ဆံပင်ကိစ္စ

သောကြာနေ့ညဖက် အလုပ်ပြီးတော့ ခခနဲ့ ပန်းခြံသွားပတ်ပါတယ်။
ခခက စကိတ်ကွင်းမှာ စကိတ်စီး ။ ကိုယ်ကတော့ ပန်းခြံပတ်ပေါ့..။
တစ်နာရီလောက်အချိန်ဖြုန်းပြီးတော့ အိမ်ပြန်ပါတယ်.။
အိမ်ပြန်တဲ့ လမ်းပေါ်မှာ ဆံပင်တစ်လခွဲလောက်မညှပ်သေးတာတွေးမိပြီး
ဆံပင်ညှပ်ဆိုင် ဝင်ကြည့်ပါတယ်။(အမှန်က ၁၁နာရီဆိုတော့ ဆိုင်ပိတ်နေပါပြီ
အတင်းဝင်ပြီး ဆံပင်ညှပ်ချင်လို့ ပြောပါတယ်)
ဆိုင်ရောက်တော့ ကိုယ့်ကို ညှပ်ပေးနေကျ ဆရာမအလုပ်ထွက်သွားပါပြီ
ဆိုတာနဲ့ တွေ့တဲ့ ဆရာနဲ့ပဲ ညှပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ခေါင်းအရင်လျှော်ပေးပါတယ်..။ ဒီဆရာ ခေါင်းလျှော်တာ ကောင်းပါတယ်..။
ဆံပင် စညှပ်ပါတော့မယ်..။ ဘာပုံစံ ညှပ်ချင်သလဲတဲ့..။
အွမ်.....ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး။ သင့်သလို ညှပ်ပ်ါလို့
ပြန်ဖြေလိုက်တော့ သူက အရင်ပုံက ကောင်းတယ်..ပုံကျတယ်...ဆိုပြီး
အရင်ပုံကိုပဲ နဲနဲတိလိုက်မယ်နော် တဲ့..။ ကိုယ်ကလဲ ဆံပင်ညှပ်ရ ပြီးရောဆိုပြီး
အင်း...အင်းလိုက် လိုက်ပါတယ်..။
ညှပ်နေတုန်း မဂ္ဂဇင်းဖတ်နေလိုက်ပါတယ်။ သူက ညှပ်ပြီးပြီဆိုမှ ကြည့်လိုက်တော့
အုန်းမှုတ်ခွက် ဆောင်းပြီး ညှပ်ထားတာထက် အဖြစ်က ဆိုးနေပါတယ်။
တညလုံး အိပ်မရပဲ အရင်ဆရာမဟန်းဖုန်းဆက်ပြီး သူပြောင်းသွားတဲ့ လိပ်စာမေး
ပြီး နောက်တနေ့မနက် ချက်ခြင်းပဲ သွားလိုက်ပါတယ် ။ အမ်အာတီ ၉ဘူတာစီးရတဲ့
နေရာကို ပြောင်းသွားတော့ အမ်အာတီစီးပြီး ဒိုးရပါတယ်..။
သူ့နေရာအသစ်မှာ သူတော့မသိဘူး ကိုယ်တော့ သိပ်အထာမကျလှဘူး။
ကိုယ့်ရဲ့အကျင့်ကြောင့်လဲ ဖြစ်မယ်..။ ပတ်ဝန်းကျင်အသစ်ကို သိပ်လက်မခံနိုင်ဘူး။
ကိုယ်နဲ့ဆက်ဆံတဲ့သူ အသစ်ကို ကြောက်ရွံ့တတ်တယ်..။
နေရာအသစ်ကို မသွားလိုဘူး...။(အသစ်တွေကို မစမ်းသပ်လိုဘူး)
အသစ်မစမ်းချင်လို့ပဲ..ဒီဆရာမနဲ့ညှပ်တာ ၅နှစ်လောက်ရှိပြီ။
တကယ်တော့ ကိုယ်ဟာ ရက်ချိန်းယူဖို့ပျင်းသူ...
ဆံပင်လေးညှပ်ဖို့အရေး ခပ်ဝေးဝေးသွားရမှာ ပျင်းသူ...
ဆံပင်ညှပ်ဆိုင်မှာ ထိုင်စောင့်ရမှာ ပျင်းသူတစ်ယောက်ပါ..။

