ပဲပုပ်ချက်


ဒီနေ့ မိုးအေးတယ်...။
ဟော့ပေါ့စားသင့်တဲ့နေ့မျိုး..။
ဒါပေမယ့်...
အိမ်ကပို့လိုက်တဲ့ ရှမ်းပဲပုပ်ကင်ထောင်းပြီးသားတွေရှိနေတယ်.။
ခရမ်းချဉ်သီးရှိတယ်..။ပဲပုပ်ချက်စားရင်ကောင်းမယ် တွေးမိပြီး..
ချက်ဖြစ်ပါတယ်..။
အိုးချခါနီး နံနံပင်နဲ့ ငရုတ်သီးစိမ်းအုပ်လိုက်တယ်.။
တခန်းလုံး ကြိုင်လှိုင်နေတာပဲ..။



အတို့အဖြစ် ဒီအရွက်လေးကို တို့စားမိပါတယ်..။
ရှမ်းပြည်အမှတ်တရပေါ့..။(山筒蒿)
အမှန်က ဟော့ပေါ့လုပ်စားရင် ထည့်ချက်စားဖို့ရာ..။
ဟိုးး..ပန်းကန်က ဘဲသားကင်တဲ့..။(အသိတယောက်လာပေးထားတာ)
အကင်နဲ့မတူပဲ..ဘဲသားပေါင်းထားသလိုမျိုး..။



မိုးအေးတော့ ဟင်းရည်သောက်ချင်နေတယ်.။
အိမ်မှာ မုန်ညှင်းဖြူလေးတွေနဲ့ ဟော့ပေါ့မှာသုံးတဲ့ တိုဟူးဖြူခြောက်လေးတွေ
ရှိနေတော့..မုန်ညှင်းဖြူဟင်းရည် ချက်ဖြစ်တယ်..။
အိုးထဲ ကြက်သွန်ဖြူတဥဓါးနဲ့ရိုက်ပြီးပစ်ထည့်တယ်။
ရေထည့်တယ်....။ဆူတော့ မုန်ညှင်းဖြူထည့် တိုဟူးဖြူခြောက်
ထည့်..ဆားထည့်..။(ဟင်းချိုမှုန့်ကြိုက်သူ ထည့်ပါ။)
သုံးဆောင်နိုင်ပါပြီ ရှန်..။

ပဲပုပ်ကိုမီးကင်ပြီး အအေးခံပြီးထောင်းပြီးသားပါ.။
(ကျေးဇူးတင်ပါတယ် မွေးသမိခင်..)

ပဲပုပ်အချပ်လိုက်လေးတွေ မရှိလို့ ဒါကိုပဲ ရိုက်ပြလိုက်ပါတယ်။

အရင်လို အချိန်အားတွေ သိပ်မရှိတော့ ဟင်းချက်ပြီး သိပ်မတင်နိုင်တော့ဘူး။
ပျင်းနေတာလဲ ပါမယ်..။
သိပ်မချက်ချင်တာလဲ ဖြစ်မယ်..။
အို..နောက်ဆုံးတော့..
ငပျင်းတစ်ယောက် ဖြစ်နေပါတယ်..။




14 comments:

ပဲပုပ်ကိုအဲလိုချက်တာကို သူများချက်ကျွေးတာစားချင်ထှာ

ကိုယ့်ဖာကိုယ် ချက်ပေါ့..။အလွယ်လေးပဲဟာကို..။
ကြက်သွန်ဖြူ နီ ကြော်..။ ဆနွင်း..အရောင်တင်မှုန့်ထည့်.။ ပြီး ခရမ်းချဉ်သီးလှီး
ထားတာ ထည့်..။ ခရမ်းချဉ်ကြေလို့ အဆီပြန်လာရင်
ပဲပုပ်ထောင်းထည့်..။ ရေထည့်..ဆားထည့်..။
ရခါနီး..နံနံပင်နဲ့ ငရုတ်သီးစိမ်းအုပ်.။
ဟော..
မွှေးမွှေးလေး..ပဲပုပ်ချက် စားလို့ရပြီရော..။
ပဲပုပ်ထောင်းပြီးသားလိုချင်ရင်...
အမေ့ဆီ လှမ်းတောင်းလိုက်ပေါ့..။

