ဒီဆန်းဒေးမှာ (ပြင်း)ပျင်းနေတယ်..။

Sundayက အပူပြင်းတယ်..။
အပြင်မထွက်ချင်ဘူး.။
ပါဆယ်တစ်ထုတ် လာပို့စရာရှိတယ်တဲ့..။
စာတိုက်က ဖုန်းလာတယ်..။
ပါဆယ်ရောက်တော့ အောက်ဆင်းယူရင် အိမ်အောက်မှာ ဆင်းထိုင်ဖြစ်နေတယ်..။
သူငယ်ချင်းက ခခကို ရေကစားဖို့ ချိန်းထားတာ မသိချင်ယောင်ဆောင်ထားတယ်..။
ခခက သွားဖို့ ပြင်ဆင်ပြီးတာ ကြာပေါ့..။
မျက်နှာမသာမယာနဲ့ မသွားသေးဘူးလား..။ မသွားသေးဘူးလားနဲ့ လာ လာ..ပွစိ..ပွစိ
လုပ်နေတယ်..။ကိုယ်ကတော့ ထိုင်ရာက မထချင်..။
ပြင်းလိုက်တဲ့နေ...။
ပျင်းလိုက်တဲ့ ငါ..။
ခခ ရေကစားနေတုန်း ကိုယ်ကတော့ ကန်ဘောင်မှာ သူငယ်ချင်းနဲ့ အာလူးများ။
အမှန်တရားတွေ အမှားတရားတွေ အကုန်ပေါ့..။

ရေကစားပြီးတော့...ထိုင်းစာသွားစားကြ..။
ပြီးတော့ နေ့လည်က မြို့ထဲသွားဖို့ချိန်းတဲ့ သူငယ်ချင်းကို ဖုန်းဆက်မေးပြီး
သူ့ဆီလိုက်သွားတယ်..။

 အလန်းလေးတွေ..။
ဟန်ပြသူနဲ့...
မာန်ထသူ..။

 တွေ့ပြီ..တွေ့ပြီ..။
 ရှာလို့တွေ့ပါပြီ..။
ဒီနေရာမှာပဲ..ကလေး၂ယောက်က တခြား..။
ကိုယ်တို့ ၃ယောက်က ပွား..။
ရယ်လိုက်ရတာ တဟားဟား.။
မမသူတွေလေ..။

 တနေရာပြောင်းကြပြန်တယ်..။
လျှော့ပင်းစင်တာ အပေါ်ထပ်..ကလေးတွေ စက်တွန်းအရုပ်တွေပေါ်ဆော့လို့ရ..။
ကိုယ်တို့ကတော့ ဘေးက ရေပန်းတွေဘေးထိုင်လို့..။

 ဝါသနာတူ၂ယောက်ကတော့ ရိုက်လိုက် ဖျက်လိုက်နဲ့..။
ကိုယ် တပွေတည်းး...ငေါင်တောင်တောင်နဲ့ငေးလို့ ထိုင်လို့..။
နွားနို့တစ်ဘူးလောက်ပါရင်လဲ အကောင်းသား..။
လေတဖြူးဖြူးနဲ့ ကိုယ်နဲ့..နွားနို့နဲ့..။

လမ်းဘေးအနုပညာသည်ဆီမှာ ခခတို့ ပညာသင်နေတာ။
ကိုယ်ကတော့ ခပ်ဝေးဝေးကနေငေးနေတယ်..။(ရှက်လို့..)
အပြန်လမ်းမှာတော့ ဆိုင်တဆိုင်တွေ့လို့ဝင်မွှေတယ်..။
(မသက်ဝေသိပါတယ်..ဘာဆိုင်လဲ ဆိုတာ..)
ကိုယ့်အတွက် တစုံတရာပါလာတယ်..။




စကားမစပ် ။ ။ မစူးဘလော့ဂ်လည်း အဆင့်မြင့်သွားပြီ..။
ဝင်ချင်တိုင်း ဝင်မရတော့ဘူး..။
အဟိ..။
 

8 comments:

ဆင်တူတွေတော့ ဖြစ်ကုန်ပြီထင်တယ်

အာဂျီးကြွားးးးးးးးး အဲ အာဂျီးမားးးးးး
ပုံ
ဆယ်ကျော်သက်

ပေါက်ရေ...

သေးသေးလေးရေးထားပေမယ့် မြင်တယ် :P တို့က မဖတ်ရင်မဖတ်ဘူး ဖတ်ရင်သေချာဖတ်တတ်တယ်လေ..ဟဲဟဲ..
အဲဒါကြောင့်လည်း ဘလော့ဂ်စိတ်ပြတ်အောင် ခနပိတ်ထားတာပါ.. မဟုတ်ရင် လောလောဆယ် တခြားအလုပ်အတွက် အနှောင့်အယှက်ဖြစ်လို့..ဒါတောင် လိုက်ဖတ်နေသေးတယ်..ဒါပေမယ့် တို့ list ထဲမှာပေါ်မှဖတ်တော့တယ်

စူးနွယ်လေး

မသက်ဝေ သိပေမယ့်
များတို့ မသိဘူးတော့၊
အသေအချာကြည့်ပြီး စဉ်းစားတယ်၊
မသိဘူး၊

:)

လျှောက်လည်နေတဲ့သူက ပျင်းတယ်ဆိုတော့လည်း
အိမ်ထဲနေရတဲ့သူက ဘာမှ မပြောတော့ပါဘူး

အပြုံးရေ
လက်ကောက်ပါ။

အော် နားကပ်ထင်လို့။ :)

နွားနို့ ဆိုလို့ တစ်ခုခုကို သတိရသွားတယ်။
လေတဖြူးဖြူးနဲ့ စိတ်ပြေလက်ပျောက်ပေါ့။ cheers!

ပုံ
ကိုကြီးပန်ညီမလေး

ကြည့် လုပ်ပြီ။
မသက်ဝေကို ဘယ်လိုဆက်သွယ်ရမှာလဲ။

ပြင်းနေတယ် (သိချင်စိတ်တွေ)

ဟုတ်တယ်နော် စူးနွယ် ဘလော့နေ့တိုင်းနီးပါးသွားတော့ ၀င်လို့လည်းမရကော “ သူက ကိုယ့်ကို အင်ဗိုက်လုပ်မှ ဖတ်လို့ရမှာတော့” ဆိုပြီး လန့်သွားတယ်။

ဒါနဲ့ နွားနို့ကို အဲလိုအချိန်တွေမှာသောက်ချင်စိတ်ဖြစ်တာ လား။