ဒီနေ့ နေသာနေတယ်။


ဟိုရက်တွေက စိတ်ဓါတ်တွေကျ...
မရေရာမှုတွေ  ။မသေချာမှုတွေနဲ့..
အလိုမကျခြင်းတွေ (ခခအမှတ်များ)
အလုပ်အဆင်ပြေခြင်း ။အဆင်မပြေခြင်းများစွာနဲ့...
လူက ဂေါက်တောက်တောက်ဖြစ်သွားလိုက်သေးတယ်..။
အာလူးများတဲ့သူက စကားပြောချင်စိတ်ကုန်ခန်းသွားတယ် ။
(တစ်ရက် နှစ်ရက်တည်းပါ..ဟိ)
မျှော်လင့်ချက်တွေမဲ့ပြီး လမ်းပျောက်သွားတယ်..။
အလကားနေရင်း ဝမ်းနည်းနေတယ်..။

မနေ့ကတော့ မတွေ့တာကြာတဲ့ အသိတယောက်လာလည်ပါတယ်။
နောက်ပြီး ကိုယ့်ငယ်သူငယ်ချင်းတစ်ယောက် ထိုင်းမှာ ဆေးလာကုကြောင်း
သတင်းပေးပါတယ်..။ ဒါနဲ့ သူ့ဆီက ဖုန်းနံပါတ်တောင်းပြီး ငယ်သူငယ်ချင်းဆီ
ဖုန်းဆက်ပြီး သတင်းမေးဖြစ်ပါတယ်..။ ရင်သားမှာ အကြိတ်တခုစမ်းမိရာကနေ
မန်းလေးမှာသွားစစ်ဆေးကြည့်တော့ မဖြစ်မနေခွဲရမဲ့ အကြိတ်ဖြစ်နေပါသတဲ့။
ခွဲရမယ်ဆိုတာ သေချာတော့ ထိုင်းမှာလာခွဲဖို့ ဆုံးဖြတ်ပြီး လာခဲ့ပါသတဲ့။
မခွဲစိတ်ခင်ရက်တွေကတော့ သူ့အတွက် နေ့တာ ညတာရှည်တဲ့ရက်တွေပေါ့။
ည ည အိပ်မရဘူး တဲ့ ။ လူမမယ်ကလေး၂ယောက်ကို သူ စိတ်မချဘူးတဲ့။
၅နှစ်နဲ့ ၃နှစ်သားလေးတွေကို သူဘယ်လို ထားခဲ့ရမလဲ တဲ့.။
တကယ်တမ်းခွဲတော့ သူ့မှာ အကြိတ်၁ခုမကဘူး။ သုံးခုတောင်တွေ့တယ် ပြောတယ်။
ချိုင်းအောက်မှာပါ ရှိတယ်ပြောတယ် ။ကိုယ်ကတော့ သူ့ကိုသာ အသံလွင်လွင်နဲ့
နင်ဘာမှ မဖြစ်ဘူး..ခွဲထုတ်ပြီးပြီပဲကောင်းသွားမှာပါ...။ ဓါတ်ကင်လိုက်ရင်လဲ
သက်သာမှာပါ....ဆိုပြီး ကြားဖူးနားဝတွေနဲ့ သူ့ကိုနှစ်သိမ့်နေပြီး ရင်ထဲကတော့
ဘယ်လိုမှ မကောင်းဘူး.။(ငိုချင်နေပြန်တယ် ...)
အခုခေတ်မှာ breast cancer ဆိုတာ သိပ်မထူးဆန်းပေမယ့်လည်း ကိုယ့်ရဲ့
ရင်းနှီးပတ်သက်သူဆီမှာ ဖြစ်တယ်ကြားရတော့လဲ အရမ်းတုန်လှုပ်မိတယ်။
ပြီးတော့ တူတူကစားဖက် ငယ်သူငယ်ချင်းတွေဆီဖုန်းဆက် သတင်းပေးပြီး
ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းမိတယ် ။

ဗုဒ္ဓဟူးနေ့မနက်တိုင်း ခခတို့ကျောင်းမှာ ဗော်လန်တီယာအလုပ်တခု
လိုက်လုပ်ဖြစ်ပါတယ်..။ ကျောင်းကနီးတော့ လမ်းလျှောက်သွား လမ်းလျှောက်ပြန်ပါပဲ။
ကျောင်းက ပြန်လာတော့ မိုးကောင်းကင်ကို မော့ကြည့်မိတယ်။
တိမ်ကင်းစင်နေတာ တွေ့ရတယ် ။ ဈေးဝင်ပြီး စားစရာ နဲနဲဝယ်လာတယ်။
ဒီနေ့ နေသာနေတယ်။

8 comments:

ဟူး
ဒီနေ့နေသာတဲ့ ပို့စ်ကိုဖတ်မှ စိတ်တောင်မကောင်းဖြစ်သွားတယ်။

ဘာပဲဖြစ်ဖြစ် အပြင်မှာနေသာနေတော့ တော်သေးတာပေါ့။

စကားမစပ် ဈေးက ဘာဝယ်လာလဲဟင်။

ခု ဒီဘက်မှာတော့ မိုးရွာနေတယ်။

ဒီဘက်မှာတော့ နေသာတာ နဲနဲတရားလွန်လာပြီ။ ပူချင်လာပြီ။

ဒါကြောင့် နေကြာတွေ အစွမ်းကုန်ပွင့်နေတာကိုး၊ နေသာလို့လေ။

အစ်မကောင်းမွန်ဝင်း..
နွေဦးမျှစ်စို့..(ဟင်းရည်ချက်ဖို့..)
ကိုက်လန်. ပုဇွန်. ခါ၈ျက်ဥ . ဆန်ပြား
(ဆန်ပြားကြော်စားဖို့..)
စတော်ဘယ်ရီ (လက်ဖျော်သောက်မလို့)
ဖီတန် နဲ့ ဘဲဥဆားရည်စိမ်(မဝယ်တာကြာလို့)

ရီတာ ..
မိုးရွာတာ ကောင်းပါတယ်။
ရေမခန်းတော့ဘူးပေါ့။

Anonymous
သဘာဝတရားပဲလေ..။

အပြုံးပန်း
ဒိတ်အောက် နေကြာပန်းပါ။(အရင်ကတင်ဖူးပါတယ်)
ပုံမရှိလို့ ထပ်သုံးထားတာပါ။
ပြီးတော့ ပုံပေးတဲ့သူကို အမှတ်တရအနေနဲ့။


ပေါက်

ဒီလိုပဲပေါ့လေ၊ နေပူတခါ မိုးရွာတလှည့် သွားနေကြရ ဦးမှာပါပဲ...၊ စိတ်မှာလည်း တိမ်တိုက်တွေ ဖုံးလိုက်၊ မိုးသားတွေ ကင်းစင်လိုက်နဲ့ပေါ့....၊ ပျော်ရွှင်ပါစေဗျာ..။

တိုက်ဆိုင်လိုက်တာပေါက်ရယ်... အမလဲ ခုပဲအမဆရာမဆီဖုန်းဆက်အားပေးနေတာ...same case ပဲလေ...ချန်းက ငယ်ပါသေးတယ်ညီမရယ်...တခါတလေ ကလေးတွေက ဒီလိုပါပဲ...ဖြေးဖြေးပြောယူပေါ့

သူကျန်းမာပါစေ. ကမာလူသားအားလုံ့းကျန်းမာကြပါစေ