ဖက်ထုပ်ပွဲ

ဖက်ထုပ်လုပ်စားဖြစ်တယ်.။
နှစ်သစ်ကူးအတွက် ...
ဖက်ထုပ်ထဲမှာ အကြွေ၁ကျပ်စေ့လေးထည့်ပြီးထုပ်ပါတယ်..။
ဖက်ထုပ် ပေါင်း၂၇၀ကျော်မှာ ၈ခုပဲပါပါတယ်..။
၁ကျပ်စေ့ပါတဲ့ ဖက်ထုပ်ကိုစားမိသူဟာ ကံကောင်းသူလို့ ယူဆပီး
ဟုန်ပေါင်း(紅包)တစ်ထုပ်ရပါတယ်..။(တစ်ထုပ်မှာ ၁၀၀ပဲ ထည့်ထားပေးပါတယ်)
ဒီဓလေ့ထုံးစံက ကျနော်တို့ပြည်နယ်ဖက်ကမဟုတ်ပါဘူး..။
အရှေ့ပိုင်းတရုတ်တွေရဲ့ ထုံးစံပါ..။အရှေ့ပိုင်းသားတွေရဲ့ ထုံးစံအရဆိုရင် နှစ်ဆန်း
တစ်ရက်နေ့ စားရပါတယ်..။ အကြွေစေ့မထည့်လိုရင် မြေပဲဆံ(သို့) ဇီးသီးခြောက်
သေးသေးလှီးပြီး ထည့်ကြပါတယ်..။ ကျနော်ကတော့ အကြွေစေ့ကို ရေနွေးနဲ့ပြုပ်ပြီး
ထည့်ပါတယ်..။
အမှန်က နှစ်ဆန်းတရက်နေ့စားဖို့ရာ လို့ပါ..။
တကယ်တော့ နှစ်ဆန်းတရက်နေ့ မစားဖြစ်ပါဘူး.။
အမျိုးတွေအိမ်တွေ လည်စားနေရတာနဲ့တင် စားဖို့ရာ အချိန်မရဘူးဖြစ်သွားတယ်..။

အမဲသားကြိတ်သားကို ရေနဲ့သာသာလေးဆေးပြီးရေနဲ့သွေးတွေကို ညှစ်ထားတာပါ..။

ကြက်သွန်မြိတ်ရေဆေးပြီး ရိတ်ရိတ်လှီးထားပါ..။

韭菜ကိုရေစင်အောင်ဆေးပြီး ရိတ်ရိတ်လှီးထားပေးပါ..။

ကြာညို့အငန် ..
ဆီ...
နှမ်းဆီမွှေးတို့ကို အသင့်ပြင်ထားပါ..။

စစချင်း အသားထဲကို ဆီထည့်မွှေပေးပါ..။
ပြီးရင် ကြာညို့အငန် ထည့်မွှေပါ..။
နောက် နှမ်းဆီမွှေးထည့်မွှေပါ..။


နောက်မှ ကြက်သွန်မြိတ်နဲ့ 韭菜ထည့်မွှေပါ..။

နောက်ဆုံးမှ ပုဇွန်ခပ်ကြမ်းကြမ်းစိပ်ထားတာကို သာသာလေးမွှေပေးရပါမယ်..။

ထုပ်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံဖို့ ပြင်ဆင်ထားပါ..။(ရေခဲအောင်)


သခွားသီးကို ဓါးပြားနဲ့ နာနာရိုက်ပြီး ဆား..ကြာညို့အငန်..ငရုတ်သီးစိမ်း..
နံနံပင်...သံပုရာသီး..ရှာလကာရည်တို့နဲ့ သုတ်ထားပါတယ်..။
ခရမ်းချဉ်သီးတစ်လုံးတွေ့လို့ နုတ်အောင်စင်းပြီးထည့်သုတ်ထားပါတယ်..။

ဒီနေ့စားဖြစ်တယ်..။


ကြာညို့အငန်..ရှာလကာရည်..ငရုတ်သီးစိမ်း..နှမ်းထောင်းဆီ နံနံပင်..သကြားအနည်းငယ်
တို့နဲ့ အချဉ်ရည်လုပ်ထားပါတယ်..။

ဒီနေ့ ခခ သူငယ်ချင်းတယောက် လာလည်ပါတယ်..။
အိမ်နီးချင်းသူငယ်ချင်းတယောက်လဲ လာပါတယ်..။ဆိုတော့ ကလေး၃ယောက် ဖြစ်သွားတယ်။
ပိုစည်ကားသွားတယ်..။
ပထမဆုံး ခခသူငယ်ချင်းတယောက် အကြွေစေ့ပါတဲ့ ဖက်ထုပ်စားမိတယ်..။
ဟေးးကနဲ့ အော်ပြီး ထခုန်တယ်..။(သူတို့အိမ်ကလဲ အရှေ့ပိုင်းသား山東)
ဟုန်ပေါင်းတစ်ထုပ်ရလိုက်တယ်.။
နောက်..ကျနော်စားမိတယ်...ဝေးကနဲ့ အော်ပြန်ရော..။
ခက်တာက ကိုယ့်ကို ပေးမဲ့သူမရှိဘူး..။ ဒါပေမယ့် ပျော်တယ်.။
နောက်တထုပ်...
ကျနော်ပဲ စားမိတယ်...။ (ပြုံးနေတာပဲ..လာဘ်ကောင်းတယ်ဆိုတွေးပြီးး)
ခခ သည်းကြီးမဲကြီး ဖက်ထုပ်တွေရွေးစားနေတယ်..။
သူ မစားမိပါဘူး..။
ဟော..နောက်ဆုံး....
နောက်တစ်ယောက် စားမိပြန်တယ်..
ခခ မဟုတ်ဘူး....။
သူ့သူငယ်ချင်းနောက်တစ်ယောက်..။(ရသွားပြန်တယ် ဟုန်ပေါင်းတစ်ထုပ်)
ခခမျက်နှာ ညိုပြီးကျန်ခဲ့တယ်..။
ဟားဟားး...
(အိမ်မှာမစားရသေးတဲ့ အထုပ် ၄ထုပ်ကျန်သေးတာပဲ..မပူပါနဲ့လို့ နှစ်သိမ့်ထားတယ်)


7 comments:

ပျော်စရာကြီး။

သခွါးသီသုပ်နည်း ပညာယူသွားပါတယ်။
ကျေးဇူးနော်။

ခခ ဖြည်းဖြည်းစားပါ.. မလောပါနဲ့.. အကြွေစေ့နင်မယ် :P

ဖက်ထုပ်လုပ်နည်းမှတ်သွားပါတယ်.. အမဲမစားတော့ veggie ဖက်ထုပ် လုပ်မိလိမ့်မယ်ထင်ပါတယ်။
ကျေးဇူး မပေါက်

စားချင်စရာလေး..
တစ်သက်မှာတစ်ခါမှမစားဖူးတာ ဖက်ထုပ်ဘဲ..
အပေါ်ယံအခွံဘယ်လိုလုပ်ရလဲ ပေါက်စ်

100 က ဘယ်နှဒေါ်လာရှိလဲပေါက်။

ပေါက်တင်ထားတဲ့ စားစရာ ပုံတွေတွေ့ရင် အနံ့တောင်မွှေးတယ်
ပုဂ္ဂိုလ်ခင်လို့ တရားမင်လိုက်ပုံများ ပြောပါတယ်း)

စားချင်လိုက်တာ လုပ်မစားတတ်တော့ ဝယ်စားမှာပေါ့