端午節







ဒီနေ့ ကောက်ညှင်းထုတ်ပွဲတော်..။
စနေနေ့ညနေပိုင်း ကောက်ညှင်းထုတ်မယ် စဉ်းစားပြီး ကောက်ကာ ငင်ကာ ဈေးသွား
ကောက်ညှင်းဆန်ဝယ်...လိုအပ်တဲ့ အစာတွေ..အရွက်တွေ..ကြိုးတွေဝယ်ပြီး
ဆန်ရေစိမ်..အရွက် ရေစိမ်..ကြိုးရေစိမ်..မှိုခြောက်ရေစိမ်..ပုဇွန်ခြောက်ရေစိမ်ပြီး
လုပ်လိုက်ရပါတယ်..။
ဖြစ်သလို လုပ်ပါတယ်..။
ဆိုလိုတာက...အစာသိပ်အစုံကြီးမဟုတ်ပဲ..။
ထုတ်တာကတော့ အိမ်ကိုလာနေကျ အဒေါ်ကြီးတယောက် ထုတ်ပေးပါတယ်.။
မြန်ကောင်းလှပ..။

ကောက်ညှင်းထုတ်ပွဲတော်မှာ ပျော်ရွှင်ကြပါစေ..။


နောက်တိုး ။ ။
အိမ်မှာ...
အဖိုးက ဒီပွဲတော်ရောက်တုန်းနှစ်တိုင်းလုပ်နေကျကတော့ ကောက်ညှင်းချည်း
အဖြူထည်ထုတ်ပြီး သကြားနဲ့တို့စားတာရယ်..။
ပဲနီထည့်ပြီး ထုတ်တာရယ်..။(မြေပဲထည့်မထည့်မသေချာ)
နောက်ပြီး ဒီပွဲတော်ရောက်ခါနီးဆို အဖိုးက ဒီအရွက်ကို ကိုယ်တိုင်သွားခုတ်ပါတယ်။
အခုလုပ်တာက ဒီကလူတွေစားတဲ့နည်းမျိုးပေါ့..။
(မြန်မာမှာဆိုရင်တော့ ရန်ကုန်ဘက်က တရုတ်ဖြစ်မယ်ထင်ပါတယ်..ဒါလဲမသေချာ)


ကျနော်လုပ်တာ အလွယ်နည်းမို့ ရှိတဲ့အဆာတွေနဲ့ပဲ လုပ်ဖြစ်ပါတယ်။

ကောက်ညှင်းဆန်ကို ရေဆေးပြီး၎နာရီ ရေစိမ်ထားရပါမယ်။
ထုတ်ရမဲ့ အရွက်ကိုလဲတရွက်ချင်းသေသေချာချာ ရေဆေးရပါမယ်..။
မှိုခြောက်ကိုရေနွေးစိမ်ပြီး ပါးပါးစိပ်..။(၃နာ၇ီလောက်ကြိုစိမ်ထားပါ)
မပြုပ်ရသေးတဲ့ ဘဲဥအငန်ကို အနှစ်ချည်းယူပြီး ပန်းကန်တစ်လုံးထဲ ထည့်ထားပေးပါ။
ကိုယ်ထုတ်လိုသလောက် ကောက်ညှင်းထုတ်အရေအတွက်အတိုင်း ဘဲဥကိုဝယ်ရပါမယ်။
ပုဇွန်ခြောက်ကို ရေဆေးပြီး အရင်ကြော်ပါတယ်..။ ငရုတ်ကောင်းဖြူးပါတယ်။
ပန်းကန်တလုံးထဲ ပြင်ထည့်ထားပါ။
လှီးထားတဲ့ မှိုကို ကြော်ပါတယ်..။ ကြာညို့နဲ့ ငရုတ်ကောင်းထည့်ပါတယ်။
ပန်းကန်တစ်လုံးထဲ ထည့်ထားပါ..။
ကျန်နေတဲ့ ဆီနဲ့ ၄နာရီရေစိမ်ထားတဲ့ ကောက်ညှင်းကို ထည့်ကြော်ပါတယ်..။
ကြာညို့အငန်ထည့်....五香粉 ထည့်..။၂မိနစ်လောက်ကြော်ပြီး အိုးကချ။
ပြီးတော့ ထုတ်လို့ရပါပြီ..။
ထုတ်ပြီးရင် အိုးတလုံးထဲကို စီပြီးထည့်ပါ..။ ရေအပြည့်ဖြည့်ပါ..။
၂နာရီခွဲကြာ ပြုပ်ရပါမယ်..။ ရေလျော့ရင် ရေထပ် ထပ်ထည့်ပေးနေရပါမယ်..။
(အိုးနဲ့ ကောက်ညှင်းထုတ် အပြည့်ဖြစ်နေရပါမယ်..ဒါမှ ရေထဲ အိုးထဲမှာ ကောက်ညှင်းထုတ်
တွေ ပေါလော မဖြစ်နေမှာပါ..။)
ကြက်ဥထည့်ပြုပ်တာက ကောက်ညှင်းထုတ်အိုးမှာထည့်ပြုပ်တဲ့ ကြက်ဥပြုပ်
စားကောင်းတတ်လို့ပါ..။
မချစ်ကြည် မေးတဲ့ ဝက်သားကတော့..ကျနော်မစားတော့ မပြောတတ်ပါဘူး။
ဆောတီးပါနော့..။
အဆင်ပြေပါစေ..။



