7/07/2011

ဂဏန်း

 တညက ချက်စားဖြစ်တာပါ..။


 အသိတယောက်က ငါးဖမ်းဆိပ်ကမ်းတနေရာသွားလည်ရင်းနဲ့..
ဝယ်လာလက်ဆောင်ပေးတဲ့ ဂဏန်းတွေပါ..။
သူငယ်ချင်းတွေကို အသိပေးဖို့ မေ့သွားတယ်..။
ကိုယ်တယောက်တည်း စားလိုက်ရတယ်..။
ကိုယ်တယောက်တည်း...မစားလိုပါ...မစားလိုပါ....။
ဂဏန်းတွေ မလတ်ဆတ်မှာစိုးလို့သာ
စားလိုက်ရတာပါ..။

 ဂျင်းရယ်..ကြက်သွန်မြိတ်ရယ်..ကြက်သွန်နီရယ်..ငရုတ်သီးရယ်..။
အဆင်ပြေရင် ဂျူးဖူးထည့်ကြော် ပိုကောင်းပါတယ်..။




နောက်ဆုံး.မီးပိတ်ခါးနီး.ကြက်ဥတလုံးလောက်ကို ဖောက် ခလောက်ပြီး ထည့်ကြော်ပါ..။
စားကောင်းပါ လိမ့်မယ်..။
အရသာအနေနဲ့..ကြာညို့အငန် (ပဲငန်ပြာရည်အကြည်)ကို နဲနဲပဲထည့်ပါတယ်.။
ဆန်အရက် (ဟင်းချက်ရင်ထည့်တဲ့အရက်) နဲနဲထည့်ချက်နိုင်ပါတယ်။
(ကျနော်ကတော့ အရက်ထည့်ချက်လေ့ မရှိတာကြောင့် မထည့်ပါ)။

8 comments:

  1. ဂဏန်းဟင်းကြိုက်တယ်.. အ၇ှင်တွေဖြစ်နေတတ်လို့ ကိုယ့်ဘာကိုယ်ချက်မစားဖြစ်.. Flower Crabဆို၇င်တော့ ရေခဲရိုက်ရတယ်..
    ဂဏန်းပေါ်က အနီစက်တွေက ဘာတွေလဲ

    ReplyDelete
  2. ဂဏန်းဆို ကြိုက်လွန်းလို့  ၁ ၂ ၃ ၄ တောင် တို့ က တွေ့ ရင် စားပစ်တာပဲ
    အာဂျီးမား ဂဏန်းချက်စားတာ ခေါ်တောင်မခေါ်ဘူး စိတ်နာချက်
    ဒီမှာတော့ မချက်တတ်တော့ ချက်တတ်တဲ့သူတွေဆီ အချက်မရှိ လိုက်၂တောင်းစားနေရတာ
    ဂဏန်းသူတောင်းစားလေးကိုဖြစ်ကော
    ပုံ
    ကိုကိုဂဏန်းကိုချစ်တဲ့ မယ်ဘေးတိုက်

    ReplyDelete
  3. ဂဏန်းရဲ့ မချက်မီနဲ့ ချက်ပြီး အရောင်ပြောင်းသွားတာ လှလိုက်တာ..၊ လှသလောက် အရသာ ရှိမှာလည်း သေချာတယ်..၊ Yummy.....!!!

    ReplyDelete
  4. ဂဏန်းကို အဲလိုမျိုးချက်တာ မစားဖူးဘူး.. အနှစ်နဲ့ မန်ကျည်းသီးမှည့်နဲ့ ချက်တာပဲ စားဖူးသေးတယ်.. အဲဒီတော့ အရသာ သိပ်ပြင်းနေသလိုပဲ.. ဒီဟင်းအတိုင်းဆို ပိုစားကောင်းမယ်ထင်တယ်။ စမ်းအုံးမယ်..
    N/A

    ReplyDelete
  5. ဂဏန်းစားရခဲလို့ ပူပူ မှာ ဦးကပ်စီး လိုက်ကျွေးတာ စားခဲ့တယ်သိလား ပေါက်စ်....
    ကုလားဆိုင်က မဆလာဂဏာန်းကသိပ်ကောင်းဘူး။
    ထိုင်းဆိုင်က ဂဏန်းငရုတ်သီးချက် ကတော့မဆိုးဘူး။
    ရန်ကုန်က ဂဏန်းချဉ်စပ်ကတော့အကောင်းဆုံး...

    ReplyDelete
  6. ဂဏန်းမစားရတာကြာပေါ့။
    အိုင်အိုရာ

    ReplyDelete
  7. အရှင်တွေဖြစ်နေရင် အိုးထဲထည့်ချက်..ဘယ်ရှင်တော့မလဲ..
    မြုံထိုးရယ်...။

    ဘွားပိုးက ကြိုက်တတ်ရင် မကြာခဏ
    (ကွကို) ချက်စားပါ့မယ်နော်...ဟိဟိ။

    ဟုတ်တယ် ကိုညီလင်းသစ်..
    ပုဇွန်အရောင်ပြောင်းတာလဲ လှတယ်..။

    ဂဏန်းကို အနှစ်တွေ မဆလာတွေနဲ့ ချက်တာ
    သိပ်မကြိုက်ဖူး(မချက်တတ်တာလဲ ပါတယ်)
    မန်ကျည်းသီးအနှစ်နဲ့ မကြုံဖူးသေးဘူး။
    လတ်ဆတ်ရင် ပေါင်းစားတာလဲကောင်းတယ်..။
    ရေနွေးငွေ့နဲ့ပဲ ပေါင်းစား..။

    ကူးကူးစ်စ်စ်စ်
    မတွေ့တာကြာ..။
    ရန်ကုန်က ဂဏန်းချဉ်စပ်ဆိုတာ မစားဖူးသေးဘူး။

    မအိုင်အိုရာရေ...
    ဒီကိုလာ...
    စားပါ..။

    ReplyDelete
  8. ပေါက်
    လာချောင်းပေမယ့်
    မမန့်ဖြစ်ဘူး။
    ခွင့်လွှတ်ပါနော်။

    ဂဏန်းကို ဒီမှာ ခုတ်ထစ်ပြီးသားရောင်းတာပိုများတယ်။
    ဥပမာ လက်ချောင်းကြီးတွေချည်းဆိုရင်ကော ဒီနည်းအတိုင်းချက်ရင်ရလား။

    ကြည့်ရင်းနဲ့စားချင်လာပြီ။
    ခွင့်လွှတ်ပါနော်။
း)

    ReplyDelete