ပန်းခြံ

 မနေ့က ပန်းခြံထဲမှာရှိနေတုန်း လ...။


ကိုယ့်မှာ ညအလုပ်ပြီးချိန်ဆိုရင် သွားစရာတစ်နေရာ ရှိနေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ပတ်လောက်က စလို့ သွားဖြစ်ပါတယ်။
ကိုယ့်အလုပ်ပြီးချိန် အိမ်ပြန် နောက်နေ့အတွက် ထမင်းဘူးပြင်ထား။
အဝတ်လျှော်စရာရှိလျှော်ထား ...မလုပ်မဖြစ်အိမ်အလုပ်နည်းနည်း လုပ်ပြီး
အဝတ်အစားလဲ ပြီး အပြင်ထွက်ဖို့ ပြင်ဆင်ပါတော့တယ်.။
နေရာကတော့ အိမ်နားက ပန်းခြံတစ်ခုဆီကိုပါ..။
ပြောခဲ့ဖူးတဲ့အတိုင်း ပန်းခြံပတ်ဖို့ သွားပါတယ်..။
အဲဒီပန်းခြံအလယ်မှာ ရပ်ကွက်သူ။သားများ အပန်းဖြေ ကျန်းမာရေးလုပ်ဖို့အတွက်
အဝိုင်းပတ်ကြီးတစ်ခု ပြုလုပ်ထားပါတယ်.။
ပထမဆုံးနေ့မှာ အဲဒီအဝိုင်းကြီးကို ၁၀ပတ် ပတ်မယ်ကြံရွယ်ပြီး သွားခဲ့တယ်ပါတယ်။
တကယ့် တကယ်တော့ ၅ပတ်မြှောက်မှာ ညောင်းတာရယ် မောတာနဲ့ ပေါင်းပြီး မခံနိုင်
တော့ပါဘူး။
အဝိုင်းကြီး တပတ်ပတ်နိုင်ဖို့ ၅မိနစ် ၆မိနစ်လောက် အချိန်ပေးရပါတယ်..။
ကိုယ်ကတော့ ခြေလှမ်းမြန်သူပီပီ ၄~၅ မိနစ်လောက် လျှောက်ရပါတယ်..။
(အခုတော့ ၂.၅မိနစ် ~~၃မိနစ်လောက်နဲ့ တပတ် ပတ်နိုင်ပါပြီ)
ဒီပန်းခြံမှာ  ညပိုင်းလမ်းလျှောက်သူတွေ ပြေးသူတွေနဲ့ စည်ကားပါတယ်။
ည ၁၀နာရီကျော်မို့လားမသိ..လူငယ်တွေများပါတယ်..။
ခွေးလေးတွေကို လေ့ကျင့်ခန်းလာလုပ်ပေးသူတွေလဲ ရှိရဲ့..။
ပန်းခြံဆိုတဲ့ အတိုင်း အဝိုင်းပတ်ပတ်လည်က ခုံတန်းလေးတွေမှာ အလကားနေရင်း ချိန်းတွေ့
ကြတဲ့ အတွဲတွေလည်း ရှိတတ်ပါတယ်.။
ကျနော်ကတော့ ညစဉ် ညတိုင်းအကျင့်လုပ်ပြီး လမ်းလျှောက်ပါတယ်..။
ပြီးခဲ့တဲ့စနေ သူငယ်ချင်းတစ်ယောက်အိမ်ကိုလာပြီး အာလူးဖုတ်တာရယ်..
ဒီတနင်္လာ နေမကောင်းဖြစ်တာရယ်ကလွှဲလို့ ညစဉ် မပျက်မကွက် သွားပါတယ်။
