ကော်ဖီ...နဲ့..တောင်..

ဒီနေ့ အပြင်သွားဖြစ်ပါတယ်..။
ကော်ဖီ အအေးဆိုင် တဆိုင်ဆီကိုပေါ့..။
ဒီဆိုင်က ဧည့်များတော့ ကြာသပတေးနေ့ကတည်းကနေရာ ကြိုမှာထားရပါတယ်
သွားတဲ့ လူအရေအတွက်များတော့ ကြပ်ကြပ်သပ်သပ်နဲ့ပဲ ထိုင်လိုက်ရပါတယ်..။
 



လာချပေးတဲ့ ရေခွက်ပါ..။ 
ဘာရယ်မဟုတ်..။
 
menuကိုယ်စီနဲ့ ဘာစားကြမလဲ ရွေးချယ်နေကြတာပါ..။

ဒါက သူငယ်ချင်းမှာတဲ့ သီးစုံwaffle


အမဲသားဆင်းဒဝှစ်ခ်ျ + ပဲနီနွားနို့အိုက်စ်ကရင်မ်
ဒါ ကိုယ့်ရဲ့ ကော်ဖီ..။
 
ကိုယ်မှာတဲ့ စတော်ဘယ်ရီ အရသာ waffle

mrt အဝင်ဝရဲ့ အမိုးကို ဘာရယ်မဟုတ် ရိုက်မိတာ။
စားသောက်ပြီး အိမ်တန်းမပြန်လိုတဲ့ သူငယ်ချင်းက..
အနီးနားကတာင်ပေါ်လည်မလား ဆွယ်တော့..
မငြင်းရက်ပါဘူး.။
အင်းလေ...သွားတာပေါ့လို့ လက်ခံလိုက်တယ်..ဟိ။
ဘတ်စ်ကားမစောင့်ချင်တဲ့ ငပျင်းတွေ taxi ကြပ်ကြပ်သိပ်သိပ်
စီးကြပြန်တယ်..။
တောင်ပေါ်ထိလိုက်မပို့ပဲ အစပ်မှာ ချပေးပါတယ်.။

တောင်တက်ကြလေပြီ..။
သူငယ်ချင်းတယောက်ကတော့ ဒေါက်မြင့်နဲ့ ခြေထောက်အနာခံပြီး 
လိုက်ရှာတယ်..။
ကိုယ်လား..။
ဖိနပ်ညစ်ညစ်စုတ်စုတ် အဖြူရောင်ပြယ်နေတာနဲ့ပေါ့။
 
တောင်အောက် ဆင်းတော့ မှောင်နေပြီ..။

7 comments:

ကော်ဖီနဲ့တောင် .. မလုံလောက်သေးလို့ “တောင်”တက်လိုက်သေးတယ်ပေါ့။
စားချင်စရာသောက်ချင်စရာတွေချည်းပဲ။ ခခလေးဘယ်နားထားခဲ့လဲ ခခတို့မာမား :)
သတိရလို့ဗျို့

ပေါက်ကိုတွေ့လိုက်ရင် သူငယ်ချင်းတွေ ၀ိုင်းရံလို့၊
စားစရာတွေ ၀ိုင်းရံလို့၊
သွားစရာတွေ ၀ိုင်းရံလို့...
ဝိုင်းဝိုင်းလည် ခင်ကြီးကျယ်းP

(မနာလိုလို့ ပေါက်ကွဲသွားတယ်မှတ်)

သီးစုံဝေဖာရော စတော်ဘယ်ရီဝေဖာရော ကြိုက်တယ်
နောက် များများစား ပုံများများတင်
ဝချင် ၀ပစေသိလား ခွိ

ပုံ
ဘလော့ပျက်ပီး ပိုစ့်မတင်နိုင်သူ

အားကျစရာနေ့ လေး။
အိုင်အိုရာ

စားချင်လိုက်တာ.. ဒီ ကိုယ့်ဗိုက်ကြီးကြည့်ပြီး ကြောက်နေလို့...
ဒီတောင်ကို စားသမျှ အကုန်ပျယ်မယ်ဆိုရင်တော့ အပြေးတက်လိုက်ချင်ပါရဲ့.. ( ပုံတွေမိုက်တယ် )

N/A

တောင်တက်ရတာ
ကိုယ်လည်းကြိုက်တယ်၊
အမြင့်ကနေ စီးမိုးပြီးကြည့်ရတဲ့ အရသာ။

ဟုတ်တယ်၊
မသီတာ ပြောသလိုပဲ၊
အလည်ခေါ်တဲ့ သူငယ်ချင်းတွေ ပေါများလိုက်တာ၊