3/23/2011

အချစ်အကြောင်း

အချစ်အကြောင်း....တဲ့..။
ယခုလက်ရှိ ကိုယ်မြင်နေ..ခံစားနေ...ရတဲ့ အချစ်တွေအကြောင်းပေါ့။
ရယ်စရာဖြစ်နေခဲ့ရင် တောင်းပန်ပါတယ်.မသက်ဝေ။
ကျနော့်အမြင် အချစ်အကြောင်းပါ..။

အမေ့ကို ချစ်တယ်..။ အဖေ့ကိုလည်း ချစ်တယ်..။
အဖိုး..အဖွားကိုလည်း ချစ်ပါတယ်..။
မောင်တွေနဲ့ ညီမလေးကိုလည်း ချစ်တယ်..။
ခခကိုတော့ အထူးပြောစရာမလိုအောင်..ချစ်တယ်..။
ကိုယ့်ကို ကူညီခဲ့သူတွေကို ချစ်တယ်..။
ကိုယ့်ကို ဖေးမခဲ့သူတွေကို ချစ်တယ်..။
မမကိုလဲ ချစ်ပါတယ်..။
မြိုးကိုလည်း ချစ်ပါတယ်..။
ချစ်ကာ ကိုလည်းချစ်လိုက်တာ..။
မသက်ဝေ...မသီတာ...မတန်ခူး..မနုစံ...တို့ကိုလည်း ချစ်ပါတယ်။
ဗစ်စတာ..ရီတာပါမကျန်ပေါ့..။
အမ်တူးဝိုင်ဆိုတာ ဘယ်သူလဲမသိသေးပေမဲ့ အလကားနေရင်း ကိုယ့်စိတ်ထဲရင်းနှီးနေတယ်။
(အခုထိ သူ့မေးလ်ရော..ဖဘပါ မသိသေးပဲ...)
မတော်လိုက်ရတဲ့ အမျိုး ..ပွင့်..ကိုလည်း ချစ်ပါတယ်။
အလကားနေရင်း မခင်မင်းဇော်နဲ့ မမေငြိမ်းကိုလည်းချစ်နေပြန်တယ်။ိ
(ငပိချက်မျက်နှာနဲ့ မဟုတ်တာသေချာပါတယ်..ဟီး)
ကေကေအမ်တို့...မယ်ဘတို့...ပလုံတို့...ကိုစတိဖ်တို့ အထူးပြောစရာမလိုတော့ဘူးထင်တယ်။
မြန်မာပြည်ကိုလည်း ချစ်ပါတယ်။ (တကယ်)


ကိုယ့်ကို အကောင်းမမြင်သူတွေကိုလည်း ချစ်ပါတယ်.။
(သူတို့ကြောင့် ကိုယ်ကောင်းအောင်နေဖြစ်အောင်ကြိုးစားနေမိလို့)
ကိုယ့်ကို ချောက်ချသူတွေကိုလည်း ချစ်ပါတယ်.။
(သူတို့ကြောင့် ကိုယ်ချောက်ထဲမကျအောင် သတိနဲ့ နေဖြစ်လို့..)
ကိုယ့်ကို အထင်သေးသူတွေကို ချစ်ပါတယ်..။
(သူတို့ကြောင့် နေ့သစ်တိုင်း ကိုယ်ကြိုးစားနေမိတယ်..)

ကဲ..
ကိုယ့်အချစ်ဆုံးတွေအကြောင်းပြောပြပါတော့မယ်..
ဒန်တန့်တန့်..
မလှထုံကိုလဲ ချစ်ပါတယ်။(ဘယ်လိုလဲ မလှထုံ အချစ်အကြောင်းလို့
တက်ဂ်လာတဲ့အခါ ရေးစရာမရှိဘူးမို့လား..
အင်းလေ..ဘယ်ရှိပါ့မလဲ....အချစ်မှမရှိပဲကိုး..ကြောင်တွေပဲရှိ)
အမြဲပုန်းနေတဲ့ အမ်အမ်ကိုလဲ ချစ်ပါတယ်..။
အလွမ်းများစွာနဲ့လင်းစ်ကိုလဲ ချစ်ပါတယ်။


နောက်တိုး..(နေတိုးမဟုတ်ဘူးနော်)
ခပ်ဝေးဝေးက အမီနာဘီဘီဘီ ရယ်....
ပဲများတဲ့ Hmရယ်....
ဝမ်းသာပျော်ရွှင်လွန်းအားကြီးပြီး စီဘောက်စ်ကိုမလာတော့တဲ့ အန်အေရယ်..
ညီမငယ်ရို့စ် တို့ကိုလဲ အားကြီးချစ်ပါတယ်..။
(အမ်အမ် နမိတ်ဖတ်သလိုပဲ..ပို့စ်အရှည်..လာပါစေ....ဟင်းဟင်း)


တကယ်တော့...ကျနော့်မှာ အချစ်တွေ ရှိပါတယ်။
မချစ်တတ်တာ တခုထဲပါ..။

16 comments:

  1. ပေါက်ကိုလည်း ချစ်ပါတယ် ( ယောကျာ်းချင်းနုနေလိုက်တာလို့  ဒေါ်ရီတာက လာပြောနေအုံးမယ် )

    ReplyDelete
  2. အချစ်ဆိုတာ ရှိရင် ချစ်မှ ပေါက်ရဲ့။ မဟုတ်ရင် ဖုန်းကိုင်ပြီး ပိတ်ထားသလို ဘာမှ အသုံးမဝင်ဘူး ဖြစ်တတ်သတဲ့။
    (ခရက်ဒစ် တူ >>> မင်းခိုက်စိုးစန်)

    ReplyDelete
  3. ချစ်တာကောင်းတာဘဲဟာနော်... ချစ်သာချစ်... connectionတွေမကောင်းလို့ သိပ်မရောက်ဖြစ်ဘူးပေါက်ရေ...