ပြီးခဲ့တဲ့အပတ်က မိုးသည်းသည်းရွာနေတဲ့ကြားက မိုးကာဝတ်ပြီး လမ်းသွား
လျှောက်ပါတယ်..။
မိုးရွာတဲ့ညတွေမှာ လမ်းလျှောက်သူ အပြေးကျင့်သူ တစ်ယောက်မှ မရှိပါ။
ကိုယ်ဝင်သွားချိန်မှာ ကိုယ်တယောက်တည်းသာ ပန်းခြံထဲမှာရှိနေပါတယ်။
တစ်ယောက်တည်း ကယောင်ခြောက်ခြားဖြစ်ပြီး ခပ်ဖြေးဖြေးပြေးပါတယ်။
တစ်ယောက်တည်း ဖြစ်တော့ မျက်စေ့က ဟိုကြည့် ဒီကြည့်နဲ့..
ပန်းခြံတစ်နေရာကို ဖြတ်သွားတိုင်းကြည့်မိတော့ ကိုယ်နဲ့ ပေ၂၀လောက်
အကွာမှာ လူတစ်ယောက်ရပ်နေတာ သတိထားမိတယ်..။
အဲ့နေရာ ပတ်မိတိုင်း အဲဒီလူရှိနေတုန်းပဲ..။ ပြီးတော့ မလှုပ် မယှက်နဲ့ကို
ကိုယ့်ကို ကျောပေးပြီး ရပ်နေတာ..။ မိုးကဖွဲဖွဲရွာနေဆဲ..။
နောက်တော့ အဲ့နေရာပတ်မိတိုင်း သူရပ်နေတဲ့ဖက်ကို မကြည့်မိအောင်
ကြိုးစားတယ်..။
လိုရ မယ်ရ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ထားပါတယ်။
သူငယ်ချင်းကတော့ ဆူတယ်..မိုးရွာနေလျက်နဲ့ ပန်းခြံကိုသွားတဲ့အတွက်..။
နောက်တော့ လူတစ်ယောက်ဝင်လာ လမ်းလျှောက်ပါတယ်..။
သတိနဲ့ ပိုနေဖြစ်သွားတယ်..။သူငယ်ချင်းကိုလဲ ဖုန်းဆက်အသိပေးမိတယ်..။
ပန်းခြံထဲ လူတယောက်ဝင်လာပြီ..ငါကြောက်တယ် ဆိုပြီး..။
အဲ့ဒီနေ့က အတော်မောပါတယ်..။ ပြေးကျင့်မရှိတော့ ခပ်ဖြေးဖြေးပြေးတာကို
အတော်အမောဆို့ပါတယ်..။
ကိုယ်သတ်မှတ်ထားတဲ့ ၁၀ပတ်ပြည့်မှ ပြန်လာတော့တယ်..။
နောက်ရက် သွားတော့ အရင်နေ့ကတွေ့တဲ့နေရာမှာပဲ လူတစ်ယောက်
နောက်ကျောပေးလျက် ရပ်နေတာ တွေ့ရတုန်းပဲ..။
မိုးမရွာတော့  လူများတာနဲ့ ရှေ့ဆက်တိုးကြည့်ပါတယ်..။
သူဘယ်လိုလူလဲ ဆိုတာ..။
ဟင်းးး...
တကယ်တော့ ပန်းခြံကထုထားတဲ့ လူတစ်ယောက်ရပ်နေပုံ ကျောက်ရုပ်
တစ်ရုပ်သာ ဖြစ်နေတယ်..။


