လည်လည်


 အသိတယောက်ကဆန်းဒေးကျရင် အပြင်ထွက်လည်ဖို့
အဖော်လာစပ်ထားတာ ကြာပြီ.။
နောက်အပတ်..နောက်အပတ်နဲ့... နေ့တွေ ရွေးချယ်နေတာ ကြာပြီ.။
ဒီအပတ်လည်း အမှန်က မုန်တိုင်းဝင်မလိုလိုဖြစ်တော့မသွားဖြစ်တော့ဘူးထင်နေတာ..။
မိုးတွေ ရက်ဆက်ရွာတယ်..။
စနေနေ့နေ့လည်မှာ မသွားဖြစ်တဲ့အကြောင်း လာပြောတော့ လက်မခံဘူး။
ဟီးးဟီ..။ ( အပြင်သွားဖို့ သိပ်တက်ကြွနေတဲ့ စိတ်အခံလေးရှိနေတယ်)။
မိုးရွာလည်း သွားလည်မယ်လို့ ပြန်ဖြေတော့..သူတို့တွေ လက်မခံချင်လည်းပဲ လိုက်လျောလိုက်ရတယ်။
ဒီလိုနဲ့ စနေညကျတော့ ပန်းခြံက မိုးမိပြီးပြန်ရောက်တော့..အိမ်တံခါးဖွင့်မရဘူး။
ဘယ်လိုမှ ဖွင့်မရရင်တော့ သူငယ်ချင်းအိမ်လိုက်အိပ်မယ်လို့ ပြောထားလိုက်တယ်..။
တံခါးကိုတော့ မရမကဖွင့်နေဆဲ..............။
ဘေးတံခါးက သော့တံနဲ့ ဖွင့်လို့ ရပေမဲ့ တံခါးက ဆွဲတင်လို့ မရပြန်ဘူး။
ဒီတံခါးက သုံးလေ့မရှိပြန်တော့ အတွင်းကြားမှာ ပစ္စည်းထုတ်တွေ ခခ-စကိတ်ဘုတ်တွေ..
ထီုး၂ချောင်းရယ် ပြည့်နှက်နေ..ထောက်မိနေပြီး တံခါးလုံးဝဆွဲတင်လို့ မရတဲ့အခြေအနေ..။
ကိုယ်ကတော့ ဇွဲမလျှော့ပဲ တံခါးကိုရသလောက်မတဲ့အခါ ပွင့်လာတဲ့ ၅စင်တင်မီတာအဟ
ကလေးကြားကနေ ပစ္စည်းတွေ စမ်းသပ်ကြည့်နေတယ်..။ ဆွဲထုတ်လို့ ရ မရပေါ့..။
ပစ္စည်းထုတ်ကိုလက်နဲ့ ဖောက်တယ်.။ အတွင်းက ပစ္စည်းလေးတွေ တစချင်းဆွဲထုတ်တယ်။
အဟလေးက သေးတော့ ဖြည်းဖြည်းချင်း ဆွဲထုတ်ရတယ်.။ သူငယ်ချင်းက ကူညီတာတောင်
လက်မခံဘူး။ ထုတ်ရတဲ့ ပစ္စည်းရော..သံတံခါးအနားသားရော စုတ်ပြတ်ကုန်မှာ စိုးရိမ်နေတာမို့။
ပစ္စည်းက အရေးမကြီး..တံခါးသာ တစ်ခုတစ်စုံဆို ညလုံးပေါက် မအိပ်ပဲ ထိုင်စောင့်နေရမစိုးလို့။
လမ်းသွားလမ်းလာတွေက သူတို့ဖာသာ ဖြတ်သွား ဖြတ်လာနဲ့ပဲ..။
ကိုယ်ဝမ်းလျားမှောက်ပြီး ပစ္စည်းတွေထုတ်ခဲ့ရတယ်...။
လက်လဲ အညိုအမဲတွေစွဲပြီး နာနေတာ အခုထက်ထိ..။
ဒီလိုနဲ့...........
..............(လူတယောက်လာကူပေးတာ ဆင်ဆာချန်သည်။)
..................................
နောက်ဆုံး တံခါးဖွင့်လို့ ရသွားပါတယ်..။ တံခါးဖွင့်ရလို့ ပျော်လို့မရသေးဘူး။
အတွင်း ဂလန့်တဖက်က ကျိုးသွားတော့ အတွင်းက လက်နဲ့ ပိတ်ရင်သာရတယ်.။
အပြင်ကနေ သော့ခတ်လို့ မရပြန်ဘူး။
သွားပြီ...............
မနက်ဖန် ထွက်လည်လို့ မဖြစ်ပြန်ဘူး..လို့ စိတ်ထဲတွေးပြီးစိုးရိမ်နေမိတယ်..။
ဒါပေမဲ့လည်း အစီအစဉ်ကို ဖုန်းဆက်ဖျက်သိမ်းဖို့ စိတ်မကူးပါဘူး။ဟားဟား
သော့ကိစ္စ မနက်ကျမှ ဆက်စဉ်းစားတော့မယ် ။
မနက်ကျ စောစောထပြီး လမ်းထိပ်က သော့ဆိုင်သွားတော့ မဖွင့်သေး။
ရပ်ကွက်ထဲ ပတ်ရှာရတော့တာပေါ့.။ တွေ့ပါပြီ..တဆိုင်..။
သူက ဓါတ်ခဲအရင်လဲကြည့်ပါတဲ့..။(ဒါကို စီဘောက်က ဘယ်သူလဲလဲမသိ
ဓါတခဲလဲဖို့အကြံပေးတာ ကျေးဇူးတင်ပါတယ်)။ ဒီလိုနဲ့ တံခါးမကြီးလဲ အဆင်ပြေသွားပါပြီ။
အဆင်ပြေတော့ ဘာဆက်ဖြစ်မလဲ...
ပျော်ပျော်ကြီး အပြင်ထွက်လည်ဖို့ ပြင်ရတော့တာပေါ့.။ဟီးးဟီး




