2/20/2011

ဟောဒီက ဟင်းရွက်စုံ


အရင်က သွားနေကျ မြို့လေးဆီရောက်ဖြစ်တယ်..။
ဟင်းရွက်တွေကတော့ တွေ့တဲ့အတိုင်းး..။
ဒီနေ့ အဲဒီဈေးရောက်သွားတာ နေ့လည်၁နာရီကျော်မှဆိုတော့ ဈေးဆိုင်သိမ်းကုန်ပြီ။
(မနက်ခင်းဈေးမို့..မနက်၈နာရီ ..၉နာရီလောက်ဆို စုံသေးတယ်ပြောတာပဲ)
ကျန်နေသေးတယ်..၂ဆိုင်ဆီကပဲ ဝယ်ဖြစ်တယ်..။

ပူစီနံ...ပန်းမုံလာ..ကြက်သွန်မြိတ် ..နံနံပင် ၂မျိုး အပေါ်အမွှေးဖွားဖွားနဲ့က ကျနော့တို့အိမ်အခေါ်
ရှမ်းနံနံ..ဘေးက အရွက်ဝိုင်းလေးက အများသိတဲ့ ရိုးရိုးနံနံ..။ သူ့ဘေးကတော့ တကယ့်ရှမ်းနံနံ
ဘေးက..အဝါရောင်က ရှောက်သီး ..။
ရှောက်သီးကို ဝယ်မလားလို့ ကိုင်ကြည့်သေးတယ်..။
မသုတ်တတ်တာနဲ့ ပြန်ချထားလိုက်တယ်..။

ဂျူးမြစ်တွေ့တော့ အမျိုးတွေ့သလို အော်ဟစ်နေတာပဲ..။
ဒီတအိတ်မဝယ်ပါဘူး..အိတ်တစ်ဝက်ဝယ်ခဲ့တယ်..။
ထမင်းဝါ လုပ်စားမလို့..။
(ထမင်းချဉ် မဟုတ်..။ ရှမ်းထမင်းချဉ်လဲ မဟုတ်..။ ငါးထမင်းနယ်လဲ မဟုတ်တဲ့ ထမင်းဝါ)
ပဲပုပ်မပါ..။


ဒီအဖွားဆိုင်က ဘယ်ဖက်ထောင့်မှာ ရှိနေတဲ့ ထမင်းဝါ ၃ဘူးလုံးဝယ်လိုက်တယ်..။
စားဖို့မဟုတ်..။ လက်ဆောင်ပေးစရာလို့ပါ..။






တိုဟူးခြောက်..။
အိမ်က အိမ်လုပ်တိုဟူးခြောက်ကို လွမ်းသွားတယ်..။
ပိုထူတယ်..။ ပိုအရသာရှိတယ်...။
မဝယ်ခဲ့ပါဘူး..။ အထုတ်ကြီးတော့ တခြားမြို့ သွားဦးမှာမို့ အလုပ်ရှုပ်မှာစိုးလို့..။

ခေါပုပ်တွေ့ခဲ့တယ်..။
စားချင်စိတ်မရှိတော့ မဝယ်ခဲ့ဘူး။
ဆူးပုပ်ချိန်မဟုတ်တော့ မတွေ့ဘူး..။

12 comments:

  1. ထမင်းဝါ စားချင်လိုက်တာ၊ ဂျူးမြစ်လေးနဲ့၊
    ရှောက်သီးကျတော့ မသုပ်တတ်ဘူးတဲ့၊
    ဟုတ်မှဟုတ်ရဲ့လားပဲ၊
    မပျောက်ကြောင်း လာပြတာ
    ဂွတ်နိုက်ပါရှင့်