မှတ်ချက်..။ ။။ ဓါတ်ပုံသာရိုက်ထားတာ..။တင်ချင်စိတ်သိပ်မရှိပါ..။
ဖြစ်သလို လုပ်ထားသောကြောင့်..။
အစ်မတယောက်မယုံကြည်မှာစိုး၍ တင်လိုက်ရပါသည်..။

12 comments:

အာဂျီးမား ပီးရင် ရေများများသောက်ပါ
တင်ပါ ဒါမှ လုပ်နည်းသိရမှာ မဟုတ်ရင် စားသာစားတာ ဘယ်လိုလုပ်မှန်းတောင် မသိဘူး
ဒီကတော့ မနေ့ က ဒန်ပေါက်အစားကောင်းတာ ခု
အစာအိမ်ပြန်နာပီး ဖျားနေပေါ့
ပုံ
အစာအိမ်မကောင်းပေမယ့် အစာဆို ရှေ့ ဆုံးက စိတ်ဝင်စားသူ

နင်ကိုတယ်တိုင် ထုတ်ထားသလားလို့ ချီးကျူးမလို့ဟာ.. အာဂျီနိုမိုတို.. အဲ.. အာဂျီးမားရယ်...။

ထုတ်တာကတော့ အိမ်ကိုလာနေကျ အဒေါ်ကြီးတယောက် ထုတ်ပေးပါတယ်

ဒီစာကြောင်းမရောက်ခင် ပုံတွေနဲ့ စာတွေဖတ်ပြီး ငါတော့ အဲလောက်တောင် မထုပ်တတ်ဘူး ဆိုပြီး.....

အင်း ထုပ်ဘူးတဲ့သူသိပါတယ် ခက်တယ်နော်။
ဒါကိုပြောချင်တာပါ။

ဘွားပိုး မစားနဲ့နော်..။
အသက်ကြီးရင် ကောက်ညှင်းမတည့်ဘူး။
နောက်တခါ..ခြောက်မောက်ပေါ ချက်တဲ့
ဒန်ပေါက်ပဲ စားပါ.။
မဆလာနည်းပါတယ်..။

အာဂျပ်ရှီ ဘ ..
ငါလဲထုတ်တတ်ပါတယ်..။
အဲ့လောက်မလှတာတခုပဲ..။
စိတ်မစမ်းနဲ့နော်..။
နောက်တပို့စ်တင်ပြီး ထုတ်ပြလိုက်ရ..။

မကောင်းမွန်ဝင်း
ဒါ ရိုးသားတာပါ..။
ဟီးးဟီးး။
အစာတွေအားလုံးကိုယ်တိုင်ဝယ်..
ကိုယ်တိုင်စိမ်..
ကိုယ်တိုင်လှီး...ကြော်..။
ထုတ်တာလေးတခုပဲ အဲ့အဒေါ်ကြီးကလုပ်ချင်တယ်ဆိုလို့ ပေးလုပ်လိုက်တာပါ..
ဟားဟား..။



ပေါက်

အမ တယောက်ပဲ ပါးစပ်ကမချပြောနေတယ် :anr:

အဲဒီကောက်ညှင်းထုပ် အရမ်းကြိုက်တယ်။ အထဲမှာ ဝက်သား၊ မှိုနဲ့ ဘဲဥဆားငံအနှစ်ပါတာမျိုး လုပ်တတ်ချင်တယ်။ လုပ်နည်းတင်ပေးပါလား ပေါက်ရေ....:))

ကြိုက်တယ်...၊ခဏခဏစားဖြစ်တယ်...၊ညန်မာပြည်မှာ
တော့ ပြာရည်ထုတ်လို့ခေါ်တယ်ထင်ရဲ့...ဘာလို့ပြာရည်
ထုတ်ခေါ်လဲမသိ...။

ဒါကြောင့်တရုတ်ဆိုင်မှာ ဒီနေ့ ကောက်ညှင်းထုတ်တွေ တွေ့ တာကို။။။။။

ဒီမှာလည်း ရောင်းနေတာတွေ့တယ်၊
တချို့က မာတယ်၊ ကောက်ညှင်းက၊
ဟိုတနေ့က ဆိုင်ကောင်းကောင်းမှာ စားတော့ နူးညံ့နေတာပဲ ကောင်းတယ်။

သူငယ်ချင်းတယောက် လုပ်ကျွေးတဲ့ ကောက်ညှင်းထုတ်ကို သတိရသွားတယ်။
သူလည်း တ၀ မှာပဲရှိတယ်။
အဆက်အသွယ်တွေ ပြတ်နေတယ်။

အားကျသကွာ ရှလွတ်..ရှလွတ်.. ဒါနဲ့ ဝါးပင်ကဝါးရွက်နဲ့ကောက်ညှင်းထုပ်တာမဟုတ်လား? ဒါမှဝါးရွက်နံ့သင်းသင်းလေးနဲ့ကောင်းမှာပေါ့၊ ဘယ့်နှယ် “ဒီအရွက်တွေ” ဆိုပီး ဝါးရွက်လို့ထဲ့မပြောတော့ တခြားဘာအရွက်တွေများသုံးသေးလဲလို့ ကြောင်တောင်တောင်ဖြစ်သွားလို့။

ဟိုအဒေါ်ကြီးက ကူ ထုတ်ပါရစေ ဆိုလို့ ပေးထုတ်ရင် တို့က ကူ စားပါရစေအေ.. ခွင့်ပြုပါ။