ပုဇွန်မာလာကြော် နှင့် ကန်ဇွန်းရွက်ကြော်

ဟင်းချက်တာ မတင်တာကြာပြီ.။
ငပျင်းဖြစ်နေတာရယ်..။
ပုံတွေ ရိုက်ပြီး  ပစ်ထားမိတာတွေရယ်ကြောင့်။
အခုက ဖုန်းနဲ့ရိုက်ဖြစ်လို့ တင်ဖြစ်ပါတယ်..။
ပုဇွန်ကို မာလာအနှစ်နဲ့ကြော်ပါမယ်..။
ပထမဆုံး ပုဇွန်ကိုကျောခွဲရေဆေးပြီး ကြက်သွန်ဖြူနုတ်နုတ်စင်းနဲ့
ကြာညို့အငန် (ရန်ကုန်အခေါ်ပဲငန်ပြာရည်အကြည်ပေါ့)နဲ့ နယ်ထားပါ။
ငရုတ်ချိုသီးအနီ အဝါကို ဖြစ်သလိုဓါးနဲ့စိတ်ထားပါ..။
ကြက်သွန်နီကို ခပ်ထူထူစိတ်ထားပါ..။
ကြက်သွန်မြိတ်ကို ခပ်စောင်းစောင်းလှီးထားပေးပါ.။
မာလာအနှစ်ကို ကိုယ်အလိုရှိသလောက် ထုတ်ထားပါ..။
(မှတ်ချက် ။ ။ ဒီဟင်းကြော်ရာမှာ ဆားမထည့်ပါ..။)

၁။  ကြာညို့အငန် ကြက်သွန်ဖြူနဲ့ နယ်ထားသော ပုဇွန်



 ၂။ ငရုပ်ပွ(ငရုပ်ချို)အနီ အဝါ ။ကြက်သွန်နီခပ်ထူထူလှီးထား
ကြက်သွန်မြိတ် ခပ်စောင်းစောင်းလှီးထား.


၃။ ဆီအိုးတည်ပြီး ဆီပူပူမှ နယ်ထားတဲ့ ပုဇွန်ကို
၃၀စက္ကန့်လောက်ထည့်မွှေကြော်ပါ။
ပန်းကန်တစ်ခုထဲကို ဆယ်ထားပါ။
သိပ်မကြာပါစေနဲ့..ကြာရင် အသားရင့်မှာစိုးပါတယ်။

ဆီနဲနဲထည့်ထည့်ပြီး
စောစောကအသင့်ပြင်ထားတဲ့အဆာတွေ ထည့်ကြော်ပါ။
၁မိနစ်လောက်ကြော်ပြီးရင် မာလာအနှစ်တစ်ဇွန်းလောက်ထည့်မွှေပါ။
ဆက်တိုက်ဆိုသလို စောစောက ကြော်ပြီးသားပုဇွန်ကို
ထည့်ကြော်ပါ။၃၀စက္ကန့်လောက်။


 သုံးဆောင်နိုင်ပါပြီ..။




ကန်ဇွန်းရွက်ကြော်ပါ..။
ကြက်သွန်ဖြူဓါးပြားရိုက်ပြီး ပုဇွန်ခြောက်ရေစိမ်ပြီးသားကို
ဆီပူပူမှာ ထည့်ကြော်ပါ..။
ကန်ဇွန်းရွက်ကိုထည့်ပါ..။ဆားနဲနဲထည့်ပါ.။
၁မိနစ်ပဲကြော်ပါ..။
ကန်ဇွန်းရွက်ကြော်စိမ်းစိမ်းလေး သုံးဆောင်နိုင်ပါပြီ။
(ဒီနေ့ကြော်တာတောင် နဲနဲနွမ်းသွားတယ်..
စိမ်းစိမ်းကြွပ်ကြွပ်လေးပိုကြိုက်ပါတယ်..)


မှတ်ချက် ။ ။ ငပျင်းဖြစ်နေတာကြာပါပြီ..။
အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။
အမှန်က ဒီဟင်းမျိုးအရင်က တင်ဖူးတယ် ထင်တာပဲ..။
အရင်ကချက်တော့ အရင်က အရသာ...။
ဒိနေ့ချက်တော့ အရသာမတူဘူးပေါ့လေ..ဟီးးဟီးး


ဖြည့်စွက်ချက် ။ ။ အာလူး၃လုံးဝယ်လာသည်။
မုန်ညှင်းချဉ်နှင့် ချက်ဖို့ရည်ရွည်သည်။
ခရမ်းချဉ်သီးလဲ ပါမည်။






8 comments:

ကောင်းမှကောင်း
တနေ့တည်း သုံးပို့စ် ;P

ပုဇွန်မာလာကြော်က အနီ၊ အဝါ၊ အစိမ်း၊ အဖြူ အရောင်စုံပဲ...၊ လှတယ်..။း)

ဒီနေ့မှကြည့်ဖြစ်တော့ ဒီနေ့ဘိုက်ဆာတာပေါ့ ကန်ဇွန်းရွ့ကြော်ကြိုက်တယ်။

ပုဇွန်ရော ၊ ကန်စွန်းရွက်ရော အကြိုက်တွေပဲ။

ဟင်းချက်တတ်လိုက်တာ။
အရောင်ကလည်းလှ။
အော် ဟင်းတွေမတင်ခင်က သူများတွေက မျော့ ကြတယ်။
ဒီကတော့ အဲဒီဟင်းတွေကြည့်ပြီး မျော့မျော့လေးပဲ။စားချင်လို့။
ငတ်တာ။

စားချင်စဖွယ်....ပုဇွန်ဟင်းကြိုက်တယ်။

အာလူး၃လုံးဝယ်လာသည်။
မုန်ညှင်းချဉ်နှင့် ချက်ဖို့ရည်ရွည်သည်။
ခရမ်းချဉ်သီးလဲ ပါမည်။

စိတ်ဝင်စားသည်။အိမ်မှာ မုန်ညှင်းချဉ် မန္တလေးမှဝယ်လာတာ တစ်ပိသာတောင်။

Hi, look very color full and taste full. Awaiting for your new post. Thnx.

Nang Myint