မနှစ်ကတော့ တခြားနိုင်ငံတခုမှာ ညှပ်မိသေးတယ်..။
အထာမကျဖြစ်တယ် ။ ဈေးကြီးတယ် ။( ဘာမှမလုပ်ပဲ ဆံပင်ညှပ်တာတင်ကို66£ )
T & G   ဆိုတဲ့ ဆိုင်မှာ မျက်နှာထားက တင်းသေး...
သူပြောတာ ကိုယ်နားမလည်..ကိုယ်ဆိုလိုချင်တာ သူသဘောပေါက်အောင် မပြောပြနိုင်ခဲ့နဲ့
အတော် ကသိကအောင့်ဖြစ်ရပါတယ်။
ဒီမှာတော့ ဆိုင်ထဲဝင်ထိုင်လိုက်တာနဲ့ ကော်ဖီသောက်မလား လက်ဖက်ရည်သောက်မလားနဲ့..
snackတွေလည်း ချပေးသေးတယ်။ (အရင်ဆိုင်ကတော့ snackမကျွေးဘူး။ကာဖီလက်ဖက်ရည်ပဲ
တိုက်ပါတယ်..။)
အဟိ..ပြောသာပြောရတာ ဆိုင်ကတိုက်တဲ့ကော်ဖီတွေ မသောက်ဖူးဘူး။

ဟိုတလောက ဓါတ်ပုံတွေရိုက်ဖြစ်တယ်..။
အစ်မတစ်ယောက်ကို ပြောပြထားတဲ့ အမေ့အတွက် အိတ်တွေ..။
ဟင်းချက်တာတွေ..။
မုန့်လုပ်တာတွေ..။
ဖျော်ရည်တွေ...။
စိတ်မပါတာရယ်...
ကြိုးပျောက်တာရယ်..
အလုပ်များတာရယ်....
.............
.....................
..............................။

ဒီနေ့ရေးထားတာကို ပြန်ဖတ်ကြည့်တော့ အူကြောင်ကြောင်နဲ့
ဘာတွေရေးနေမှန်းလည်း မသိတော့ဘူး..။
ရည်ရွယ်ချက်မဲ့...အနှစ်သာရမရှိ နဲ့..။
သေချာတာတစ်ခုက စိတ်ထဲရှိတာရေးလိုက်တာပါပဲ..။
အပေါ်ယံတွေ မပါတာသေချာပါတယ်..။

12 comments:

တို့လည်းဆံပင်ညှပ်ဆိုင်အသစ် စမ်းရမှာကြောက်တယ်..အရှည်တိတာ ကိစ္စမရှိဘူး..အတိုညှပ်တဲ့အခါဆိုရင်ကိုယ်ကြိုက်တဲ့ပုံမ ထွက်ရင်ဒုက္ခ...ကြောက်ပေမယ့် တခါညှပ်တဆိုင်လို ဖြစ်ဖြစ်နေတယ်

စူးနွယ်လေး

ပေါက်လည်း စိတ်ကြီးသူပါတကားလို့ ပို့စ်ဖတ်ရင်း မှတ်ချက်ချမိတယ်။

အုန်းမှုတ်ခွက်ကေကို ပုံနှင့်တကွဖြေဆိုပါ (၅မှတ်)
အသစ်တွေကို ကြောက်ရွံ့တတ်တယ်တဲ့ (အဟမ်း)
ကြိုးပျောက်ဆိုတာကို တလွဲတွေးမိသေးတယ် ဟိ
ဒီကလည်း အူကြောင်ကြောင်ရယ်

ဆံပင်ပညာရှင် နဲ့ မိတ်ကပ်(၀ယ်နေကျ အရောင်းတာဝန်ခံ)လူအသစ်ပြောင်းတာတော့ ကြောက်တယ်။

ပြောသာပြောရတယ် မျက်ခုံးမွေးကျတော့ ကိုယ့်ဘာသာကိုယ် ပြုပြင်တာ တစ်ခါ မှန်ကြည့်ရင် ပုံစံတစ်မျိုးပြောင်းနေတဲ့ ကိုယ့် မျက်ခုံးမွှေးက ကယာကံရှင် အတွက်တောင် သဲထိတ်ရင်ဖိုပါပဲ။

