4/07/2011

Daily likes

ကြွက်စ်မီက တက်ဂ်တော့လဲ  ကိုယ်ကရေးရတော့မှာပေါ့။
(နဂိုကတည်းက ရေးချင်ချင်ရယ်..)
မနက်ထပြီးပြီးချင်း မျက်နှစ်မသစ် သွားမတိုက်ပဲ
ကော်ဖီသောက်ရတာကြိုက်တယ်။
အိမ်သာအေးအေးဆေးဆေးတက်ရတာ ကြိုက်တယ်။

အာလူးများရတာကြိုက်တယ်..။
သူများစကားပြောတာ နားထောင်ရတာ ကြိုက်တယ်။
ဖုန်းပြောရတာ ကြိုက်တယ်..။
အရေမရ အဖတ်မရပြောရတာတွေ ကြိုက်တယ်။
သူများနဲ့ ကန့်လန့်တိုက်ရတာ ကြိုက်တယ်..။
(အတတ်နိုင်ဆုံး မတိုက်မိအောင် နေပါတယ်..ဟီး)

ရေဒီယိုနားထောင်ရတာကြိုက်တယ်။
သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်.။


ငေးမောနေရတာကိုကြိုက်တယ်..။
တွေးတောနေရတာကို ကြိုက်တယ်..။
ပျင်းရိရတာကို ကြိုက်တယ်..။
လမ်းလျှောက်ရတာကို ကြိုက်တယ်..။
အပြင်ထွက်ရတာ ကြိုက်တယ်..။
အိမ်မှာ ကုတ်နေရတာ ကြိုက်တယ်။



 စာအုပ်ဆိုင်မွှေရတာကို ကြိုက်တယ်..။
စာအုပ်တစ်အုပ်နဲ့ ငြိမ်နေရတာကြိုက်တယ်..။

သူတပါးအပြစ်ရှာရတာ ကြိုက်တယ်.။
(ခခပဲ ခံပေရော့..ဟီးးဟိ)

ဂျင်းဘောင်းဘီတွေကြိုက်တယ်။
အစိမ်းရောင် တီရှပ်တွေ ကြိုက်တယ်။
ဆံပင်ရှည်ရှည်တွေကြိုက်တယ်..။
ဆံကျစ်မြီးတွေကို ကြိုက်တယ်..။
ချည်ချိတ်ထမီတွေ ကြိုက်တယ် ..။



မြက်ခင်းပြင်ကို ကြိုက်တယ်..။
အစိမ်းရောင် မြင်ကွင်းကျယ်ကို ကြိုက်တယ်..။
နေထွက်တာစောင့်ကြည့်ရတာ ကြိုက်တယ်။
နေဝင်တာ ထိုင်ငေးရတာကြိုက်တယ်..။
ပြူတင်းပေါက်တွေကို ကြိုက်တယ်..။
(ကော်ဖီဆိုင်ထိုင်ရင် ပြူတင်းပေါက်ဘေးနေရာပဲ ဦးစားပေးရွေးလေ့ရှိ)

အဟောင်းတွေကို ကြိုက်တယ်..။
လူဟောင်း..
စနစ်ဟောင်း..
နည်းလမ်းဟောင်း..
အဝတ်ဟောင်း..
အတွေးဟောင်း...
စက်ဘီးဟောင်း...

တနေ့ တနေ့ မကြိုက်တာတွေချည်းတွေးနေမိလို့လို့လား မသိ..
ကြိုက်တာတွေ အတော်စဉ်းစားယူနေရတယ်..။
(ရေးနေရင်း စဉ်းစားမိတာ..)


တချိန်တခါက မကြိုက်တာတွေကို ရေးဖူးပါတယ်..။
တင်မလို့ ရှာမတွေ့ဘူးဖြစ်နေတယ်..။

တကြိမ်တခါမှ မတက်ဂ်ဖူးလို့ တက်ဂ်ပါရစေ..
ကျေးဇူးပြု၍..
ရီတာ ။ ဗစ်စတာ ။ မမခင်ဦးမေ (မရေးပေးမှန်းသိပေမဲ့လည်း)
ကိုဘ ။ မြိုး ( ဖဘမှာရေးပေါ့...) အိတ်စ်ယောင်းစ်..။ကိုဇက်တီ။




















11 comments:

  1. (အိမ်သာအေးအေးဆေးဆေးတက်ရတာ ကြိုက်တယ်။ )

    ဝမ်းနှုတ်ဆေးစားပြီး အိမ်သာမတက်ဘဲ နေရတာကြိုက်တဲ့သူကော ရှိမလားလို့ စဉ်းစားသွားတယ်။ :D

    ReplyDelete
  2. ပေါက်ရေ...
    ပေါက် ကြိုက်တာတွေ အားလုံးနီးနီး ကိုယ်ကြိုက်ပါတယ်... ချည်ချိတ်ထမီတွေတော့ဖြင့် မကြိုက်တတ်ပါ...

    ကျေးဇူးပြု၍ ခခ ကိုတော့ အလကားနေရင်း အပြစ်မရှာပါနဲ့နော်...

