6/28/2011

လည်လည် ၂

 လှိုင်းရဲ့ ရိုက်ပုတ်တဲ့ဒဏ် ခံနေရတဲ့ ကျောက်တုံးတွေပါ..။

 ကောင်းကင်ပြာပြာကို ဖျက်ဆီးနေကြတဲ့ တိမ်တွေ..။
(အခုလောလောဆယ်တော့ တိမ်တွေကို ကြည့်မရဖြစ်နေ..)




 ဟိုရိုက်ဒီရိုက် အရေမရ အဖတ်မရတွေ ရိုက်ပြီးတော့..နောက်တနေရာ သွားဖို့
ဆုံးဖြတ်ကြပါတယ်..။

 ဆိပ်ကမ်းရှိတဲ့နေရာလေး..။
ငါးဖမ်းသဘောင်္လေးတွေရှိ..။
ပင်လယ်ထဲအပျော်လိုက်ပို့တဲ့ သင်္ဘောေးတွေလည်းရှိ.။
ဝေလငါးတွေ လိုက်ပြတဲ့ အစီအစဉ်လည်းပါ..။


 သွားလည်ဖို့ရာ ..ကြိတ်ကြိတ်တိုးနေလိုက်ကြတာ.။

 ကိုယ်တို့လား.။ မသွားပါဘူး။
အဖွဲ့ထဲမှာ ၂ဖွဲ့ကွဲနေတာ..။
သွားချင်သူနဲ့ မသွားချင်သူ.။
၂နာရီခွဲကြာမယ် ဆိုတာနဲ့.. မသွားဖြစ်တော့..။
လှိုင်းမူးတတ်တော့.. မစီးဖြစ်တော့.။

 ဆိပ်ကမ်းဘေးမှာ ငါးမျှားနေတဲ့ သားအဖ..။

 လမ်းဘေးက ပန်း။
သစ်ခွ ထင်တယ်..။
မအပြုံးပန်းတို့ကို မေးမှ သိတော့မှာ..။
ပန်းဘုရင်မများ..။

 ဒါက ရေခဲမုန့်ကို မြေပဲယိုကိုခြစ်ပြီး အပြားပေါ်တင်ထားတာနဲ့ စားရတာ..။
လမ်းဘေး အစာတမျိုး..။

 မြေပဲယိုကို ခြစ်နေပုံ.


 ဟီဟိ..။
ဟုတ်ပါတယ်..။
နောက်ဆုံး နံနံပင်ဖြူးပေးပါတယ်..။
စဉ်းစားရခက်သွားသလား.။
တခါတလေ ဒီကလူတွေ  စားတဲ့အစာကို လိုက်မမှီနိုင်ဘူး။
ပြီးတော့ ဒီလို အလိပ်ကလေးတွေ လိပ်ပေးတယ်..။
ဒီညတော့ သည်မျှသာ..။
ဆက်ပါဦးမည်.။
မျှော့..။


မှတ်ချက် ။ ။ ကမ်းစပ်ပုံတွေ..လှိုင်းနဲ့ ကောင်းကင်ပုံတွေ လှတာ၇ှိပါတယ်..။
ဗျူးက ဘယ်လောက်လှလှ .....
မလှတဲ့ လူဝဝကြီးတွေက ကဖျက်ကယက်လုပ်နေတော့ မတင်ပဲ ထားလိုက်ရပါတယ်။

11 comments:

  1. ရေခဲမုန့်၊ မြေပဲယို၊ နံနံပင်တို့ ပေါင်းစည်းထားတဲ့ အင်မတန်ထူးဆန်းသော လမ်းဘေးအစားအစာ ဆိုတာကို အံ့သြမှင်သက်စွာ ကြည့်သွားပါတယ်း)

    ReplyDelete
  2. ယူးဆန်းပါပေ့ ဆြာပေါက်ရယ်..
    N/A

    ReplyDelete
  3. Ice cream and peanut, seems delicious, but with coriander, strange combination of food. Anyway, I 'd love to try one of those.
    Mon Petit Avatar

    ReplyDelete
  4. ရေခဲမုန့်ကို နံနံပင်ဖြူး :think2:

    ReplyDelete
  5. သစ်ခွ အမျိုးအစားပဲ ထင်ပါတယ်၊
    သစ်ခွလိုတော့ တန်ဖိုးမထားကြပါဘူး၊
    လမ်းဘေးမှာပဲ စိုက်ကြတယ်။

    ရေခဲချောင်း ပေါင်မုန့်ညှပ်ပဲ စားဖူးတယ်။
    ရေခဲချောင်း ပြေပဲယိုလည်း မြင်ဖူးတယ်၊
    နံနံပင်ပါထည့်တာတော့ ဒီတခါပဲ မြင်ဖူးတယ်။

    ReplyDelete
  6. နံနံပင်ကို တော်တော်ချစ်ကြတာပဲနော်..

    ReplyDelete
  7. အဲ့ဒာ တိုင်ဝမ်ကော်ပြန့်လိပ် ထင်တယ်..

    ReplyDelete
  8. အော်နံနံပင် နံနံပင် မပါမကောင်း ပါမကောင်း
    အိုင်အိုရာ

    ReplyDelete
  9. U've a good day off...Sa Yar Paut :)

    ReplyDelete
  10. တချို့ နံနံပင်ကို သိပ်ကြိုက်တဲ့သူတွေက နံနံပင်ဆိုတဲ့ နာမည်အစား မွှေးမွှေးပင်လို့တောင် ပြောင်းပစ်ချင်ကြတယ် ဆိုပဲ...း)))

    ReplyDelete
  11. အိတ်စ်ယောင်းစ်June 30, 2011 at 1:52 AM

    ပန်းလေးလှတယ်

    ရေတွေနားသွားချင်တယ်.. ဒီရာသီဥတုက ထွက်ပြေးပီး ကမ်းခြေလေးနားသွားချင်နေတယ်

    မုန့်စားချင်တယ်.. နံနံပင်မထည့်ချင်ဘူး

    ReplyDelete