ရှင်းပြနေတာကြာ ထှာ။ ချက် ကြွေလိုက်ပြီးရော...။


ချစ်မောင်

ချက်နည်းတူတယ်၊
ဟင်းရည်ရော၊
သိပ်ကြိုက်၊
ကိုယ်တို့လည်း ဟင်းချိုမူန့်မထည့်ဘူး၊
အသီးအရွက်ပြုတ်ရည်အတိုင်း အရသာကောင်းလို့၊

ညတရေးနိုးထရေးတာ။

တို့စရာက ဘာရွက်လို့ခေါ်သတုန်းး)
စားချင်တယ်.. ချက်ရင် မိုးမီးလောင်မှာ.. အဆောက်အဦတခုလုံးကလူတွေ အဘားအဘားနဲ့ အခန်းရှေ့အကုန်ရောက်လာမှာမြင်သေးရဲ့..
( ဒီဟင်းမျိုးက FAN မနိုင်ဘူး )

ဒီနေ့ ဟော့ပေါ့ ချက်မှာ... မန်းလေးက ဧည့်သည်လာမှာမို့...
မှတ်ချက်
ပို့စ် အသွားအလာ အရေးအသားက (ဒီကိုမလာချင်၍)ဟိုကိုသွား နေသလိုလို

ပဲပုပ်ချက်ထားတာ စားချင်စရာပေါက်.. အဲဒီအရွက် ဒီမှာလည်း တွေ့တယ်..ဒီအတိုင်းဆို အနံ့က စိမ်းရွှေရွှေနဲ့ ဟော့ပေါ့ထဲထည့်ရင်တော့ အရမ်းစားကောင်းတယ်နော်.. ပေါက်က ဒီအတိုင်းတို့စားတာလား.. စားကြည့်ဦးမယ်.... :D

ပြန်လင့်ခ်ထားတယ် ပေါက်

ပဲပုပ်ချက် ... ချက်မစားတာကြာပြီ ပေါက်။ ပဲငပိအစိုကို ချက်ရတာ ပိုကြိုက်တယ်။ စလုံးက ပဲငပိတွေက အသေငံတယ် ။ သူက ချက်ပြီး နံနံပင်လေး များများအုပ်မှ ပြည့်စုံတာနော်။ ပုံကြည့်ပြီး သွားရေကျသွားတယ်။

အချိုမှုန့် မထည့်ချင်ပါဘူး.
ဟင်းချိုဆို ပူရင်ချိုတာပဲဟာ :P
မုန်ညင်းဖြူဟင်းရည်ချက်နည်း သဘောကျသွားပြီ..

ပဲပုပ်စားချင်တယ်
အဲဒါ တောင်အော်ရွက်လား ဆူးပန်းရွက်လား
ဆူးပန်းရွက်ကို ချဉ်ရည်ချက်သောက်ချင်တယ်

စူးနွယ်လေး

အထက်က ကွန်မန့်လာရေးစဉ်က S-C မှာ မဲဝဲနဲ့ရယ်...
အခု သန့်ရှင်းတောက်ပြောင်သွားမှ တောင်းပန်ရင်း တခေါက်ထပ်လာတာပါ

ကျေပါနော် မအေးစိန်..အဲ...ပေါက်

ရောက်လာတာနောက်ကျလိုက်တာ၊ပဲပုတ်ချက်နဲ့တို့စရာစားချင်တယ်။ပေါက်ချက်ထားတာရှယ်ပဲ။

ပေါက်ချက်ထားတာရှယ်ပဲ။