8/11/2011

တညည်းညည်း...


မနက်မိုးလင်းရင် ကော်ဖီတခွက်ဖျော်မယ်..။
ပြီးတော့ မျှင်းသောက်မယ်..။
လက်ဆောင်ရထားတဲ့အပင်တွေကို ရေလောင်းမယ်..။
အဝတ်လှမ်းချင် လှမ်းမယ်..။

သီချင်းဖွင့်မယ်...။
ဖွင့်ထားတဲ့သီချင်းကို ပါးစပ်ကလိုက်ဆိုချင်မှ ဆိုလိမ့်မယ်..။
အတွေးနဲ့ တော့ ဆိုမိတာများတယ်..။

တချို့သူတွေ ကိုအားကျမိတယ်..။
မနက်မိုးလင်းကတည်းက သီချင်းလေးတညည်းညည်းနဲ့..။
ရေချိုးရင်းလည်း သီချင်းလေး တညည်းညည်း..။
အကျီ င်္လဲ ရင်း သီချင်းလေး တညည်းညည်း...။
သနပ်ခါးလူးရင်း သီချင်းလေး တညည်းညည်း..။
တစုံတရာကိုစောင့်ရင်း သီချင်းလေး တညည်းညည်း..။









14 comments:

  1. ဘ၀ကိုအေးဆေးစွာ ကျော်ဖြတ်နေသူများ ဖြစ်မည်း))

    ReplyDelete
  2. ပိုစ့်လေးကို သီချင်းလေးတညည်းညည်း မျှင်းဖတ်သွားပါတယ်။
    ပေါက် တိတ် တိတ် မငိုနဲ့တော့။
    ခခ လေး နေကောင်းလား။ မေးနေတာလို့ ပြောပေးနော်။
    သိသိမသိသိ။

    ReplyDelete
  3. ငွေပန်းအနံ့ လေးကို တမျှင်းမျှင်းလေး ရှူချင်တယ်
    အာဂျီးမား

    ReplyDelete
  4. ပေါက် ...
    သီချင်းညည်းတာကို ကြည့်ရင်း ...
    မင်းမော်ကွန်းတို့ ထွန်းထွန်းတို့လို Hip Hop သီချင်းဆိုချင်စိတ်ပေါက်သွားတယ်။

    လက်တဖက်က ရေဖြန်းတဲ့ ရေကရားကိုင်ရင်း ... နောက်တဖက်က ကော်ဖီခွက်လေး ကိုင်ရင်းနဲ့

    " ဟိုဘက် ဖျန်းလိုက် .... ဒီဘက် ဖျန်းလိုက် ...
    ဖျန်းရင်းနဲ့ သောက်လိုက် .... သောက်ရင်းနဲ့ လှမ်းလိုက် ... ရို့ ... ရို့ ... ရို့ "

    ReplyDelete
  5. ငွေပန်းပင်လေး၊
    စိမ်းစိမ်းစိုစိုပေါ်မှာ အဖြူပွင့်တွေ
    လှလိုက်တာ၊
    ငွေပန်းတွေကို ကြိုက်တယ်၊
    သီချင်းစာသားတွေ အောက်မေ့လို့ ဖတ်နေသေးတယ်။ :)

    ReplyDelete
  6. တို့မညည်းနိုင်ပါ

    ခေါင်းကိုက်နေတဲ့
    အိတ်စ်ယောင်းစ်

    ReplyDelete
  7. ဖတ်ပြီး တဟားဟားနဲ့ အော်ရယ်နေတယ်

    ReplyDelete
  8. ♫♪ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ ♫♪ ပန်းပွင့်တွေ ဆုတောင်းနေ...♫♪
    (ဒီနေ့ ညည်းတဲ့ သီချင်း)

    ReplyDelete
  9. ပန်းလေးလှလှ

    ReplyDelete
  10. သီချင်းလေးညည်းရင်း ပျော်ရွင်သောနေ့ များအမြဲပိုင်ဆိုင်ပါစေ။
    အိုင်အိုရာ