မှတ်ချက် ။ ။ ပိန်တာ ဝတာ အပထား..။
နေ့စဉ် လမ်းလျှောက်ရတာ ပျော်ပါတယ်..။

10 comments:

တော်ပါသေးရဲ့ ။ လူပြတ်တဲ့နေရာတွေဆို တယောက်ထဲ အလိုလိုစိတ်ခြောက်ခြားနေရော.

တော်သေးတာပေါ့။ ၁၀ ပတ်ပြည့်အောင်ဆက်ပြေးခဲ့လို့ ။ မိုးရွာထဲမှာ အချီးနှီးမဖြစ်သွားဘူးပေါ့။ ကိုယ်ကတော့စိတ်ကူးနဲ့ လျှောက်နေတာ အတော်ကြာပြီ။

လမ်းလျှောက်တာ၊ ပြေးတာ တကယ်ကောင်းတဲ့ လေ့ကျင့်ခန်းတွေပါပဲ၊ ကြောက်ကြောက်နဲ့တောင် ၁၀ ပတ်ပြည့်အောင် ပြေးခဲ့တယ်ဆိုတော့ သိပ်မကြာခင် ၁၅ ပတ် ဖြစ်လာတော့မယ် ထင်တယ်နော်....။း)

ဟုတ်တယ် မရှင်လေး...
မိုးရွာတဲ့နေ့တွေဆို လူပြတ်တော့..
အလကား ကိုယ့်စိတ်ကို ကိုယ်ခြောက်နေသလိုဖြစ်တာ.။

မအိုင်အိုရာ...
ဟီးးဟီးး
လူကသာ ကြောက်တာ...၁၀ပတ်ပြည့်အောင်တော့
လျှောက်တာပဲ..။
ပန်းခြံထဲမှာ..မီးတွေ လင်းနေတယ်လေ။
နောက်ပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးတာလဲ ပါတယ်...။
ဖုန်းဆက်ပေးတဲ့ သူငယ်ချင်းက ကျနော် ညည လမ်းထွက်လျှောက်တယ် ကြားတော့ သူလဲလိုက်
လျှောက်ချင်တယ် ပြောတယ်...။ကျနော်က လက်မခံဘူး..။သူနဲ့ဆို အပြန်ညဈေးဝင်ပြီး ဘာစားရအောင် ညာစားရအောင် အဖော်စပ်ခံရမှာလဲ စိုးတယ်..။ဟိ

ကိုညီလင်းသစ် ..
မထင်ပါ ...။
၁၀ပတ်ထက် ပိုမလျှောက်နိုင်ပါဘူး။
အဲ့ကွင်းမှာ ကြက်တောင်ရိုက်သူလဲ ရှိတယ်။
သွားမရိုက်ဖြစ်ပါဘူး...။

အောက်ဆုံးအပိုဒ် ဖတ်ပြီးသွားတော့ ပြုံးမိသွားတယ်။
ကောင်းတယ် ပြေးတာ ကျန်းမာရေးအတွက်။

juneone

ပေါက်
နေကောင်းသွားပြီး ပန်းခြံတောင် ပတ်နေနိုင်ပြီပဲ။
ဒါပေမယ့် နေမကောင်းပျောက်ကာစ ဆိုတော့ နလံထစ ပေါ့၊
လူကမာပေမယ့် စိတ်က အားမပြည့်သေးဘူးဖြစ်တာလား ကျောက်ရုပ်ကို လူထင်။
ကျွန်မ ကတော့ ဘာကိုယ်လက်လှုပ်ရှားမှ မလုပ်ဖြစ်ဘူး။ သားလေးကို တစ်ပါတ်တစ်ခါ ပန်းခြံပို့တာကလွဲလို့ ပေါ့။

ပြီးတော့ ပေါင်ချိန်ကြည့်သေးလားအေ့၊ လျှို့ဝှက်ပေါင်ချိန်ဇယားတခု လုပ်ထားဖို့လဲမမေ့နဲ့အုံးနော။

အားပေးတယ် ဆက်လျှောက် ဘယ်..ညာ..ဘယ်..ညာ..ဘယ်..ညာ..ဘယ့်း)

နောက်တယ်နော်၊
အဟုတ်မှတ်လို့
စိုးရိမ်နေတာ၊
မျက်လုံးတောင် ပြူးပြီးဖတ်နေတာ။

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်၊ နေလို့ သိပ်ကောင်းတယ်။

အပြုံးပန်း

လျှောက်ရလွန်းလို့ညောင်းတယ်။