    ReplyDelete
  2. ဟမ်...
    အဲဒီမှာ ခေါပုတ်ရှိတယ်..းဝ

    ReplyDelete
  3. ညီလင်းသစ်February 21, 2011 at 1:46 AM

    ထမင်းဝါ မစားဖူးဘူး၊ ဂျူးမြစ်တော့ ကြိုက်တယ်၊ ရှမ်းနံနံ နောက်ဖက်က ငရုတ်သီးစိမ်း အိတ်ကြီးထင်တယ်၊ အများကြီးပဲ...။

    ReplyDelete
  4. အဲလိုဟင်းခတ်ရွက်စုံရတာ သဘောကျတယ်။
    ထမင်းဝါ ခရမ်းချဉ်သီးချက်အနှစ်လေးဆမ်းပြီးတော့လား။

    ReplyDelete
  5. ပေါက်ရေ.. အကုန်လိုချင်တယ်.. အဲဒီလို ဟင်းရွက်စုံတွေ မြင်ရရင် အရမ်းပျော်တာပဲ.. မြင်သမျှတွေ့သမျှ ၀ယ်ပစ်လိုက်ချင်တယ်.. ပေါက်တို့ဆီမှာ အဲဒီလို အစုံဝယ်လို့ရတာ ကောင်းလိုက်တာ.. :)

    ReplyDelete
  6. ၁)ရှောက်သီး အသားမွှာ
    ၂)မျှင်ငပိ မီးဖုတ်
    ၃)ပုဇွန်လှော် ထောင်း
    ၄)ကြက်သွန်နီ ပါးပါးလှီး
    ၅)ငြုတ်သီးစိမ်း ပါးပါးလှီး

    ၁ ၂ ၃ ကို အယင် နယ်ပါ။ ပြီးမှ
    ၄ ၅ နှင့် နယ်ပါ။

    ReplyDelete
  7. ဂျူးမြစ်စားချင်တယ်

    ReplyDelete
  8. စိတ်ဝင်စားစရာကောင်းလိုက်တဲ့ မြို့ပဲ။
    ဂျူးမြစ်တွေတောင် ရတယ်နော်၊
    ကိုယ်ဆိုရင်လဲ အရမ်းပျော်မှာပဲ၊
    ခေါပုတ်တောင် ရှိတယ်၊ ရှမ်းပြည်နဲ့ နီးစပ်လိုက်တာ၊ ရှမ်းနံနံတောင် ရှိတယ်ပေါ့၊

    ထမင်းဝါတွေ စားလို့ကောင်းလား၊

    ပန်းမုံလာက စလုံးမှာ ဈေးကြီးလိုက်တာ၊ တခြားအရွက်တွေထက် ဈေးကြီးတယ်၊ နိုကိုလီပဲ စားဖြစ်တယ်၊ သူက ဈေးပေါတယ်၊

    ReplyDelete
  9. ကံကောင်းတာ မပေါက်ရာ....
    ဂျူးမြစ်ကို ဒီမှာ ရောက်ကတည်းက လိုက်ရှာတာ လုံးဝ(လုံးဝ) မတွေ့တာ.....
    သူများ...... အိတ်လိုက်ကြီး ရလိုက်တယ်... ဟေးးး ဟေးးးးးး
    အာတလွတ်ဥကော အဲဒီမှာ ရှိလားးးးး

    ReplyDelete
  10. အခုတလော ခေါပုတ်စားချင်တယ်လို့ အော်နေမိတာ...

    ReplyDelete
  11. ဟင်းရွက်စုံသည်လာပါအုံးဗျို့...စ်
    အကုန်စားချင်စရာ..

    ReplyDelete
  12. ဟင်းရွက်စုံရေ
    ဒီဘက်လည်း ၀င်ခဲ့ပါဦး
    ဈေးမသွားချင်တာရယ် ဂျူးမြစ်လေးပါလာတာသိလို့ ၀ယ်ချင်သွားပြီ။
    အားကျလိုက်တာ။ သားရည်ကျတာ ဟုတ်ဘူးနော်။း(

    ReplyDelete