သူစိမ်းတစ်ယောက်






မရေရာတာ အသေအချာပဲ..
မြင်နိုင်တယ် အဖြေရယ် မလိုတော့ပါ....

အချိန်တွေသာ လည်ပတ်ဆဲ ...
ကျန်နေသူ ဒီလူဟာ သူစိမ်းပါ....

မဖြစ်နိုင်တဲ့ ဘဝမှာ...
အရှုံးသာ နောက်ဆုံးပဲ မဟုတ်လား..။


ကြင်နာတယ် ဆိုပေမဲ့...
အချိန်တန်ပြီဆိုရင် ပြန်သွားပါ...။

ဒီလူဟာ ဒီနေရာပဲ..
အချိန်တန်ရင် ပြန်လာရအုန်းမှာ....။

ညင်သာစွာတိုးတိတ်....
နာကျင်လွန်းတဲ့စိတ်...

မှောင်လွန်းတဲ့ ဘဝမှာ...
သေတဲ့အထိ ဆက်ချစ်မှာ...
ငါ့အသက်ထောင့်တစ်နေရာမှာ  နေထိုင်ဆဲ..
သေသည့်တိုင် ဒီဘဝထဲ....
ငါ မင်းသာ အချစ်ဆုံးပဲ...
ရင်မှာ အသက်နဲ့ အမျှ ရှင်သန်ဆဲ...
ဆုံမှတ်တို့ လွှဲချော်ခဲ့..
မျှော်လင့်ချက်မဲ့နေခဲ့....

ဘယ်ဘဝမှ တို့တွေ ဆုံတွေ့ခွင့်ရှိနိုင်မလဲ..

(အခုတော့..)
သူစိမ်းတစ်ယောက်ပါ...။


မရေရာတာ သေချာပေမဲ့..
ဆုံနိုင်တယ် ..ဒီအိပ်မက်ထဲမှာ....


 နားမထောင်ဖြစ်တာ ကြာပြီဖြစ်တဲ့ သီချင်းတွေ နားထောင်မိတယ်..။
လူက နေလို့မကောင်းဘူး..။
စိတ်လဲ နေလို့မကောင်းဘူး.။
မရေရာမှုတွေအတွက် အိပ်မပျော်ဘူး.။
အရာအားလုံးဟာ အလကားပဲလို့ ခံစားမိတယ်။
စိုးရိမ်မှုတွေ...
ပူပန်မှုတွေ...နဲ့ ....။




 



5 comments:

မျိုးကြီးသီချင်းတွေထဲမှာ အကြိုက်ဆုံးသီချင်း...

ပေါက်နဲ့ တယောက်တလှည့် သီချင်းမဆိုရတာ တော်တော်ကြာနေပြီနော်... သတိရနေတယ်...း))

မရေရာတာတော့ အသေအချာပဲ။
အိပ်ပျော်အောင် အိပ် ပေါက်။
ဝင်အောင်စား။

အခြေအနေတွေက လှုပ်နေရင် ကိုယ်တော့ အဲဒီနှစ်ခုပဲ အဓိက ဂရုစိုက်လုပ်တယ်။ ကျန်တာ လွှတ်ထားလိုက်။ သူ့ flow နဲ့သူ သွားလိမ့်မယ်။

ပေါက် နေကောင်းရဲ့လား၊
ပျော်အောင်နေပါ ပေါက်ရေ၊
ပေါ့ပေါ့ပါးပါး
ပျော်ပျော်ပြောင်ပြောင်
ပြာပြာပြူးပြူး
သီချင်းများများဆို၊
သူစိမ်းတစ်ယောက်သီချင်းလည်း ကြိုက်တယ်၊ အဲဒီသီချင်းကြားရင် ဘာလွမ်းမှန်းမသိဘူး
ပေါက်နဲ့ ခခလေး ပျော်ပါစေ။

လွမ်းနေတာလား။
တခါတလေ လည်း အဲလို လေးက ခံစားချက်တစ်မျိုး။
ဒါပေမယ့် ပျော်ပျော်နေပါ။