    ReplyDelete
  4. စာရင်းထဲမပါဘူးလို့ပြောရင် ဆင်ခြေတွေပေးဦးမှာပဲမဟုတ်လား....
    စိတ်လျှော့လိုက်တာပဲကောင်းပါတယ်လေ

    ခပ်ဝေးဝေးကတယောက်

    ReplyDelete
  5. မတော်လိုက်ရတာဘဲ ကောင်းပါတယ်
    ဟတ်

    ချစ်တဲ့
    ပွင့်

    ReplyDelete
  6. မပေါက်က ရို့စ်ကိုကျ မခြစ်ဘူးလားပာင် ခစ်ခစ်း) ဒီစာသားလေးတွေ သိပ်နှစ်သက်မိတယ်။

    "ကိုယ့်ကို အကောင်းမမြင်သူတွေကိုလည်း ချစ်ပါတယ်.။
    (သူတို့ကြောင့် ကိုယ်ကောင်းအောင် နေဖြစ်အောင် ကြိုးစားနေမိလို့)
    ကိုယ့်ကို ချောက်ချသူတွေကိုလည်း ချစ်ပါတယ်.။
    (သူတို့ကြောင့် ကိုယ် ချောက်ထဲ မကျအောင် သတိနဲ့ နေဖြစ်လို့..)
    ကိုယ့်ကို အထင်သေးသူတွေကို ချစ်ပါတယ်..။
    (သူတို့ကြောင့် နေ့သစ်တိုင်း ကိုယ်ကြိုးစားနေမိတယ်..)"

    ReplyDelete
  7. ညီလင်းသစ်March 23, 2011 at 8:44 PM

    ဒီမှာတော့ အချစ်တွေ အများကြီးပဲ...၊း)

    ReplyDelete
  8. မိုက်တယ်ကွာ...
    ပေါက်ရေးတဲ့ အချစ်အကြောင်းက တကယ့် မော်ဒန်ပဲ... ကြိုက်သွားပြီ...

    ကျေးဇူး ချစ်ပေါက်ရေ............း))

    ReplyDelete
  9. 23 Mar 11, 11:19 AM
    S-C: ဟာ! ပေါက် အမေ့နာမည်မှာလည်း မြ ပါတယ်။ မသီတာ့ အမေ့နာမည်မှာလည်း မြ ပါတယ်။ ဒါကြောင့် ပေါက်မြမြ နဲ့ တာမြမြ ချစ်ကြတာ ဖြစ်မယ်း)

    (CBox မှာရေးခဲ့တာ ကော်မန့်မှာ ပြန်လာ ကူးခဲ့တယ်)

    ReplyDelete
  10. kom: ငဒို့က ရှေ့ဆုံးက :mt:
    ချစ်ကာကျြတော့ချစ်လိုက်တာတဲ့ ဟင်း ဒို့ကိုတော့ ချစ်ပါတယ်တဲ့ ရပါဒယ် ရပါဒယ်။

    ReplyDelete
  11. mm: ဟယ်..ကျုပ်ကို မချစ်ဘူးနော်..ရဒယ် ရဒယ်

    HM: Pauk...I'll beat u...I don't see my name in your love story :)

    N/A: :ခံစား :

    ReplyDelete
  12. မနေ့ကလည်း လာတယ်။
    အရမ်းချစ်နေတာတွေ တွေ့လို့
    ရှက်ပြီးပြန်သွားမိတယ်။

    ReplyDelete
  13. ပေါက်အချစ်တွေထဲ မပါလို့ စိတ်မကောင်းလိုက်တာနော်
    ဒါပေမဲ့ အချစ်တွေနဲ့ ပျော်နေတဲ့ပေါက်အချစ်လေးဖတ်ရတော့ ပျော်ပါတယ်လေ
    ခခလေးကိုတော့ အထူးပြောစရာမလိုအောင်ချစ်တယ် တဲ့ :) ချစ်ဖို့ကောင်းတဲ့ ပေါက်

    ReplyDelete
  14. ပေါက်..အချစ်တွေများလှချည်လား!!!

    ReplyDelete
  15. ချစ်စရာညီမလေးရေးထားတဲ့ ရိုးသားလွန်းတဲ့အချစ်အကြောင်းလေး လာနားထောင်သွားတယ်... ချစ်တဲ့အထိအပါခံရလို့  ပီတိတွေနဲ့ ပေါ့...တို့ ကလဲ ညီမလေးပေါက်ကိုသိပ်ချစ်...

    ReplyDelete
  16. ပန်ဒိုရာMarch 27, 2011 at 10:23 AM

    ချစ်စရာတွေများပြားတဲ့ ဘ၀ဟာ ချစ်စရာပေါ့။ အေးအေးချမ်းချမ်း ချစ်ခင်နေရတဲ့စိတ်လောက် ပျော်ရွှင်စရာကောင်းတာ ရှိမယ်မထင်ဘူး။
    ချစ်သထက်ချစ်နိုင်ပါစေ ပေါက်...။ :)

    ReplyDelete