5/16/2011

မိုးတွေရွာနေတယ်..။

မနက်ထလာကတည်းက စိတ်မကြည်ဘူး။
ရာသီဥတုကြောင့်လဲ ဖြစ်မယ် ။(ထင်တယ်)
ညက မိုးမိထားတာလဲ ပါမယ်..။
နေ့ခင်းကျ ဧည့်သည်တယောက် ပေးတဲ့ ကောက်ညှင်းထုတ်စားပြီး
ပိုနေရခက် သွားတယ်..။
ညစာကျ ထမင်းမစားချင်တော့ပဲ ဆန်ပြုပ် ပြုပ်လိုက်ပါတယ်..။
တွဲဖက်စားရတဲ့ ဟင်းရှိနေတာရယ်..ငါးကြော်ရယ်..
ထမင်းစားပြီး ပိုပြီး နေလို့ မကောင်းတော့ဘူး.။
ဆေးခန်းသွားဖို့ ပျင်းနေတယ်.။
ဆေးသောက်စရာ အိမ်မှာ ဘာဆေးမှ ဆောင်မထားတတ်ဘူး.။
ထိုင်နေရင်းနဲ့ အန်ချင်တယ်..။ ရင်ဝမှာ တစ်ဆို့နေသလို ခံစားရတယ်..။
ငိုချင်နေသလိုလို....ငိုင်နေတယ်..။
စားပွဲပေါ်မှောက်အိပ်ချင်တယ်...
အလုပ်တွေ မပြီးနိုင်သေးဘူး..။
မိုးတစိမ့်စိမ့်ရွာနေတာကြည့်ပြီး စိတ်မလန်းဘူး.။
မျက်ခွံတွေလေးနေတယ်..။
ဘာမှ မစဉ်းစားပဲ အိပ်ယာပေါ် ပစ်လဲ လိုက်ချင်တယ်..။
အလုပ်နားက သူငယ်ချင်းတယောက်ကို ဖုန်းဆက်ခေါ်လိုက်တယ်..။
သူ့ကိုမျှော်ရတာ နာရီဝက်မက ကြာတယ်။
လည်ပင်းအဝကျယ်တဲ့ အင်္ကျီလဲထားတယ်..။
menthol ဘူးအသင့်ပြင်ထားတယ်...။
သူငယ်ချင်းလာပြီး အစကနေ စမှာလားမေးတယ်..။
အင်းးး လို့ ဖြေပြီးချိန်မှာ ဂုတ်ပိုးကို ဆီလိမ်းပြီး စခြစ်ပါတော့တယ်..။
မိနစ်၂၀လောက်ခြစ်ပြီးတော့ သက်သာသလိုလိုရှိနေပြီ..။
သူငယ်ချင်းနောက်တယောက်ရောက်လာပြန်တယ်..။
ကိုယ့်ဆီမှာ ၁နာရီကျော်လောက် စကားပြောပြီးချိန်မှာ ကိုယ့်မျက်နှာသေချာ
ကြည့်ပြီး ပြောတယ်..။ မျက်စေ့အောက်နေရာတွေ ဝါနေတယ် တဲ့..။
ကိုယ်..မှန် သေချာမကြည့်ဖြစ်တာ အတော်ကြာနေပြီ.။
နင် နေကောင်းရဲ့လား..တဲ့..။
ဆရာဝန်ုပြရဲ့လား...။
.........လား..။
...................................လား.။


အခု ရင်ကြပ်သလို ..အသက်ရှုမဝသလို ခံစားနေရတုန်းပဲ..။
ငိုချင်တယ်..။ ငိုလို့ မထွက်ဘူး။
အပြင်မှာတော့ မိုးတွေရွာနေတယ်..။
ရွာနေတုန်းပဲ..။

13 comments:

  1. ဆားခြစ်တာလား...နေမကောင်းဘူးလားပေါက်..
    ဂရုစိုက်ပါ..ဒီမှာလည်းမိုးတွေရွာနေတယ်

    စူးနွယ်လေး

    ReplyDelete
  2. ပေါက်ရေ..
    နေမကောင်းရက်နဲ့ ရေးထားတာလေးဖတ်ပြီးစိတ်တောင်မကောင်းဘူး။ ခဏနားလိုက်ရင်ကောင်းမယ်ထင်တယ်။ ကိုယ်လည်းခုခေါင်းကိုက်နေတယ်။ ပေါက်ကကေသုံးလုံးဆိုတာမှတ်သွားတယ်တဆက်တည်း။
    အိုင်အိုရာ

    ReplyDelete
  3. ဂုစိုက်..ဂုစိုက်..