စပါးခင်းတွေ့ရင် ဘာကြောင့်မှန်း မသိပျော်တယ်.။

ကားလမ်းဘေးတနေရာက  ကြက်သွန်မြိတ်စိုက်ခင်းလေး။
 လမ်းမှာတွေ့တဲ့ အပင်လေး
 အရွက်ခြောက်တွေ အရွက်ကြွေတွေ..အကြွေပန်းတွေ..။
အခုတလော ဒီပန်းပွင့်တဲ့ရာသီထင်တယ်...။
နေရာတကာ..။


 သူကျတော့ မြေခလို့ ကြွေကျရရှာတယ်..။

 သူလေးကတော့ ခပ်မော်မော်ပဲ..
ငွားငွားစွင့်စွင့် အလန်းလေး..။

ဒီနေရာပေါ့..။
လှိုင်းထန်.လေပြင်း...ရေကြီး..။
တော်သေးတယ်..တို့က လှေငယ်လေးမဟုတ်လို့..။
(လှေငယ်လေးသာဆို လွန့်လွန့်လူးနေမှာ မြင်ယောင်သေးတယ်။)


မှတ်ချက် ။ ။ အရေမရ အဖတ်မရတွေပါပဲ.။

6 comments:

ပျော်စရာကြီး၊
အလည်သွားတာကြည့်ရလို့ ပျော်တယ်။
ဖတ်ရလို့ ပျော်တယ်။

အိမ်တံခါးရှေ့က ပုံရိပ်ကို မြင်ယောင်တယ်၊

အုံ ဖွ...အုံဖွ။

ပုံလေးတွေ လှတယ်

ဒါပေမယ့် ဆင်ဆာဖြတ်တဲ့ အပိုင်းကို ပိုစိတ်ဝင်စားတယ်

အိတ်စ်ယောင်းစ်

သိတ်စိတ်ညစ်တယ် ပုံတွေ က သိတ်လန်းနေတယ် ဟင်း ..ဆိုတာဘဲစိတ်ဝင်စားတယ်။

စာဖတ်ရတာနဲ့တင် ဘယ်လောက်ပျော်ခဲ့မယ်ဆိုတာ သိပ်သိသာတယ်.. ပျာယာကိုခပ်နေအောင် လွန့်လွန့်လူးပျော်ခဲ့တယ်ပေါ့..
N/A

လှိုင်းလေလယ်လွင့်လွန့်လူးလှေလေးလိုလား ပေါက်?

ဘာမှ မဟုတ်ဘူး ဟို ပ ငါးလုံး TZA ကို ဒီမှာ လက်စားလာချေတာ :)

အရည်မရ အဖတ်မရဘဲကြိုက်တယ်။
အိုင်အိုရာ