မျိုး ပြောသလိုပဲ...
အုန်းမှုတ်ခွက်ကေကို ပုံနှင့်တကွဖြေဆိုပါ... ဒါပေမယ့် တို့က ၁၀ မှတ် ပေးမယ်... ဖြေနော်... ဖြေနော်...း))

ကျနော်ကတော့ ဒီဘလော့ဂ်ကို ဖတ်တဲ့ အသစ် မဟုတ်ပါဘူး၊း) My hair is my flag လို့ တချို့က ဆိုကြတော့ ဆံပင်ညှပ်ဆိုင်တွေကို အလေးဂရုပြုတာ ဖြစ်သင့်တဲ့ ကိစ္စပါပဲဗျာ....။

ဟုတ်တယ် ဆံပင်ပြောင်းရင် ရုပ်ပြောင်းတယ်။ တလက်ထဲဘဲကောင်းတယ်။ ဒို့ လည်း သံယောဇဉ်တွယ် တတ်တော့ အသစ်ကို ချက်ချင်းလက်ခံဖို့ သိပ်မလွယ်ဘူး။

ဆံပင်ပုံပြောင်းသွားတော့ ကောင်းတာပေါ့။ ကိုယ့်ကိုယ်ကို ဟောတမျိုး ဟောတမျိုးဆိုပြီး ပြောင်းကြည့်လို့ရတာပေါ့။ လိုအပ်ရင် မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးတွေပါတပ်ကြည့်လေ။ ဟုတ်ဖူးလား ကိုပေါက်ရဲ့.. ( အပေါ်ယံလေးသာ ရှပ်ရေးသွားပါ၏ )
အန်အေ

တဆိုင် သတ်သတ်မှတ်မှတ်ထားညှပ်လေ..
မစူးရေ..။


စိတ်ကြီးပါဘူး မသီတာရယ်..။
သေးသေးလေး..။
သဘောထားတော့ ကြီးတယ်..။ဟီးး
(အချောင်နေရင်း အမှတ်ဝင်ယူသွားတယ်)

မြိုး..
မလိမ့်တပတ်နဲ့ မပြခိုင်းနဲ့နော်..ငါက လည်တယ်။
နင်ထင်သလို မထုံသေးဘူး။ဟင်းး


ဟုတ်တယ်နော် အစ်မကောင်းမွန်ဝင်း
တယောက်တည်းပဲ ကောင်းတယ်..။
မျက်ခုံးမွှေးတော့ ဆွဲလေ့မရှိဘူး..။

မသက်ဝေရေ..
၁၀မှတ်နဲ့တော့ မပြနိုင်ဘူး။
၁၅မှတ်လောက်ဆို တော်သေးတယ်..။
(ဟမ်..)

ကိုညီလင်းသစ်တို့က တပတ်နွမ်းနေပြီပဲဟာ။
ဟားဟား..
အလကားစတာ..သူငယ်ချင်းအသစ်တွေလဲ
ခင်ပါတယ်..။

ဘဝတူတွေ..
ဘဝတူတွေ..မမဆောင်းရေ..။

ကိုအန်အေရေ..
ကတုံးတုံးပြီး ခေါင်းမြီးခြုံတာ ပိုမကောင်းဘူးလား။
စတိုင်သစ် (မဂ္ဂဇင်း မဟုတ်ပါ)

ဆံပင်မညှပ်တယတေယ်တေယ်ကြာနေပြီ။
ဘာပုံတွေထွက်လာမှန်းမသိဘူး။
အခုတော့စုပြီးစီးထားလိုက်တယ်။...

ကျနော့်လိုမျိုးရော ညှပ်ချင်စိတ်မပေါ်မိဘူးလား အာရီး
ကျနော်ကတော့ ပြောင်ပြောင်ပဲ

I don't like the Barber shops in LA so I changed the shop again & again but still not please with the barber. Now, I shave all of my hairs,ကတုံး , by myself. :P