4/10/2011

နွေဦး

ဒီ ဧပရယ် မှာ....
နေပူနေတယ်...။
လေ တဖြူးဖြူး တိုက်နေတယ်..။
အပင်ပေါ်က သစ်ရွက်တွေ ဝါစပြုနေပြီ..။
သစ်ရွက်တွေ ဟိုတစ ဒီတစကြွေနေတယ်..။
ဒီ နွေဦးမှာ မိုးနည်းတယ်...။ (တဲ့)
မနက်လင်းတာနဲ့ ကောင်းကင်မှာ တိမ်ကင်းစင်နေတယ်..။
စိတ်လည်း ကင်းစင်နေတယ်..။
(လူကတော့ ဖတ်ဖတ်မော)
ဒီလို ပွင့်လင်းရာသီရောက်တော့ အလကားနေရင်း
ရွာကို သတိရသွားတယ်..။
ဒီချိန် ..ဒီခါမှာ...
ဒီလို..ဒီလိုတွေရှိပါလားး..။
မြင်ကွင်းတွေကို မြင်ယောင်လာတယ်..။
အနွေးထည်ထူထူတွေ ဝတ်စရာမလိုတော့..။
ချွေးသံရွှဲရွှဲလည်း ဖြစ်မနေတော့..။
မပူ မအေးပဲ..နေလို့ ကောင်းတဲ့ ရာသီဥတုမျိုး...။
ပိတ်ရက်ဆိုရင် အပြင်သွားချင်နေတယ်..။
ပန်းမကြိုက်ပဲ ပန်းလေးတွေ သွားကြည့်ချင်နေတယ်..။
တောင်တွေပေါ် မမောတမ်း တက်ချင်တယ်..။
ပင်လယ်ကမ်းစပ်မှာ လမ်းသလားချင်တယ်..။
ထိုင်ငေးချင်တယ်..။
အရေမရ အဖတ်မရတွေ ထိုင်ပြောချင်နေတယ်..။
..................
......................
...............................
ဒီလိုပါပဲ...
နွေဦးမှာ လေရူးတွေတိုက်လို့ ထင်တယ်..
စိတ်ကူးတွေနဲ့  မြူးနေတယ်..။











7 comments:

  1. ဘာကြောင့်ပဲဖြစ်ဖြစ် မြူးရင်ပြီးတာပဲပေါက်ရေ။

    ReplyDelete
  2. ပို့စ်ဖတ်ပြီး လူတောင်မူးချင်ချင် ဖြစ်သွားတယ်
    လေရူးရဲ့ အမွှေ့ ခံလိုက်ရလို့ပါ...း)

    ReplyDelete
  3. နေသာသာမှာ နွားနို့နဲ့ အာလူးကြော် စားချင်ဘူးလား
    ဟတ်

    ReplyDelete
  4. ဒီလိုပါပဲ...
    နွေဦးမှာ လေရူးတွေတိုက်လို့ ထင်တယ်..
    စိတ်ကူးတွေနဲ့ အူမြူးနေတယ်..။ ဟားဟား...

    ReplyDelete
  5. နွေဦးဟာ အကြည်ဓာတ်ကလေးကိုလည်း ကွန့်မြူးစေ တယ်ပေါ့...၊း)

    ReplyDelete
  6. ကျေးဇူး မရှင်လေး..။

    မသီတာ ..ဒီမှာ ကားမူးဆေးရှိတယ်..
    ယူမလား..။

    နွားနို့နဲ့ အာလူးကြော်...
    ဟို ကာဖီလေးရောပေါ့..။
    ပြီးတော့ တိတ်ဆိတ်တဲ့ ည..။
    (သတ်ပုံမှားတဲ့ည တော့ မလိုချင်ဘူးနော်)

    မြူးတယ်..။ကိုအန်အေရေ့
    မြူးရတယ်..။
    မနေ့ကတော့ တဟီးဟီး တဟားဟားပဲ။
    ရထားစီးလိုက်..ဘတ်စကားစီးလိုက်နဲ့။
    စားလိုက် သောက်လိုက်...။
    တက်လိုက်..ဆင်းလိုက်..(လှေကား)

    ဒီနေ့တော့ မိုးအုံ့တယ် ကိုညီလင်းသစ်ရေ..။
    အလုပ်သွားရတော့မှာမို့...မျက်နှာမသာယာ။
    မမြူးနိုင်တော့..။

    ReplyDelete
  7. ပေါက်ရေ

    ပေါက်ရဲ့ ပို့စ်လေးဖတ်ပြီး သဘောကျတယ်။
    ဒီမှာလည်း နွေဦးပါပဲ။
    ဒါပေမယ့် “လှုပ်လွန်းလို့ လူး” ဖြစ်နေတယ်။
    မနေ့ညနေကနေ ညအထိ ၁၀မိနစ်တခါနီးပါးပဲ။

    ခင်မင်စွာဖြင့်

    ReplyDelete