    ReplyDelete
  4. ဟုတ်တယ်..မစူး
    ဆားခြစ်တာ..။
    ကျေးဇူးနော်..။

    မအိုင်အိုရာ
    နေမကောင်းပေမဲ့ ညည အွန်လိုင်းဝင်တာ အကျင့်လို
    ဖြစ်နေတာ.။
    နေမကောင်းဖြစ်တာရယ်..စိတ်ထဲတခုခုဖြစ်နေတာရယ်ကိုလဲ ဖွင့်ပြောချင်နေတာမို့..။
    ကျနောိက ခေါင်းကိုက်လေ့တော့ မရှိပါဘူး။
    ညကတော့ စောအိပ်ပါတယ်..။
    ကျေးဇူးပါ...။
    နောက်လဲ လာလည်ပါနော်..မအိုင်အိုရာ။

    Anonymous said...=ပဂေးစံ လား။
    ကျေးဇူး။

    kom: ပိုနေရခက် သွားတယ်..။ :think:
    17 May 11, 06:38 AM

    ဘာမှ မစဉ်းစားနဲ့..။ဒီလိုပဲ နေရခက်တယ်ဆိုတာ..နေလို့မကောင်းဘူးလို့ ပြောချင်တာ..။
    ထပ်လောင်းပြောလိုတာကတော့ စိတ်မကောက်နဲ့တော့လေ..။
    ဖြောင့်ရတာ မလွယ်ဘူး။


    HM: ပေါက်...နေမကောင်းရင်,,,ဆေးသောက်...တန်ဆေးဆိုတာကိုမလွန်အောင်သောက်... :)

    စတာပဲ ဖြစ်ဖြစ်..အတည်ပဲ ဖြစ်ဖြစ် ကျေးဇူးပါ။

    ReplyDelete
  5. နေထိုင်မကောင်းဘူး သိရလို့ စိတ်မကောင်းပါဘူးဗျာ၊ ကျန်းမာရေးကတော့ ဂရုစိုက်တာ အကောင်းဆုံးပါပဲ၊ အမြန်ဆုံး သက်သာပြီးတော့ ဝမ်းနည်းနေတဲ့ စိတ်တွေလည်း အဝေးကြီးကို လွင့်သွားပါစေနော်....။

    ReplyDelete
  6. ခြစ်တာ မနာဘူးလား
    တို့လဲ ဖျားနေတယ်.. ၃ရက်ရှိပီ

    ReplyDelete
  7. ငိုနဲ့.. လက်ကောက်ဝယ်ပေးမယ်
    :D

    ReplyDelete
  8. မပေါက်... အမြန် နေကောင်းပြီး အစစ အရာရာ အဆင်ပြေပါစေ။ ၀မ်းမနည်းနဲ့နော် ရို့စ် ရှိတယ်...

    ReplyDelete
  9. ပေါက်... နေမကောင်းလို့ အားငယ်နေသလား?
    ကိုယ်နဲ့ သင့်တော်မယ့် အားဆေး ပုံမှန် မှီဝဲ သင့်ပြီလို့ ကြုံတုန်းပြောချင်တယ်။ မသီတာတောင် ဗီတာမင် ဘီ စီ ဒီ အီး အက်ဖ် ဂျီတွေ နေ့စဉ် သောက်သုံးနေရပြီ...
    ရပ်တည်လို့မှ နေနိုင်အောင်ပါကွယ် ;P

    ReplyDelete
  10. ပေါက်... နားလိုက်ဦးနော်။ ဂရုစိုက်နော်။
    မြန်မြန်သက်သာပါစေ။

    ReplyDelete
  11. ချစ်ပေါက် ..
    မအားလို့ ဘယ်မှ သိပ်မလည်နိုင်ဖြစ်နေတာ။
    နေမကောင်းတာခုမှဖတ်မိပြီး သိတော့တယ်။
    ဂရုစိုက်ပါ၊ ဆားခြစ်တာဆိုတာ မသိဘူး။
    ပျော်ပျော်နေပါ ပေါက်ရေ .. သီချင်းတွေဆို
    သီချင်းတွေနားထောင်ပေါ့။
    ပေါက် . အမြန်ဆုံး ... ပေါ့ပေါ့ပါးပါးပျော်ပါစေ။

    ReplyDelete
  12. အာရီး နေမကောင်းတာ ခုမှသိတယ်။ဆားခြစ်တယ်ဆိုတာ
    မက်ကလောင်ဖေါက်တာ ကိုခေါ်တာလား။အဲ့တာက တခါခြစ်ဖူးရင် နောက်နေမကောင်းဖြစ်ရင် ထပ်ခြစ်ရတယ်ဆို။ကြားဖူးတာပါ။ဂရုစိုက်ပါလို့တော့ မပြောတော့ဘူးနော်။ဦးကျော်သူကို ဆက်သွယ်ထားလိုက်မယ်။ဟမ်.........

    ReplyDelete
  13. တခါတလေ မအီမသာဖြစ်နေတုန်း ထမင်းစားလိုက်ပြီး နေမကောင်းဖြစ်တော့တာပဲနော်။
    မိုးရွာတဲ့ အချိန်နေမကောင်းဖြစ်ရင် ပိုပြီး ခံစားရသလိုပဲ။
    ကျန်းမာရေး ဂရုစိုက်နော်။

    ReplyDelete