဒါစားပြီး အိမ်ရှေ့ဆိုဖာပေါ်မှာပဲ တီဗီကြီးဖွင့် အိပ်ပျော်သွားလိုက်တာ ညနေ ၅ခွဲမှနိုးတယ်

အောက်ဆုံးက Anonymous က ဘယ်သူလဲ
မသိ..။



ပုံ။
အတိတ်မေ့နေသူတယောက်

တညည်းညည်း

Want to eat your athout.It attracts all of my sense.Thanks both you and kom for her kyawnyar:P....I'll try tomorrow .
Gyidaw