"Something's got a hold on me" - Etta James

သီချင်းကြိုက်သူတွေအတွက်ပါ..။
ဟောင်းပေမဲ့ ကောင်းတယ် ။
အဲဒီခေတ်က rocker ကြီးထင်ပါ့.။
ကြိုက်လွန်းတော့ မကောင်းမွန်ဝင်းကို ပို့ပေးဖူးတယ်..။
အရင်ကလည်း Etta James သီချင်း တင်ဖူးပါတယ်..။
 သူ့အကြောင်းရုပ်ရှင်ကို Beyonce နဲ့ ရိုက်ထားပါတယ်..။

 "Something's got a hold on me"






မှတ်ချက် ။ ။ အခုတလော စိတ်ပျင်းနေလို့ ဘာမှ မလုပ်ဖြစ်ပါ.။
ဟင်းချက် ဘာညာပေါ့.။ 
(ဘယ်သူ့မှ ကိုယ်ချက်ပြီး တင်တာ စောင့်ကြည့်မနေပေမဲ့လည်း
လူအထင်ကြီးအောင် မှတ်ချက်ရေးပြီး အကြောင်းကြားထားရတယ်..)
သီချင်းတွေပဲ နားထောင်ဖြစ်တော့...ဒါပဲ တင်ဖြစ်ပါတယ်။
(သီချင်းတွေလဲ သိပ်နားလည်လို့တော့မဟုတ်ပါ..။)
 အခုတလော အပြင်သွားဖြစ်တာ များတယ်.။
ခပ်ဝေးဝေးကို ဆိုင်ကယ်နဲ့ချည်းဆိုတော့  
နေရောင်ခြည်နွေးနွေးတွေ...(ရေနွေးတော့မဟုတ်)
ချောင်းတွေ တိမ်တွေနဲ့ ......။
.................
ပျော်ပါတယ်..။





 


5 comments:

မျက်ခုံးမြင်ရတာ ကြောက်လိုက်တာ..
ပထမ တစ်မိနစ်ကို စိတ်ညစ်ညစ်နဲ့ နားထောင်နေတယ်.. အော်လိုက်တာ
လန့်လန့်သွားတယ်

ex ယောင်း

အိုးးးပပ...ပပပ...ပါပါ ပပ...
ပျော်ပါ...ပေါက်...းD

အန်တီပေါက်..

貓空 ကို ညမသွားပဲ နေ့ဖက်သွားရင် ဖြစ်လား.. 覽車 ပြေးနေသေးလားမသိဘူး။ 8/10 ကို 台北-野柳-金瓜石-九份-松山-五分埔-饒河夜市-台北 တပတ်လည်မယ် ရွယ်ထားတယ်၊ လိုက်မလား။ 貓空 ကို 08/12 မှာ ထားထားတယ်။

ဟုတ်ပါ့ သူကောင်းတယ်။
ပေါက်ပြောမှသူ့ကို စနားထောင်ဖူးတာပါ။

ဟင်းချက်နေတာကော ပျော်နေတာကော သီချင်းလေးတွေနားထောင်ဖြစ်နေတာကော၊ ဖတ်ရလို့ဝမ်းသာပါတယ်။

အားကျတယ်။ အေးအေးဆေးဆေးဖြစ်နေပုံပဲ။

အနုပညာကိုကြည့်ရမယ်ဆိုရင် တစ်ကယ်တော်တဲ့
မယ်တော်တစ်ပါးပါပဲ
ကျွန်မတို့ဖေဖေပြောဖူးတယ်....
ဒီ lady တခေတ်တခါက အရမ်းကိုအောင်မြင်ခဲ့ပါတယ်တဲ့......
ခုမှသေချာအောင်ကြည့်မိတယ်။