ငပျင်းရဲ့ညစာ

 အခုတလော ရာသီဥတုပူတော့ ထမင်းမချက်ချင်ဘူး.။
ဘာမှ မလုပ်ချင်တာပါ..။
နည်းနည်းသက်သာရလည်း သက်သာပေါ့..။
ဟိုတနေ့က ညစာပါ..။
ထမင်းဖြူချက်ထားတယ်..။
ကင်(မ်)ချီးရှိတယ်..။
ရေညှိခြောက်ရှိတယ်..။ 
တူနာငါးသေတ္တာဘူးရှိတယ်..။
ကဲ...ထမင်းစားလို့ရပါပြီ..။
ထမင်းဖြူပေါ် တူနာငါးနဲနဲပုံ..ကင်မ်ချီးနဲနဲထည့်..
ရေညှိခြောက်လက်ဆုပ်လောက်ထည့်..
အဆင်ပြေရင် ကြက်ဥတလုံးမွှေကြော်လိုက်ပါ.။
နှမ်းဆီထည့်..။
သုံးဆောင်နိုင်ပါပြီ..။


13 comments:

ကာရီးယိုး ထမင်းသုပ်စတိုင်ပေါ့
အောက်ဆုံးက ဘာကြီးလဲ

ကြိုက်တယ်.... ကင်မ်ချီ ပိုကြိုက်တယ်....

အဲလိုလဲမဟုတ်ဘူးလေ..ရှိတာကို ဒီလိုပဲ
ရောနယ်စားလိုက်တာ..။
အရင်က သူဌေးမအိမ်သွားလည်ရင် နေ့ခင်းဖက် သူက
ထမင်းအိုးတလုံးတည်ထားတာကို..ကင်မ်ချီး
ဘူးကြီးချ..တူနာငါးသေတ္တာဘူးဖောက်..
ရေညှိခြောက်ထုတ်ဖောက်ပြီး..ဒီတိုင်းကျွေးတာ။
တခြားဟင်ေးတွဆို ကိုယ်က ဆီမသန့်မှာစိုးတာရယ်..ဘာဘာညာညာရယ်နဲ့ဆိုတော့..ဒီနည်းက အဆင်ပြေတယ်..။
နွေဆို...ဒီလိုပေါ့..။
ဆောင်းဆို ကင်မ်ချီးဟင်းရည်ချက်လိုက်တယ်..။ဒါလဲ ကောင်းတာပဲ။
(ငါက အစားမရွေးတာလဲ ပါမှပေါ့အေ)
ပီဘင်ဘာ့ (ထမင်းသုတ်)ကျတော့
အမဲသားရယ်..အ၇ွက်တွေရယ်..ငရုတ်သီးဆော့ရယ်...ပဲပင်ပေါက်(ပဲဝါဖောက်)ဘာဘာညာညာပေါ့..။ သိပ်မစားဖြစ်ဖူး..ကထိကယများလွန်းလို့..။
ဝယ်စားလိုက်တယ်..ဟီးး။

ဟာရ်ပိုးနီးထုံ အောက်ဆုံးက တူနာငါးသေတ္တာလေ..။
မျက်စေ့မှုန်နေပြီလားး.။
ခစ်ခစ်

ဒါက ငပျင်းစာတဲ့လား။ ကင်ချီမကြိုက်၊ ရေညှိချောက် စားရကောင်းမှန်းမသိ၊ တူနာ အစိမ်းမစားဖူးပါ။ နာတို့ငပျင်းစာကတော့ ခေါက်ဆွဲချောက်ပဲ..
ဘိုင်သဝေး ဟဲပီးဘတ်ဒေး
N/A

ဒါနည်းစနစ်သစ်ပဲ မှတ်ထားမှဖြစ်မယ် :D
မတွေ့တာကြာပေါ့ ဘာတွေလုပ်နေပါသလဲ။

ကြည့်ရတာ စားကောင်းမယ့်ပုံပါ။
ရေညှိခြောက်တော့ ထမင်းနဲ့ မစားဖူးဘူး။

ရေညှိခြောက်နဲ့ တခါမှ ထမင်းမစားဖူး ပေမယ့် ဒီလို ညစာမျိုး အတွက်ဆို ငပျင်းပဲ ဖြစ်လိုက်ချင်တော့တယ်။း)

တကယ်ပျင်းတဲ့အခါတွေမှာ အဲဒီလိုတောင် မစားချင်လောက်အောင် ပျင်းတာ...

ပြိုင်ပျင်းမလား အမျိုးရေ... ပြော...း))

ပေါင်မုန့်တစ်ကိုက် နွားနို့တစ်ခွက်ဆိုရင်ကော။

တို့ကတော့ ကြက်ဥ ပုံလိုက်ကတည်းက ပြည့်စုံသွားပြီ။

ငပျင်းညစာကလဲ စားချင်စရာ... ဒီကငပျင်းက အိမ်နီးရင် လာတောင်းစားဦးမှာ...

ပျင်းသာပျင်းတယ်
အစားကောင်းစားတတ်တဲ့ ထုံးစံတော့မပျက်ဘူး။
တော်တယ်။

အကြိုက်ဆုံး အစားအစာပြင်ဆင်နည်း ရွေးလိုက်ပါတယ် =)