    ReplyDelete
  11. သီချင်းတွေ လိုက်မညည်းတောင် သီချင်းတွေတင် တင်နေတဲ့ ပေါက်စ်ကို အားကျတယ်...း)

    ReplyDelete
  12. အတွေးထဲကညည်းတာလဲ ညည်းတာပဲပေါ့ ပေါက်ရဲ့... သီချင်းလေးနောက် စိတ်ကစီးမျောသွားရင်ပဲ လက်ရှိဘဝခဏမေ့သွားတာပဲမိုလား... ပန်းပင်လေးတွေနဲ့ နေရခြင်းသည်လဲ စိတ်ကိုငြိမ်းချမ်းစေတာပဲ... ခုတလော ပေါက်အသံလေးတွေ ပျော့နေတယ်... မေးလ်ပို့ လိုက်လေညီမ..

    ReplyDelete
  13. (မ)အိမ့်ချမ်းမြေ့...
    ဟုတ်မှာပါ..။ သူတို့ကိုကြည့်ရတာ အေးချမ်းနေတယ်..။

    ငိုဘူးလေ ဖြိုးဖြိုး..
    အားကျနေတဲ့လေသံကြီးနဲ့ ပြောနေတာ..။
    ခခ နေကောင်းတယ်..။(ကျေးဇူး)
    ခုနွေ၂လကျောင်းပိတ်ရက်ဆိုတော့ ဝဖြီးနေတာ။

    ဘွားပိုး
    ငွေပန်းရုံက ဘာမဆိုင်ညာမဆိုင်ထည့်လိုက်တာ..။
    ကားတားမရတဲ့အခေါက် တောင်ပေါ်တက်ရင်း လမ်းခုလတ်မှာ တွေ့တာ။

    နန္ဒာရေ...
    ထူးထူးဆန်းဆန်း ရပ်ကွက်ထဲ အာလူးတွေ လည်ဖုတ်နေပါ့လားး..။
    ပေါက်က သီချင်းညည်းတာမဟုတ်ဖူးလေ..။
    သူများညည်းတာကို အားကျနေတာ..။

    မအပြုံးပန်းရေ..
    ပန်းသေးသေးလေးတွေ မြင်တိုင်း သတိရပါကြောင်း..။
    ငွေပန်းရုံအနံ့လေး သင်းနေတာပဲ..။

    ချစ်ယောင်းစ်..
    အခြေအနေ ကောင်းသွားပြီလား..။
    စိတ်ကရောက်ပေမဲ့..လက်က မရောက်။
    (ဖုန်းဆက်ဖို့ရာ..)

    မြိုး..
    နင်တို့ကို စောင်းပြောနေမှန်း သိတယ်ပေါ့လေ..။
    ဟီးးဟီးး


    မသီတာတို့တော့ သီချင်းလေး တညည်းညည်းနဲ့ နေနိုင်တာပေါ့လေ..။
    အားကျပါဘိ..။ ဟင်းးးးးးးးးးး


    ရွှန်းမီစ်စ်..
    လူလဲတူတူပဲ..။

    မအိုင်အိုရာ..
    ပေးတဲ့ဆုနဲ့ပြည့်ပါစေ..။

    တင်စရာ ဒါပဲရှိတာလေ..မtg
    လွမ်းလိုက်တာ ..မtgကို..
    (ကြုံတုန်း ချွဲနေတာ..)

    မတန်ခူးးးးးးးးးးးးးးး
    နေကောင်းလားး..။
    မတွေ့ဖြစ်တာကြာ..။
    ကျနော်..
    အသံတော့ ပျော့ကောင်းပျော့မယ်..။
    လူကတော့ ခပ်မာမာပါပဲ..။
    ဟီးး
    မေးလ်ရေးလိုက်မယ်နော့..။

    ReplyDelete
  14. သာမီးက မမပေါက်ပေါက်ထက် ပိုပုတာမို့ လှောင်တာမဟုတ်လားဟင်..

    ReplyDelete