    ReplyDelete
  3. မကြီးပေါက်.. တကူးတက ကြိုးစားရေးပေးတာ ကျေးဇူးတင်ပါတယ်..

    သူများစကားပြောတာ နားထောင်ရတာ ကြိုက်တယ်။
    ရေဒီယိုနားထောင်ရတာကြိုက်တယ်။
    ငေးမောနေရတာကိုကြိုက်တယ်..။
    တွေးတောနေရတာကို ကြိုက်တယ်..။
    ပျင်းရိရတာကို ကြိုက်တယ်..။
    လမ်းလျှောက်ရတာကို ကြိုက်တယ်..။
    အပြင်ထွက်ရတာ ကြိုက်တယ်..။
    အိမ်မှာ ကုတ်နေရတာ ကြိုက်တယ်။
    စာအုပ်ဆိုင်မွှေရတာကို ကြိုက်တယ်..။
    စာအုပ်တစ်အုပ်နဲ့ ငြိမ်နေရတာကြိုက်တယ်..။
    .
    .
    .
    .

    သာမီးကို ကြွက်လို့ ခေါ်တာက လွဲလို့ -_-!!
    (ဟိုတုန်းက ကြွက်ပုံလေး တင်ထားလို့ ကြွက်လို့ ခေါ်ရာကနေ ဘယ်လိုနာမည်တွင်သွားတာလဲ မသိတော့ဘူး.. ငှက်ပုံ ပြန်တင်တာတောင် မနိုင်တော့ဘူး..)

    ReplyDelete
  4. အေး ရေးပါ့မယ် ..

    ReplyDelete
  5. ပေါက်ရဲ့ အကြိုက်တွေထဲကမှ
    “အာလူးများရတာကြိုက်တယ်..။
    သူများစကားပြောတာ နားထောင်ရတာ ကြိုက်တယ်။
    ဖုန်းပြောရတာ ကြိုက်တယ်..။
    အရေမရ အဖတ်မရပြောရတာတွေ ကြိုက်တယ်။
    သူများနဲ့ ကန့်လန့်တိုက်ရတာ ကြိုက်တယ်..။
    (အတတ်နိုင်ဆုံး မတိုက်မိအောင် နေပါတယ်..ဟီး) ”

ွှွှဆိုတာကို ကြိုက်တယ်။

    ReplyDelete
  6. ပေါက်ရဲ့ကြိုက်ချင်စရာတွေကို လာကြိုက်တယ်....

    ReplyDelete
  7. သာမီး ဆလူးApril 7, 2011 at 11:00 PM

    ဘာရယ် ပေါက် တောက်တောက်
    အိမ်သာတက်ရင်း အာလူး စားရတာ ကြိုက်တယ် ဟုတ်လား ကြား ကြားဖူးပါဘူးနော်
    ခစ်ခစ်
    အော် ... ဆော်ရီးးး ဖတ်နေရင်းနဲ့ မျက်မှန်မပါတော့ စာကြောင်းတွေ ရောသွားလို့ပါကွယ် ဟက်ဟက်

    ဒါနဲ့ ပေါက်နဲ့ သာမီးနဲ့ လောင်းမား မာမီ(ခဥမ) ရေးပေးမရေးပေး ဆိုတာလေ ဟိဟိ

    ReplyDelete
  8. သာမီး ဆလူးApril 7, 2011 at 11:01 PM

    ပေါက် ကြိုက်တဲ့ဖက်က နေလိုက် သာမီးက ပေါက် မနေတဲ့ဖက်က နေမယ် (ဒါမှမနံမှာ) ဟိဟိ

    ReplyDelete
  9. ဝမ်းနုတ်ဆေးစားတာ အိမ်သာတက်ချင်လွန်းလို့မဟုတ်ဖူးလားကိုဇက်တီ..။ဟားဟား။

    ချည်ချိတ်တွေဝတ်ရတာ မြဲတယ် မသက်ဝေရေ့။
    ခခကို အပြစ်မရှာတော့ပါဘူး.။ အပြစ်ပဲ မြင်တော့မယ်။


    ကြွက်စ်မီ..
    (ကြောင်ပုံတွေ တင်လိုက်လေ..)

    ကျေးဇူး ဗစ်စတာ.။

    မရှာရွန်လဲ ရေးပြအုန်းလေ..။

    သာမီးဆလူးရေ..
    ဒီကလည်း သူ့ကို စိတ်စမ်းတာပါနော်။
    တကယ်မရေးခိုင်းပါဘူးး။
    ခွိ။

    ပေါက်

    ReplyDelete
  10. ကြောင်ပုံလည်း တင်ပြီးပြီလေ မပေါက်ရဲ့စ် :D

    ReplyDelete
  11. ဆံပင်ရှည်ရှည်တွေကြိုက်တယ်..။
    ဆံကျစ်မြီးတွေကို ကြိုက်တယ်..။

    ဟုတ်မှ လုပ်ပါ..

    အောက်ဆုံး စာကြောင်းကျမှ မျက်လုံးပြူးသွားတယ်.. ဘယ်နား သွားရေးရမှာလဲ

    အိတ်စ်ယောင်းစ်

    ReplyDelete